Sunday, November 29, 2009
၁၅၀၀=၅၂၈
ဟောဒီကောင်းကင်ရဲ့
တိမ်တိုက်တွေကရွေ့လျားရင်
ကွယ်ပျောက်နေသလိုမျိုး
လွင့်မျောနေတဲ့ငါ့စိတ်ကူး
အပိုင်းအစလေးတွေက
ဦးတည်ရာမရှိတောင်စဉ်
ရေမျိုးတစ်ရှိန်ထိုးပေါ့
တကယ်တော့ ဘ၀တွေဟာ
ကောင်းကင်ရဲ့တစ်နေရာ
တိမ်တိုက်တွေလိုပါပဲလား
ရွေ့လျှားရင်းနဲ့ပဲကွယ်ပျေက်
ရပြန်တယ်....
ဘ၀တစ်ခုကိုပိုင်ဆိုင်ရတာနဲ့အမျှ
အချစ်တစ်ခုတော့မလွဲဧကန်
ကြုံရပြန်တယ်.....
နောက်ဆုံးတော့လွင့်ပျယ်ရပြန်
တယ်....ချစ်လျှက်နဲ့ ရှင်ခွဲရယ်
ချစ်လျှက် သေခွဲရယ်ပေါ့....
အချစ်ရဲ့သဘောသဘာဝ
ချစ်ချိန်ခဏပျော်ခဲ့ရ....ခွဲချိန်
တန်တော့ပူဆွေးရ၏......
ဒါကြောင့်မို့.. (ချစ်) ...
......၁၅၀၀=၅၂၈.....
အချိုးကျပါတယ်.....
စိတ်ကူးထဲရှိတာလေးကိုရေးမီရေးတာမို့လူတိုင်းအတွက်အကျိုး မရှိနိုင်ပါ.....အကယ်၍ဖတ်မကောင်းက
သည်းခံပြီး ပြုံးသွားကြပါ.....ဖတ်သူအတွက်ပြုံးသွားတယ်ဆိုရင်ပဲရေးသူကျေနပ်မီပါတယ်...
ကျေးဇူးတင်လျှက်
ဆောင်းနှင်း.....
Friday, November 20, 2009
အတွေးစ
မင်းနဲ့ငါ့ကြား
ဂုဏ်ဒြပ်တွေက
ခြားထားလေတော့
နေ့တစ်နေ့ရဲ့
အဆုံးသတ်ကို
ကြိုသိနေတဲ့
ငါ့.......လေ...
ရူးမိုက်စွာနဲ့ပဲ
အချစ်တွေပေးအပ်
မျက်စီအစုံမှိတ်
စိတ်ရဲ့ဆန္ဒတစ်စုံကို
အလိုလိုက်အကြိုက်ဆောင်
ခဲ့တယ်..... တွယ်ရာမဲ့
နှလုံးသားတစ်စုံက
မင်းဆီမှာမရရှိ
မှန်းသိလျှက်နဲ့
ယနေ့ထက်ထိ
ရစ်ဝဲကာဆက်လက်
ရှင်သန်နေလေသေး
တော့.....ငါ့အနာဂတ်
ခရီးဘယ်လို့များရှေ့
ဆက်ပါ့မယ်ချစ်သူရယ်.......
ဆောင်းနှင်း
Thursday, November 19, 2009
အစိမ်းရောင်ရူးသွပ်မူ
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ......
ဆောင်းနှင်း
Wednesday, November 11, 2009
ကံစေရာ....ဇာတ်ကောင်လေးရဲ့
ခွဲရမယ် အတူတူတော့ အစကတည်းက
မဆုံတွေ့ဖြစ်ခဲ့ရင်.....ပိုကောင်းမှာပဲနော်
ဒါပေမဲ့လေ တို့သတ္တ၀ါအားလူံးဟာ
ကံဇာတ်ဆရာ ညွန်ကြားတဲ့အတိုင်း
ကပြသရုပ်ဆောင်ကြရတဲ့ သံသရာ
ဇာတ်စင်ပေါ်ကစင်တင် ဇာတ်လိုက်တွေ
မဟုတ်ပါလား........
ကံကဆုံတွေခိုင်းတော့လည်း တို့ဆုံတွေ့
ကျရတာပေါ့....ကံကလမ်းခွဲခိုင်းတော့လည်း
လမ်းခွဲကျတာပေါ့......ဒါပေမဲ့ချစ်သူရယ်
ဆုံတွေ့ချိန်အခိုက်တန့်လေးမှာ ပုံပြီးမမေ့လိုက်ပါနဲ့ကွယ်.....
ဆောင်းနှင်း
Tuesday, November 10, 2009
အနက်ပေါ်ကအစိမ်း
ငါ့ဘလော့မှာ.......အစိမ်းရောင်
စာသားတွေစိချမရေးချင်ခဲ့ပါဘူး
အနက်ရောင်ရဲ့သဘော.......နက်
ရှိုင်းခြင်းကိုယူ.....အစိမ်းရောင်စာသား
တွေက....မင်းကငါ့ရင်ခွင်နန်းတော်ကြီး
ကိုချယ်သလိုက်ခြင်းက
ဟောဒီအစိမ်းရောင်....တွေရယ်ပါ...
ဆောင်းနှင်း
Monday, November 9, 2009
အပျိုကြီးမမ
မာန်ကြီးကာဟန်ဝံ့
အချိန်လွန်ကာ
ဇရာထောင်းပေါ့
အိုဟောင်းကာပြစ်ပယ်
အချစ်ကြွယ်သူဖို့
သူချောင်းတော့ခပ်ငယ်ငယ်
ဘယ်အရွယ်အိုမသိ
ရင်မချီ့အောင်အချစ်ကြွမ်း
မဟန်တာက....နုပ်အစုံ
လုပ်ပုံကကြည့်
စကပ်ကတိုတို
အင်္ကျီရင်လယ်ဟိုက်နဲ့
မလွယ်လိုက်တဲ့
ဒေါက်ချွန်ချွန်
ပုသမျှထောက်ချလို့
လှမ်းတော့ဘဲကား......
ဆောင်းနှင်း
PS:ဘယ်သူမှမရည်ရွယ်ပါ....ချစ်လှစွာသောကျနော်အမအားနောက်ပြောင်ထားသောကဗျာလေးပါ။
ရေးစရာမရှိလို့.....ဒါလေးရေးတင်လိုက်ခြင်းပါ........
Saturday, November 7, 2009
တေ
..............မာယာလက်နက်.......
..............ဒီဟန်ချက်တွေနဲ့.......
..............ချွဲ့နွဲ့ပလီ၊................
..............ရုပ်အတည်နဲ့...........
..............လည့်စားရက်ဆက်...
..............စုပ်ဖြတ်ကြေမွ့.........
..............နေမရအောင်..........
..............လုပ်ရက်လေတယ်........
...............ချစ်သက်လျှာရယ်..........
ဆောင်းနှင်း
Tuesday, November 3, 2009
တစ်ပြီးရင်Tag
ကဲမမချစ်ရရေ မမကျေနပ်ဖို့အရေးမျှော်တွေးလို့ရေးလိုက်ပါပြီ။မကောင်းရင်တော့ အပြစ်မဆို၊အချစ်ကြို၍၊
ခွင့်လွတ်သည်းခံလော့၊ပထမဆုံးမို့၊ရင်အခုန်ဆုံးပါ။
ကဲရွာသားရေစမယ်....ရွှေမန်းဖင်ပြောင်....ဟုတ်ပါဘူးရွှေမန်းတင်မောင်လေသံလေးနဲ့စလိုက်မယ်ကွယ့်....
အရင်ဦးဆုံးအကြိုက်ဆုံးမြန်မာသီချင်းခေါင်းစဉ်လေးတွေရွတ်ပြမယ်နော်
၁။အမေရဲ့ဒုက္ခအိုးလေး
၂။ဟန်နီ၊လေညင်းလေးချစ်သ၊ူဂန္ထ၀င်ဆည်းဆာ(Rဇာနည်)
၃။လမ်းဆုံ(ဇော်ပိုင်)
၎။အရင်ကဇတ်လမ်းလေး(ကိုအောင်)
၅။အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့ရင်(မျီုးကြီး)
၆။၊ဝေကချစ်(လေဖြူ)
၇။သူလေး(ရိန်မိုး)
အမေရဲ့ဒုက္ခအိုးလေးကတောထူးအိမ်သင်းဆိုထားတာလေးပါ။ကျန်ာအဖြစ်အပျက်လေးတွေနဲ့တိုက်ဆိုင်နေတာ
ရယ်အဝေးမှာနေတာကြာပြီးဆိုတော့အမေ့အေးရိပ်လေးကိုတမ်းတမီတာသဘာဝပဲလေ။အဲဒီအခါကျရင်ဒီသီချင်း
လေးကိုနားထောင်အလွမ်းဖြေလိုက်တယ်လေ။အဖြစ်အပျက်လေးတွေတိုက်ဆိုင်တာကတော့ အိမ်မှာအငယ်ဆုံး
ဆိုတော့အဆိုးဆုံးလို့သတ်မှတ်ထားသလိုတကယ်လည်းမကောင်းခဲ့ပါဘူး။ဟီးဟီး...ကိုယ်ပေါင်ကိုလှမ်ထောင်းဆိုတဲ့စကားပုံလေးလိုများကျနေမလားမသိ။မကောင်းတာတွေဆက်ပြောရင်မကောင်းတာတွေကြီးဖြစ်နေမှာမို့လို
ဒီမှာတင်ရပ်နားဆက်မပွါးတော့ဘူးနော်။
ဟန်နေနေတိုင်တွေချင်တာ မင်းရဲ့မျက်နှာလေး နေတိုင်ကြားချင်တာမင်းရဲ့အသံလေး Rဇာနည်ဆိုထားတာလေး
ပါ။အဲဒီလိုပါပဲ ကျနော်ရင်ထဲကဆန္ဒတစ်စုံကထပ်တူညီလေနေတော့ဒီသီချင်းလေးကိုကြိုက်သွားပြန်ရော။
လေညင်းလေး ရင်မှာအေးမြတယ် အဖြူေ၇ာင်လေညင်းလေး သင်ဖနဆင်း ကျနော်အတွက်အချစ်ကလေညင်း
လေးလို့အေးမြမူပေနေလေတော့ လောကကြီးကပေတဲ့ ဆုလဘ်ပဲထင်မှတ်နေလေးတော့ ဒီသီချင်းကအကြိုက်
ထဲပါသွားပြန်ရော။
မိန်မတို့ရဲဖုံး ဆံထိုးတဲ့လေ မိန်းကလေးဆိုရင် ဆံပင်ရှည်တာလေးမကြိုက်တတ်တဲ့ကျနော် ဒီသချင်းလေးကိုဖွင့်
ပြီးနာထောင်မီတိုင်း မျက်စီထဲမြင်ယောင်ကြည့် မီတာကချစ်သူပုံရိပ်လေးပါ။ဒါပေမဲ့သူကဆံပင်အရှည်ထားတာ
မကြိုက်တော့ နဲနဲတောခက်သား.....:P
လမ်းဆုံမှာ ရပ်နေတဲ့လူနှစ်ယောက်တော့ ဆွေးနေတယ် ဘယ်သူလဲကွယ် ငိုချင်သောမျက်လုံးလေးတွေ ဟန်
ဆောင်ကာပြုံးကာ နင်သိတယ် ငါလည်းသိတယ် သွားမယ်ဆိုသွားပါကွယ် ဒီလိုတစ်နေတော့ဖြစ်လာမယ် ကြိုသိတယ် မင်းရယ်တိုရယ် ပြီးခဲ့တဲ့မေလက အပြန်လမ်းခရီးလေးကို သတိရတိုင်နာထောင်ဖြစ်တဲ့သီချင်းလေး
ပါ အရမ်းကြိုက်သလို နားထောင်ကောင်းတဲ့သီချင်းလေးမို့ လမ်းကြုံရင် လမ်းဆုံလေးကိုနားထောင်စေလိုပါတယ်။
အရင်ကဇတ်လမ်း
အဲဒါလေးကျတော့လည်းတချိန်ကသူ့ဘလော့လေးမှာတင်ထားတဲ့သီချင်းလေးပါ။အေးအေးလေးနဲ့ရင်ထဲရောက်စေတဲ့
သီချင်းလေးပါ။ရင်ထဲရောက်တာမှဘာပြောကောင်းမလဲ လိုက်ဆိုရင်းနဲ့လျှာခုလုပ်တိုက်မီလို့လျှာကိုက်မီလိုက်တာ....အားပါးပါး
နောက်အဲဒီသချင်းမဆိုရဲလောက်ကိုပဲနော်။ဟီး....ဟီး
အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့ရင် အဆိုတော်မျိုးကြီးဆိုထာတာလေးပါ။အဆိုတော်တွေထဲမှာအကြိုက်ဆုံးလည်းဖြစ်သလို့
အဲဒီသီချင်းလေးကျတော့လည်တိုက်ဆိုင်လွန်တဲ့ကျနော်အဖြစ်ကြောင်ပိုကြိုက်သွားပြန်ရော....မကြာခဏဆိုသလို့ စိတ်ကောက်
အနိုင်ယူလို့တဲ့ ကျနော်ချစ်တဲ့ချစ်သူနဲ့အဆင်မပြေတဲ့အခါကျရင် မချောတတ်တဲ့ကျနော် ဒီသီချင်းလေးနဲ့နှစ်သိပ်ပေးချင်ပါတယ်။
ဒါပေမဲ......ဒါပေမဲပေါ့နော်.....ကျနော်ချစ်တဲ့ချစ်သူနော်....သူကတော့ချစ်မချစ်မသိပါ.....သီချင်းလေးနားထောင်ကြည်နော်....
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲရင်....ဝေးပြီ..ဝေးပြီး..တဲ့လေ.....
အဝေးကချစ်သူ လေးဖြူဆိုထားတာလေးပါ...အဝေးရောက်နေတဲ့ကျနော်က အဝေးကချစ်သူကို လွမ်းဆွတ်တမ်းတမှီတာတော့
သဘာဝကျလောက်ပါတယ်....ခံစားချက်ပြင်းထန်လွန်းတဲ့ ကျနော်ရင်တဲက ခံစားချက်တွေကိုဒီသီချင်းလေးနဲ့အမြဲလိုလို ဖေါက်ထုတ်ပြစ်တပ်ပါတယ်။
သူလေး။။။။။။။ နားထောင်ကြည့်ပေါ့နော်.....ကောင်းတာတော့မညွန်းတော့ပါဘူး။။။။။။။။တကယ်တော့တိုက်ဆိုင်မူတွေရှိတဲ့အခါ
မှာ အကြိုက်လေးတွေ တွေ့ရှိသွားတာပါပဲ။။။။။။။
အင်္ဂလိပ်သီချင်းတွေလည်းရှိပါသေးတယ် စိတ်ဖိစီမူများတဲ့အခါကျရင်တော့ခပ်ကြမ်းကြမ်းသီချင်းတွေနဲ့ ဟစ်လိုက်မြူးလိုက်ပါတယ်
အခြားအခြားသောသီချင်းတွေလည်းရှိပါသေတယ်။စာဖတ်သူပျင်းမှာရယ်ရေးသူလက်ညောင်းတာရယ်ကြောင့်ဒီလောက်နဲ့ကျေးနပ်ပါ
တော့နော် မမချစ်ရရေ။။။။။။။။။။။။။။။။
Monday, November 2, 2009
ရှူံးလျှက်သာ
မဆုံနိုင်အောင် ခွဲရက်ကြတယ်…
မလွန်ဆန်နိုင်တဲ့ ကံတရား….
ရစ်နှောင်ထားတဲ့ သံယောဇဉ်….
ဖြေကာကျောခိုင်း….တမ်းတမှုတွေနဲ့ အလွမ်း
ဝမ်နည်းခြင်းဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ထွေးပိုက်…
အိပ်မရတဲ့ ညပေါင်းများစွာကိုရင်ဆိုင်
တစ်ယောက်တည်းတွေးရင်း တွေးရင်း
တကယ့်ကို ဝေးကွာရတော့မဲ့ အချစ်အိမ်မက်လေး
အချစ်တံတိုင်ခြား အလွမ်းတွေနဲ့ ပိတ်ဖိနေပါလား………
ငါ ခံစားနေရတာ နင့်ရော သိရဲ့ လား…..
အရာအားလုံးကို မေ့ပစ်ဖို့  ကြိုးစားရင်း……
ငါ့နှလုံးသား ရင်ဘတ်ထဲမှာ အလွမ်းတွေနဲ့ 
ပူဆွေးလောင်ကျွမ်းခဲ့ရပြီးပေါ့…
ပျော်ရွှင်မှုတွေ အောင်မြင်မှုဆိုတာတွေ ….
ဒုက္ခ သုခတွေနဲ့ အတူ နစ်မြုပ်ကုန်ဆုံးလား…
ရှုံးလျက်သာ…....…. ။
Tuesday, October 27, 2009
အိမ်မက်
ဟိုအဝေးကို
ပြေးကာထွက်သွား
ငါ့အနားက
ဝေးစွာနေရာ
နှင်လေပါလည်း
အမှန်စင်စစ်
စိတ်တွင်းဖြစ်က
ရက်ဆက်ညစဉ်
မက်မိချင်သည်
မက်မိတည
ထိုခဏ၀ယ်
ချစ်စိတ်ကြည်နူး
ထိုစိတ်ကူးဖြင့်
ရူးဖန်များပြီ
အိပ်မက်လေးရယ်ပြန်မက်ချင် …
........ဆောင်းနှင်း..........
Friday, October 23, 2009
နောက်ဆုံးတော့
နှောင်ကြိုးတွေရယ်
အရာရာဟာမှားယွင်းသွား
တစ်ယောက်ထဲသာ
ပုံအပ်တဲ့အထိ
ယုံစားပြီချစ်ခဲ့မီ
မင်းရဲ့ချစ်ခြင်းတွေ
ကိုစောင့်မျှော်သူ
ငါ့..မှာတော့ရူး......
ဆောင်းနှင်း
Wednesday, October 21, 2009
ငါ့ရဲ့ချစ်ခြင်း
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........
ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ.....
ဆောင်းနှင်း
Sunday, October 18, 2009
ငါ့ချစ်စိတ်
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ......
........ဆောင်းနှင်း.........
Friday, October 16, 2009
ကြွေလွင့်ခြင်းရဲ့နောက်ဆုံးအချစ်
ပြန်လည်စုစည်း ... အချစ်ပင်လယ်
ဝဲဂယက်ထဲမှာ... စုန်ဆန်မျောနေတဲ့...ငါ
အချစ်ကလမ်းခွဲ ... အမုန်းစကားတွေဆို
ကြို့လင့်နေလေတော့ ... အညိုးစိတ်မထား
အမုန်းမပွါးပါ .... ရင်မှာစွဲလမ်း
တမ်းတခြင်းကို ဖယ်ထုတ်၊ဒဏ်ရာ
ဆူးချက်ထိုးနှက် မိုးစက်တွေလို
ကျတဲ့မျက်ရည် မစဲပဲသည်းနှင်းပါစေ
ပင်သက်ရူရှိုက် အမိုက်မယူတော့ဘူး
ချစ်သူ.......
မင်းသွားလိုရာသွား....နားလိုရာနာမို့
မတားတော့ပါ.....တနေ့နားခိုရာမဲ့
ငါ့အချစ်ကိုလှည့်ကြည့်....တွေးမြင်ခဲ့ရင်
ငါ၏ရင်ခွင်.....ခိုဝင်မှေးစက်
အပြေးတက်ခဲ့ရင်လည်း.....ခရီးဦးကြိုဆို
နှုပ်ချိုချိုဖြင့်.....လာပါသွားပါ
မင်းလှမ်းခဲ့ပါ....ချစ်သူ....
ငါ့အချစ်တစ်ခု...နောင်အခါဝယ်
သစ္စာတိုင်တည်....ကတိဆိုမယ်
နောင်ဖွဲ့ခြင်းမဲ့....ဟောင်းခြင်းမဖြစ်
အချစ်သဒ္ဒါဖြိုးလို့....တိုးလို့ပိုချစ်
သွားမှာပါ....ချစ်သူ......
............ဆောင်းနှင်း........
Thursday, October 15, 2009
ချစ်ဒုက္ခ
Wednesday, October 14, 2009
အချစ်ဆိုတာဘာလဲ
မခံစားဘူးတဲ့သူမရှိကြပါဘူး။ဒါေ
အဓိပ္ပါယ်တွေဖွင့်ပြီးပျော်ရွှင်ြ
ဘူးလား။တစ်ချို့က ပြောကြပါသေးတယ်။ချစ်လွန်းလို့ အမုန်းအားကြီး သွားရတာပါတဲ့၊ချစ်လွန်းလို့ နာကြည်းမှုတွေ များရတာပါတဲ့၊ အဲဒါကော အချစ်ဟုတ်ရဲ့လား၊ ငါ့ကိုလုပ်ရက်လေခြင်း၊ငါ့ကိုလိမ်ရက်ေ
ဒီအချစ်ဟာ `ငါ´ ဆိုတဲ့ အတ္တကို ပျော်ရွှင်ကြည်နူးအောင် လုပ်မပေး နိုင်တဲ့ အခါ အမုန်းတရားတွေ၊နာကြည်းမှုတွေ၊ ကလဲ့ စားချေမှုတွေ ဖြစ်လာတာကော မဟုတ်ဘူးလား။
ဒါပေမယ့် အချစ်မှာ တကယ်တန်ခိုးကြီးတဲ့ စွမ်းအင်တစ်မျိုးတော့ ရှိပါသေးတယ်။စွန့်လွှတ်အနစ်နာခံ လုပ်ပေးရလုပ်ပေးရ၊နောက်ဆုံးအသက်
သူ့ကို တကယ်ချစ်တယ်ဆိုရင် …….
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ် ။
အချစ်လေးမျိုးအကြောင်း
1. ego love
2. one sided love
3. blind love
4. true love
Ego love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေး
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိ
အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေ
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးေ
One sided love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်ေ
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာေ
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှ
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..
မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
Blind love
ဒီလိုအချစ်အမျိုးအစားကို...စိတ်
အချစ်မှာမျက်စိမရှိဘူးလို့ပြောေ
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေ
ဒါဆိုရင် blind loveဖြစ်နေပါပြီ...
ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်
ဒါပေမယ့် ဒီလိုအချစ်မျိုးကကြာကြာမခံပါဘူး
အချစ်တွေပျောက်သွားတဲ့အချိန်မှ.
ကိုယ်လုပ်မိတာတွေအတွက်..နောင်
True love
နောက်ဆုံးအမျိုးအစားပါ....မေတ္တာ
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွ
ဒီလိုအချစ်မျိုးကတော့....အင်
လူတစ်ယောက်ကို....တစ်ခြားဘာကို
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူ
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ..
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့လဲမှားတတ်ကြပါတယ်...ဆင်တာကို
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး.
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်သံ
အမလင်းလက်အေးရဲ့FWD MAILလေးပါကြိုက်နှစ်သက်လိုကူယူဖော်ပြပေးလိုက်ပ
Tuesday, October 13, 2009
ချစ်နေမယ့်
အပြုံးမဆောင်
အမုန်းရောင်နဲ့
ငါကိုပြစ်ခွါ
ခဲ့ပြီဆိုတာလည်း
သိရပါပြီး.....
မင်းရဲ့ရင်ခွင်
တံခါးပိတ်လို့ထား
မလာပါနဲ့လို့
တာနေတာလည်း
ငါသိရပါပြီး.....
တိတ်တဆိတ်နဲ့
နုပ်စိပ်ထွက်ခွါ
ငါနဲ့ဝေးရာကို
မင်းပြေးနှင်နေ
တာကိုလည်း
င့ါသိခဲ့ရပါပြီး....
ဒါပေမဲ့ချစ်သူ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
မင်းရဲ့အချစ်တစ်ခု
အဖေါ်ပြုလို့
တွယ်နေတဲ့
ငါ့အချစ်၊ငါ့သံယောဇဉ်
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ချစ်နေမည်......နော်.....
ဆောင်းနှင်း
Monday, October 12, 2009
ကျန်ရစ်ခဲ့သူ
ချစ်တယ်လို့ မင်းပြောခဲ့တဲ့အချိန်
ငါ့ရင်ထဲ ခံစားချက်မဲ့
ငါတကယ်ချစ်တတ်လာတော့
မင်းက ငါကိုထားရစ်ခဲ့
ကံကိုအပြစ်မတင်ချင်
ကိုယ့်အပြစ်နဲ့ကိုယ်
ဘယ်သူမှားတယ်
ဘယ်သူမှန်တယ်
မဝေဖန်၊ မသုံးသပ်ချင်တော့။
ငါချည်တဲ့ကြိုး မခိုင်ခဲ့လို့ပဲလို့ သတ်မှတ်ခဲ့တယ်။
မင်းထားရစ်ခဲ့လည်း
ငါ နေရစ်ခဲ့ရမှာပေါ့။
ကလေးငယ်တစ်ယောက်လို
မထားရစ်ခဲ့ဖို့ ငို ပြောနေလည်း
အပိုပဲလို့ ထင်တယ်။
မင်းဘယ်လိုပဲ ငါ့ကို ပြောပြော
ငါစိတ်မဆိုးပါဘူး။
ငါရှင်းပြချက်တစ်ခုက
အပြစ်တစ်ခုဖြစ်နေတော့
ငါလည်းမရှင်းပြတတ်တော့ . . .
မင်းရင်ထဲက သံသယကို
ဘယ်လို၊ ဘယ်ပုံဖြေရှင်းမှ
ပျောက်ကင်းနိုင်မှာလဲ။
မင်းထားရစ်ခဲ့တဲ့အတိုင်းပဲ
ကျန်နေရစ်မယ့်သူက ငါပဲဖြစ်နေတယ်။
ဘယ်လိုပဲ ကျန်ခဲ့ပါစေ
မင်းဘယ်လိုပဲ ငါ့ကိုထားခဲ့ပါစေ
ငါမင်းကို တစ်ခုတော့ ပြောခဲ့ပါရစေ
ငါမင်းကိုတကယ်ချစ်ခဲ့တာပါ.........
ဆောင်းနှင်း
Thursday, October 8, 2009
တနေ့တာ
နှောင်ဖွဲ့တိုးလို့
စိတ်အစဉ်ဝယ်
မေ့မရသည်က
"သူ"ရုပ်လွှာ.....
တနေ့တနေ့
မျှော်ကာတွေးလို့
အတွေးတစ်ရာ
ဝေးကွာခြင်းက
ကုဋေကုဌာမို့
ဝေဒနာအစု
ဖြေကာကုဖို့
ဇောတင်လို့ရယ်
အိမ်အပြန်လမ်း
မောရင်တောင်မှ
ရေးမသောက်ခဲ့ပါဘူး
ချစ်သူနဲ့တွေဖို့ရေး
အပြေးလေးကွယ်
ကွန်ပျူတာဖွင့်
မန်ဝင့်လို့......
ဂျီတော့အမြန်ဝင်
ဆိုးချက်ကကွန်နက်ရှင်
အင်းးးးးးးးးး..........ဒီညတော့
ခဲလေသမျှ....သဲရေကျပေါ့ကွယ်......
ဆောင်းနှင်း
Wednesday, October 7, 2009
+++++ကျနော်အမှတ်တရလေး++++++
တကယ်တော့ စွဲလမ်းခြင်းကလူကိုရှူးသွပ်စေပါတယ်
သံယောဇဉ်ကြောင့် ဝေးကွာခြင်းတွေရဲ့နောက်ပိုင်းမှာ
ရင်ကိုပူလောင်နှလုံးသားကိုဒဏ်ရာရစေခဲ့တယ်.....
အမှတ်တမဲ့များစွာနေတတ်သူဟာတနေ့တော့
အမှတ်တရဖြစ်စေတတ်တယ်။
ကျနော်ဟာအရာရာကိုအမှတ်တမဲ့နေတတ်သူပါ။အဲ့ဒါကြောင့်လားတော့မသိပါဘူး လောကကြီးက
ကျနော်ကိုဒဏ်ခတ်လိုက်ပါပြီး.....အဲဒါလေးအစကတော့ အဝေးရာက်နေတဲ့ကျနော်ြ့ပီးခဲ့တဲ့မေလ
လောက်ကမြန်မာပြည်တစ်ခေါက် အလည်ရောက်ခဲ့ပါတယ်။မထင်မှတ်ပဲဆိုသလို့သူလေးနဲ့တွေ့ခဲ့ရတယ်
အဲဒါကတော့ကျနော်ရဲ့အမှတ်တမဲ့မှအကြီးမားဆုံးအမှတ်တရတစ်ခုပါ။ဘယ်လို့မှမေ့မရသလို့ဘယ်တော့မှလည်း
မေ့ပြစ်မှမဟုတ်ပါဘူး။ဒုတိယအမှတ်တရလေးကတော့ သူကျနော်ကို ဖုန်းမှာချိတ်ဖို့ဆိုပြီး ခရမ်းရောင်ဗိုလ်မရုပ်
လေးတစ်ရုပ်ပါနောက်တစ်ခုကကျနော်ဖုန်းscreenပေါ်မှာသူကိုယ်တိုင်ကပ်ပေးလိုက်တဲ့အသဲပုံ ကပ်ခွါလေးတစ်
ခုရယ်ပါ။သူအဲဒီဗိုလ်မရုပ်လေးပေးစဉ်ကသူပြောခဲ့တဲ့စကားလေးတစ်ခွန်းက ကျနော်အတွက်အမှတ်တရဖြစ်စေ
ခဲ့ပြန်တယ်လေ။ "မင်းပြန်ရောက်ရင်အဲ့ဒီဗိုလ်မရုပ်လေးကိုပြန်ပြရမယ်တဲ့လေ" အခုတော့ပေးသူကတော့မေ့နေ
လောက်ပါပြီး ဒါပေမဲ့ယူသူကျနော်ကတော့ မမေ့နိုင်သလို့ ဘယ်နေ့များအဲဒီဗိုလ်မရုပ်လေးအကြောင်းမေးလာပါ့
မလဲလို့ယနေ့ထိစောင့်မျှော်နေစဲပါ။ဒီကဗျာလေးနဲကျေးဇူတင်ကြောင်းလေးပြောပြစေ....
မင်းပေးခဲ့တဲ့
ဗိုလ်မရုပ်တစ်ရုပ်
ဘီးစကုတ်နဲ့
ကပ်ခွါအသဲ
မြဲလျှက်တည်
တယုတရ
အနုလှဖြင့်
ယုရ စဲပါ......အဝေကချစ်သူ......
ဆောင်းနှင်း
Wednesday, September 23, 2009
+++++++ဖြေ+++++++
အမိုက်သူရေ
မခံချင်စိတ်က
ဖိတ်လျှံကျလို့
ဒေါသစကား
မင်းသိအောင်လို့
နုတ်မှထွက်ဆို
ပြောလိုက်ချင်တယ်....
မာယာလုပ်ယူ
နှုတ်စူစူ နဲ့
ချွဲနွဲ့ပလီ
ငါ့....ရှေ့မှောက်ရောက်
ဒူးထောက်တောင်းပန်
ငိုဟန်ဆောင်တယ်
ရင်ထဲမပါတဲ့
သရုပ်ဆောင်သူ
မင်းကို......ငါက
ခွင့်လွတ်သည်းခံ
နင်အနိုင်ယူတိုင်း
အပြုံးမပျက်
မမုန်းရက်ပဲ
နင်အလိုလိုက်
အကြိုက်ဆောင်တိုင်း
နားထင်သွေးရောက်
မင်းကိုယ်မင်းတော့
အဟုတ်မှတ်ထင်
တွေးမမြင်နဲ့
ဘ၀တိုတောင်း
မအိုဟောင်းခင်
ဝဋ္ဋ့်အစဉ်ကွယ့်.......
ဆောင်းနှင်း
ဘာရေးရမှန်မသိလို့ ဟိုးအရင်ကရေးထားတာလေးပြန်ရေးထားတာပါ....ခွင့်လွတ်သည်းခံဖတ်စေလို
Tuesday, September 22, 2009
မခွဲထာဝရ
အပျော်မျက်လုံး.....အပြုံးမျက်နှာ
နှစ်ယောက်အတူပျော်ခဲ့ကြတယ်....
မေနဲ့အတူ......ထာဝစဉ်မခွဲ
ကြင်လက်တွဲလို့....တစ်ရွာတည်ဆောက်
မောင်စိတ်ကူးနဲ့.....ကမ္ဘာရွာတည်
မေကမောင့်ကို......မကြင်ခဏ၊စဉ်မခွဲလို့
တွေးထင်ထားတဲ့မောင့်ဘ၀လေး.......
တခါရံများ.....မေမပြုံးလို့
စိတ်ဝမ်းနည်းပြီး...မေပျော်အောင်တွေး
အပျော်ပေးပြီး....အနားမခွဲတစ်တွဲတွဲပေါ့
ရုတ်တရက်.....မေကခွဲခွါ
ဟိုး.....အဝေးကမ္ဘာ မေထွက်သွားတော့
မောင်ရင်ထဲမယ်.....ဖြေမဆည်နိုင်
ရင်ထဲကွဲကြေ...ငိုမျက်ရည်ရွှဲ
မောင်တစ်ယောက်တည်းထားခဲ့လေတယ်....
သံယောဇဉ်ကုန်....မေမုန်းလို့များ
မောင့်ကိုထားကာထွက်သွားသလားလို့
အော်ဟစ်လို့သာမေးလိုက်ချင်တယ်
ရက်စက်လိုက်တဲ့ကံကြမ္မာရယ်........
မောင်တစ်ယောက်ထဲမေအကြောင်းဆွေး
မေအကြောင်းတွေးလို့ မေသွားတဲ့လမ်းမောင်လှမ်းခဲ့မယ်
စောင့်မျော်တမလွန်နေပေါ့ကွယ်.....
။။။။။။။။။။။။။။။နေသူရိန်။။။။။။။။။။။။။။။။။။။
Friday, September 18, 2009
ပန်းကမ္ဘာ
အလင်းရောက်က
မို့မောက်လှတဲ့
ဒီတောင်စွယ်မယ်
ပန်းပန့်သစ်ပင်
အလှစဉ်၍
ပန်းမျိုးစုံညီ
ဖူးပွင့်ရွက်ဝေ
လှသွယ်သွယ်နှင့်
လေရူးမြောက်ပြန်
တိုးဝှေ့တိုက်ခတ်
လေအဖြတ်မှာ
ဝှေ့ဟတ်ခါလေ
ရနံ့ငယ်ပျံ့သင်း
ပျား၊ပုတုံး၊ငှက်ငယ်
ချိုမျသကာ
စုပ်ယူစားသုံး
မြူးတူးပျော်ပါး
အလှများနှင့်
ဝဲလွင့်ပျံတက်
လေအထက်မှာ
မောင်နှံအစုံ
မြင်သူအပေါင်း
စိတ်ခငြောင်း၍
တဖန်စိုးထိပ်
ချုပ်ငြိမ်းနေ့သွင်
နေမမြင်တော့....ဒါကြောင့်
လွမ်းဖန်၊လွမ်းလျှ
လွမ်းတသသနှင့်
နှမျောတသ......ထိုအလှ.....
။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။
Wednesday, September 16, 2009
ဒီကစောင့်နေသူ(သီချင်းခေါင်းစဉ်မဟုတ်ပါ)

အဝေးကိုမျှေုာ်ကြည်
မင်းမရှိတော့တာလည်း
ငါသိနေတယ်....
တွယ်ရာမဲ့ငါစိတ်တွေ
လေးလံအတွေးဖန်
ခဲ့တာလည်း ငါသိနေတယ်...
မျှော်လင့်ခြင်းတွေပျက်သုန်း
မင်းရင်ထဲကအမုန်းမပါတဲ့
ချစ်ခြင်းတရားအရောင်ပြောင်း
ဟောင်းသွားတာကိုလည်း
ငါသိနေတယ်......
တကယ်တော့မင်းရဲ့ချစ်ခြင်း
တွေကအတ္တအရောင်တွေ
ကင်းမဲ့အဖြူသက်သက်နဲ့
ခင်တွယ်ခဲ့တယ်ဆိုတာလည်း
ငါသိနေတယ်.....
အချစ်ပေးသူမင်းက
အချစ်ယူသူငါ့ကို
အနွံတာခံချစ်ခဲ့တယ်ဆိုတာကိုလည်း
ငါသိနေတယ်.....
အခုမင်းမရှိမှ
အချစ်ရဲ့တန်ဖိုး
မင်းရဲ့မြတ်နိုးမူ
ငါပြန်မရနိုင်တော့ဘူးဆိုတာလည်း
ငါသိနေတယ်.......
ဒါပေမဲ့ချစ်သူရေ
အဟောင်းတွေအသစ်ဖြစ်
အချစ်စစ်မှန်ခဲ့ရင်
တစ်နေ့ဒို့နှစ်ယောက်
ပြန်ဆုံကြအုံးမယ်..........ချစ်သူ......
။။။။။။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။။။။။။။။။။
Monday, September 14, 2009
ဖြစ်ခဲ့ရင်
Thursday, September 10, 2009
ချစ်သူသို့

ချစ်ရသူရေ....
ချစ်တဲ့အကြောင်းကို
ကဗျာတွေ၊စာတွေဖွဲ့
မနွဲ့ချင်ခဲ့ပါဘူး....
တကယ်လို့ ကဗျာတွေ
စာတွေဖွဲ့နွဲ့ပြမှ ချစ်မယ်
ဆိုရင်လည်း ပြောပါချစ်သူ
မင်းကျေနပ်ပျော်ပိုက်ဖို့အရေး
မျှော်တွေးလို့ ကဗျာကောင်း
တစ်ပုဒ်မဖြစ်ခဲ့ရင်တောင်
ရင်ထဲကစကားတွေကို
သီကုံးပြီး ကာရံမညီတဲ့
စာကောင်းတစ်ပုဒ်တော့
ရေးပြတင်ဆက်ပေးမှာပါ....
တကယ်တော့.....
ကြမ်းတမ်းတဲ့ ငါ့ဘ၀က
ကဗျာတွေ၊စာတွေရေးဖွဲ့
နွဲ့ရမယ့်သူတော့မဟုတ်ခဲ့ပါဘူး....
ကြမ်းတမ်းတဲ့ ဘ၀ကို
ပိုင်ဆိုင်ထားပေမဲ့
သေချာတာကတော့
နူးညံ့တဲ့အချစ်တစ်ခု
ငါ့ရင်မှာ အမြဲထာဝရ
ကိန်းဝပ်နေဆဲပါ....
ဒါပေမဲ့....
တစ်ခါတစ်လေမှ
ချစ်ရတဲ့သူနဲ့
တွေရပေမဲ့ အဲ့ဒီ
အခိုက်တန့်လေးအတွင်းမှာ
ချစ်ရသူဆီက ပျော်ရွှင်မှု
ဝမ်းနည်းမှုတွေကို
မျှဝေခံစားချင်မိတယ်...
ချစ်ရတဲ့ချစ်သူရေ
ငါမင်းကိုချစ်ရတာ
အရမ်းလည်ခံစားရသလို
အရမ်းလည်းမောလှပါပြီး
မင်းရင်ထဲမှာ ငါ့အတွက်
နေရာရှိပါ့မလားလို့
စဉ်းစားမိတိုင်း ၀မ်းနည်းခဲ့
ရတာတွေ မင်းမသိခဲ့ဘူးလေ
မင်းသိအောင်လည်း
ငါမှမပြောခဲ့တာ......
တကယ်ပါချစ်သူ
ငါမင်းကိုချစ်တာတွေ
ကဗျာတွေ စာတွေဖွဲ့မပြတတ်ဖူး
ငါသိတာ မင်းကိုအရမ်းချစ်တယ်.....
။။။။။။။။။။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။။။။။။။။။။။။။။။။
Wednesday, September 9, 2009
ပြီးခဲ့သောအတွေးပန်းချီ

ငွေစန္ဒာလမင်းကြီးက
အရောင်တွေထွန်းတောက်
ကြယ်ရောင်ပျောက်နေတဲ့
ဟောဒီ....မိုးကောင်းကင်ရဲ့
အောက်မှာ တစ်ကိုယ်တည်းငါ
အတွေးစတွေနဲ့အတူ
အဝေးကိုလှမ်းမျှော်ကြည့်ရင်း
စိတ်ကူးနဲ့ဝိုးဝါးလှတဲ့
မင်းပုံရိပ်တွေကို ပုံဖေါ်
ငါလေ.......
အတွေးပန်းချီတစ်ချပ်ကို
ရေးဆွဲနေမိတယ်.....
ပြည့်စုံလှတဲ့ အတွေးပန်းချီ
အလှတရားကို ခံစားရင်း
အလွမ်းသီချင်းလေးဆိုညည်း
နှုတ်မဆက်ပဲ ရုတ်တရက်ဆိုသလို
ယိုကျလာတဲ့ ငါ့မျက်ရည်နဲ့အတူ
ရှိုက်သံသဲ့သဲ့ ပဲ့တင်ထပ်မှ
သတိဟတ်မိ တွေးသိသည်က
ငါ့အတွေးပန်းချီလေး
ပြီးခဲ့ပြီ.........
..................ဆောင်းနှင်း.................
Sunday, September 6, 2009
အရူးလောက်မှဥာဏ်မရှိ
သူတိုနှစ်ယောက်ဟာတစ်ဦးအပေါ်တစ်ဦးဖေးမကူညီပြီးအလွန်ချစ်ချစ်ခင်ခင်နေကြတယ်။ဘယ်လောက်
ချစ်ခင်ကြကလည်းဆိုရင် ရွာမှာရှိတဲ့သူတွေကတောင် ရှေ့ဘ၀ကညီအကိုတော်စပ်ကြတယ်လိုတောင်ပြော
ယူရတယ်လေ။ဒါပေမဲ့ကိုမောင်အေးဆိုတဲ့လူက နာမည်နဲ့လူနဲလိုက်အောင် အေးလွန်းတာမှ ကိုရေခဲလိုတာင်
ပြောင်းခေါ်ရမလောက်ပဲ။ကိုလူမော်ကြတော့လည်း ရွာရဲ့အော်ကျော်လန်တာမှ တာတေကိုလန်နေတာပဲလေ။
ဒါပေမဲ့ သူတိုနှစ်ယောက်မှာ တူညီတဲ့အချက်လေးတွေတော့ရှိတယ်။အဲဒါဘာလည်းဆိုတော့ လူငယ်ဆိုတော့
ရမကာမှီဝဲခြင်းပေါ့။ဂုဏ်ပြုခေါ်ဆိုမယ်ဆိုရင်တော့ရမကာလုလင်ပျိုလေးပေါ့။
မောင်လူအေးနှင့်မောင်လူမော် အဲ့ဒီလို့နဲ့နှစ်ယောက်အတူ ယမကာမှီဝဲလာခဲ့တာနှစ်တွေအတော်ကြာ
ခဲ့ပါပြီ။တနေ့တနေ့မောင်လူမော်ရှာတဲ့ ပြဿနာမှန်သမျှ မောင်လူအေးလိုက်လန်ဖြေရှင်းရတာပေါ့လေ
အဲ့ဒီလိုက်လံဖြေရှင်းရပါများတော့ မောင်လူအေးမှာ အတော်လေးကိုစိတ်ပျက်သလို့ အရမ်းလည်းစိတ်ညစ်
နေမီတယ်။သူငယ်ချင်းဆိုတော့လည်း ပြစ်ပြီးသွားရမှာလည်ခက် ရိုက်နှက်ဆုံးမရခက်ဆိုတော့အတော်လေး
ကိုကြံရာမရဖြစ်နေတယ်။
ရွာမှာရှိနေတဲ့သူတွေကို အကူအညီတောင်းရမှာလည်ခက်နေတယ။် ရွာအော်ကျော်လန်တွေဆိုတော့သိတဲ့
အတိုင်လေ ဘယ်သူမှမကူညီကြသလို့ အနားတောင်ကပ်ချင်ကြတာမဟုတ်ဘူး။အဲ့ဒီလို့နဲ့မောင်အေးမှာ
ငါသူငယ်ချင်းကိုဘယ်လိုလုပ်ပေးရပလည်းလိုစဉ်စားနေချိန် သူရဲ့အိမ်ရှေ့မှာသူရူးတစ်ယောက် ပွစီပွစီနဲ့
တစ်ယောက်တည် စကာပြောနေတာတွေ့တယ်။မောင်အေးစဉ်စားတယ် အင်းးးး ငါတိုကိုအချိန်ပေးစကား
ပြောမဲ့သူ၊လက်ခံစကားပြောမဲ့သူဆိုလို့ ဒီကောင်းပဲရှိတော့တယ်ပေါ့။ဘာပဲဖြစ်ဖြစ် သူ့ဆီအကူအညီတောင်းရင်
ကောင်မယ်လို့စဉ်စားမိတယ်။ဒါနဲ့ပဲ အရူးကောင်လေးကိုလှမ်းခေါ်လိုက်တယ်။ဟေ့ကောင် သောက်ရူး ခဏလာ
ဦး အရူးကောင်လေးလည်း မောင်လူအေးခေါ်တော့လာတာပေါ့နော်။မောင်လူအေးလည်း သူကိုပြောပြီး အကြံ ဥာဏ်တောင်းမီတယ်။အရူးကောင်းလေးက ဘာပြောတယ်မှတ်လည်း ဒါများလွယ်လွယ်လေး အရူးလောက်မှ
ဥာဏ်မရှိဘူးတဲ့။မောင်လူအေးလည်း အရူးကအဲ့ဒီလိုပြောတော့ဒေါသကလည်ထွက် အကြံဥာဏ်ကလည်းလို့ဆို
တော့ စိတ်ရှည်ရှည်ထားပြီးထပ်မေးပြန်တယ်။ဟေ့ကောင်ပြောမှဖြင့် မြန်မြန်ပြောကွာ! အရူးကောင်လေးက ကဲဒါကွာ ခင်ဗျာ သူကိုနိုင်ချင်ရင် သူထက်ပိုသောက်တဲ့......ကဲကောင်းကျသေးလား အရပ်ကတိုရေ.....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။ ။ တခါတလေကျ ကျနော်တို့ခင်ဗျားတို့တွေဟာ အရူးတစ်ယောက်လောက်မှ ဥာဏ်မမှီတာလေးတွေ
ကိုတွေးပြီး ဒီပိုစ်(လ်)လေးကိုတင်လိုက်ချင်းပါ......
ဆောင်းနှင်း
လပြည့်ည
မေ့မရ...ငယ်ဘဝ
ကြည်နူးမဆုံး
တွေးမိတိုင်းပြုံး
လပြည့်ညလယ်
ဟိုဒီတွေးရင်း
မြင်ယောင်လာပေါ့...
(သူမျက်နှာ)
စကားတစ်ခွန်း...
(အမှတ်ရ)
သူပြောတဲ့လပြည့်ည
ဆုံတွေခဏ
ထိုညက.....
လမင်းအပေါ်
တိုင်တည်ထား
သစ္စာစကား
ဒို့နှစ်ဦးကြား
လမင်းကွယ်ပျောက်
ကြယ်မရောက်လည်း
ဘယ်တော့မမုန်း
တစ်သက်လုံးတဲ့
ယုံတမ်းစကား
အထင်မှား
မင်းပြောခဲ့တဲ့
တိုင်တယ်စကား
လပြည့်ညတိုင်း လွမ်းတဲ့စကား
ခုတော့....ငါ့မှာ.........
............နေသူရိန်............
Saturday, September 5, 2009
အတွေးစ
Friday, September 4, 2009
သူ့အတွက်.....
အလင်းပျောက်တဲ့နေ့များ

စိတ္တဇနဲ့ခြောက်ချားနေတဲ့နေ့တစ်စုံတစ်ယောက်
ငါ့ကိုခေါ်နေသံအလိုလိုကြားနေရတယ်
အို....မဟုတ်ဘူး ငါစိတ်ချောက်ချားစွာနဲ့ပေါ့
မကြားချင်ဘူး...ဘာသံကိုမှငါမကြားချင်ဘူး
မမြင်ချင်ဘူး...ငါ့မျက်လုံးတွေမှိတ်ဖြစ်လိုက်တယ်
ဒါပေမယ့်....ငါကြားနေမြင်နေရတယ်
ရက်စက်တဲ့မင်းရဲ့အပြုံး၊လှောင်ရီနေတဲ့မင်းရီသံ
ငါ့နားထဲမိုးကြိုးပြစ်ချလိုက်သလိုပဲ
စိုက်ကြည့်နေတဲ့မင်းမျက်လုံး
ငါ.....ထိတ်လန့်စွာတွေ့နေရတယ်
ငါ့ကို.....ရက်စက်စွာပြစ်ခွာသူမင်း
ငါ့အတွက်မှောင်မည်းနေတယ်
အရာရာငါစွန့်လွှတ်ဝံ့တယ်
မင်းသာငါ့အနားရှိခဲ့ရင်..မင်းမရှိတဲ့ငါ့ဘဝ
နေရောင်ဘယ်လောက်ပဲတောက်ပနေပါစေ
ငါ့ဘဝအလင်းမဲ့နေတယ်
မင်းမရှိတဲ့ငါဘ၀နေ့ရက်တွေဟာ
ငါ့အတွက်...အမှောင်ထုကြနေတဲ့နေ့တွေပါကွာ
ရက်စက်လိုက်တာ ပြစ်ခွာသူရယ်......
ပြစ်ခွာပြေး...လှစ်ဟာရင်ခွင်
အချစ်ဟာဆေး...ငါ့ရင်ခွင်ကို
အားမရ....မင်အချစ်ကို
လှမ်းအဝေး...ထွက်ခွာသူကို
မျှော်ကာငေး....စောင့်နေသူမှာ
လာလမ်းလေး...လျှောက်ကာကြည့်တော့
ငါလှမ်းတွေ့...တစ်ခြားသူရင်မှာ
ဆွံ့အငေး...ချစ်သူနင့်ကို
ရင်ထဲဆွေး..လှိုက်ဖိုမောစွာ
လှောင်ပြုံးလေး....ပေးသူနင်ဟာ
တစ်ခါတော့...နင်လည်းငါ့လို
ရင်ကွဲပြီး...အော်ဟစ်လဲပြို
စိုမျက်ရည်ရွဲ...မင်းမျက်ဝန်းကို
ငါမတွေ့လိုဘူး......
ဝဋ်မှာအမြဲ၊ငရဲမှအပ
ထိုထိုဘဝ....မင်းကင်းလွတ်ပါစေ......
=========နေသူရိန်=========
Thursday, September 3, 2009
စောင့်မျှော်သူအတွက်

ဘ၀အရေး မျှော်ကာတွေးလို့
တရွာတကျေး ထွက်ခွါသူမှာ
မောင့်ချစ်သူမေ စိုမျက်ရည်ကို
မကြည့်ပေမဲ့ သိနေပါတယ်
စိတ်ချယုံကြည် မောင့်အပေါ်ကို
စောင့်မျှော်သူက မေပေါ့်လေ
မောင်လည်းထပ်တူ မေနဲ့တူ
မခွဲချင်ပေမဲ့ သွားရအုံးမယ်
အပျော်မရှာ ငွေသာရှာမယ်
မောင်နှင့်မေတို့ နီးဖို့ကွယ်
နီးမယ့်အရေး မျှော်ကာတွေးရင်း
ပျော်နေမိတဲ့ မောင်ပါမေ
သစ္စာမဖေါက် တစ်ယောက်ဆိုတစ်ယောက်
ချစ်တယ်ဆိုတာ ယုံပါမေ
စာစီကာရေး မေ့အကြောင်းလေး
လွမ်းသူရင်မှာ ကဗျာတေး
မေနားဆင်ဖို့ တမန်တော်ပေး
စောင့်မျှော်သူအတွက် မောင်အမြန်ပေး
မောင်ရေးထားတဲ့ကဗျာလေး.........
=======နေသူရိန်======
Wednesday, September 2, 2009
မျှော်လင့်ချက်ဖြင့် အသက်ရှင်

တစ်ခါတစ်ရံဘဝတွင်စိတ်ဆင်းရဲသောကနှင့်တွေ့ကြုံပြီးထွက်ပေါက်မရှိသလိုမျိုးကြုံရတတ်သည်။
အလင်းရောင်မမြင်ရသည့်တွင်းနက်ကြီးထဲကျနေသလိုမျိုးခံစားရသည်။
မိမိကိုယ်တိုင်တွင်းနက်ကြီးထဲမှရုန်းမထွက်နိုင်။
အပေါ်မှဆွဲတင်ပေးမည့်ကယ်တင်ရှင်လည်းမမြင်၊ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိ။
စိတ်ဆင်းရဲသောကများကြောင့်လုံးပါးပါးနေရပြီးဒုက္ခနွံတောတွင်သေလုသေခင်မျောနေတတ်သည်။
ထိုအခါမျိုးတွင်မျှော်လင့်ချက်နှင့်အသက်ရှင်တတ်ရန်လိုသည်။
မျှော်လင့်ချက်သည်ဘဝကိုရှင်သန်စေနိုင်သောအရာဖြစ်ပါသည်။
မျှော်လင့်ချက်ကောက်ရိုးတမျှင်ဆွဲမိရုံနှင့်ခွန်အားရရှိရှင်သန်သွားစေနိုင်ပါသည်။
မျှော်လင့်ချက်သည်ဒုက္ခပေါင်းစုံတို့ကိုခံနိုင်စွမ်းရည်ရှိစေနိုင်ပါသည်။
မျှော်လင့်ချက်သည် ဘဝ၏ခွန်အားဘဝ၏တွန်းအားတစ်စုံလည်းဖြစ်ပါသည်။
မျှော်လင့်ချက်အလင်းတစ်စရရုံဖြင့်ဘဝကိုနိုးထစေနိုင်ပါသည်။လူသည်
မျှော်လင့်ချက်ဖြင့်အသက်ရှင်ပြီးစေတနာကောင်းကောင်းဖြင့်ကောင်းသောအလုပ်များကိုလုပ်ရပါမည်။
စေတနာကောင်းအလုပ်ကောင်းခြင်းကြောင့်ကောင်းသောကံများကိုယ်ထံရောက်လာပါမည်။
မျှော်လင့်ခြင်းများဖြင့်တောင်ခံထားသောဘဝကိုကံကြမ္မာကောင်းများက
တောက်ပြောင်လင်းလက်စေပါလိမ့်မည်။
အဆုံးစွန်သောဆင်းရဲမွဲတေခြင်းများကြောင့်လူသည်ဘာမျှမရှိချင်နေပါစေ။
မျှော်လင့်ခြင်းသာရှိပါစေ။မျှော်လင့်ခြင်းတောင်မှမရှိနိုင်လျှင်ဖန်တီးယူနိုင်ဖို့ကြိုးစားပါ။
ဘဝတွင်ဘာမှမကျန်နိုင်လောက်အဆုံးမဲ့နေရန်မသင့်ပါ။
မျှော်လင့်ချက်လေးတစ်ခုတော့ရှိနေသင့်ပါသည်။
မျှော်လင့်ချက်သာရှိနေလျှင်မနက်ဖန်သင်ဘာဖြစ်မည်ကိုမည်သူမှအတပ်မပြောနိုင်ပါ။
အောင်မြင်ကျော်ကြားသူများသည်ဆင်းရဲဒုက္ခတွင်းကြီးထဲမှကုတ်ကပ်ထွက်
တက်လာနိုင်ကြသူများဖြစ်သည် ကို သင်မမေ့ပါနှင့်။
ထို့ကြောင့်ဘာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေအမျိုးရောက်ရောက်မျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
ဖြစ်ချင်တာတွေမဖြစ်ရ၍စိတ်ဆင်းရဲသောကရောက်နေချိန်တွင်
တစ်နေ့နေ့တော့ဖြစ်လာမှာပဲဟူသောမျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
လုပ်ချင်တာမလုပ်ရ၍စိတ်ပင်ပန်းဆင်းရဲနေချိန်တွင်တစ်နေ့နေ့တော့လုပ်ခွင့်ရမှာဟု
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။
သွားချင်တာမသွားရ၍စိတ်ထိခိုက်နေချိန်တွင်တစ်ချိန်ချိန်တော့သွားလို့ရမှာပါဟူသော
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။အသက်ရှင်နေသေးသမျှ မျှော်လင့်ခြင်းရှိနေပါသည်။
..........................မျှော်လင့်ချက်ဖြင့်သာ အသက်ရှင်ပါ................................
Tuesday, September 1, 2009
ည

နေကွယ်ပျောက်....အလင်းတိမ်အောက်
ဝိုးတိုးဝါးတား.....ညရဲ့အစ
ညအလင်းရောင်....လမင်းထွန်းတောက်
ငွေကြယ်တို့ရောက်.....ပရစ်အော်မြူး
စုန်းကြူးရောင်းထည်....ညရဲ့အလယ်
ရနံသင်းထုံ....မွှေးညပန်းအုံ
လေအဝေ့မှာ....တာဝန်ကျေအောင်
သူရနံ့နဲ့......ဖြေဖျော်ရှာတယ်
ညမွှေးပန်းငယ်.........
နှင်းစက်နှင်းပြောက်.....တစ်တောက်တောက်နဲ့
သစ်ရွက်ငယ်ဖျား.....ခိုနားလျှက်ပါ
ချမ်းစိမ့်အေးအောင်......သူထမ်းဆောင်တယ်
ညသန်းခေါင်ဝယ်...........
ပရစ်သံတိတ်....လူသံဆိတ်လည်း
ဖြိုးတိုးဖျောက်တောက်.....နှင်းဆက်တို့အောက်
မပျက်မကွက်.....တွန်သံပေးလို့
နိုးလိုက်ကြရင်း.....တာဝန်ကျေတဲ့
ကြက်တညင်ရယ်.........
လမင်းမှေးမှိန်.....ကြယ်ရောင်တို့ပျောက်
ရောင်နီဝိုးဝါး.......အလင်းရောင်ပေါ်
နေမင်းတောက်သော်.....ညလေးတည
ကုန်ဆုံးရ၏..........
အလွမ်းရင်ပိုက်....ဆွေးမြည့်အသဲ
အတွေးနဲ့ပျော်......မျှော်နေသူတွက်
ညရယ်.............
အချစ်တွေယူ......အပျော်တွေပေး
တစ်ခဏလေး.....ဝေဒနာဆေး
အခါခါကျွေး......ခါးမှန်းသိလည်း
မြိုချမိတယ်..........
ဆုံတွေခဏ......ထိုညလေးကို
အမြဲထာဝစဉ်.....လွမ်းနေမယ်
နေသူရိန်၊ဆောင်းနှင်း
.........ကျနော်အတွက်ရေးပေးထားတာပါ..........
Monday, August 31, 2009
@@@@@@@online ပေါ်ကကျနော်ချစ်သူကို@@@@@@@

ချစ်သူ....
ငါမင်းကိုအရမ်းလွမ်းနေမိတယ်
မင်းမရှိမှန်းသိလျှက်နဲ့
gtalk လေးကိုဖွင့်မျှော်မိတယ်
ငါ့စိတ်ကိုဒုန်းဒုန်းချ အိပ်ပျော်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါပေမဲ့ထိမ်းချူပ်လို့မရတဲ့
ငါ့ရဲ့မသိစိတ်ကရော...
သိစိတ်ကပါ ........
မင်းကိုလွမ်းဆွတ်စေဖို့
တိုက်တွန်းနေလေတော့
တကယ်ပါချစ်သူ
အဲ့ဒီအချိန်မှာ.....
မင်းသာကြားနိုင်တဲ့စွမ်းအားရှိမယ်ဆိုရင်
ငါအော်ပြီးပြောလိုက် ချင်ပါတယ်
.............လွမ်းလှပါပြီလို့...............
ဆောင်းနှင်း
Saturday, August 29, 2009
သူလိုလူ....
အရိပ်ဆိုးလိုတွယ်ငြိ
ဘယ်မသိတဲ့ အိုလူနယ်
အချစ်ကိုမဆို
အပြစ်ကို ခိုတစ်ကောင်းလိုငြီး
ဆော်တီးဖို့ အခွင့်ကောင်းကိုစောင့်
အရှေ့တွင်က အပြောချို
သကာရည်က ရှုံးသတဲ့
နောက်ကွယ်ကဓါးမြှောင်တိုထုတ်
အသေခုတ်ဖို့သူကြံရွယ်
စိတ်ထားရယ် ဖြူသူမို့
ကံတရားရယ်ကာလိုစီး
အဖန်ငါးရာ မဆုံချင်ဘူး
သူလို့လူမျိုး.....
PS..( လူတစ်ယောက်ဟာခံစာချက်တွေများလာရင် ပေါက်ကွဲတတ်တာသဘာဝပါ...
ဒါပေမဲ့ပေါက်ကွဲတာထက်ဖောက်ခွဲထုတ်တာကပိုဆိုးပါတယ်....
သည်းခံခြင်းဆိုတာအတိုင်းအတာတစ်ခုရှိစမြဲပါ.... တကယ်တော့
ဒီကဗျာလေးဟာတယောက်သောသူအတွက်ဝင်ခံစားပေးရေးထားတာပါ....
အားလုံးပဲအမုန်းမမြင်၊အချစ်မြင်နိုင်ကြပါစေ.........).
ဆောင်းနှင်း
Friday, August 28, 2009
အချစ်ရူးလို့ခေါ်သတဲ့
ကျွန်းလေးပေါ်မှ"မောင်@မယ်တို့"
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့
ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး
ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။
ဆောင်းနှင်း
Thursday, August 27, 2009
အနမ်းလေး
Wednesday, August 26, 2009
ရွာသား
ရွာသားလေး ရွာစရိုက်တော့ဘယ်မပျောက်
ရွာဓလေ့ ရွာအလုပ်မှာပျော်
ရွာကိုချစ်တဲ့ ကိုရွာသားလေး
ရွာနဲ့ဆွေမျိုး အပေါင်းအသင်းကိုစွန့်
တနယ်ပြောင်း သူကောင်းဖြစ်မယ်ထင်တဲ့
ကိုရွာသား.......
ရွာနယ်နိမိတ် တာထိပ်ရောက်တော့
တစ်ခါလှည့်ကြည့် သက်ပြင်းချရင်း
နောက်ပြန်မလည့် ရှေ့သို့ပဲပေါ့
တနယ်မပြောင်း သူကောင်းမဖြစ်
ဆိုရိုးစကား အတွေးထင်တဲ့ကိုရွာသား
သေချင်တဲ့ကျား တောပြောင်းဆိုတာကို...အင်းမေ့နေပါလား?
မာယာများတဲ့ မြို့ပြသရုပ်ကို အဟုတ်မှတ်လို့
ရောင်စုံလူကြား သူလှုပ်ရှား...သူကိုယ်သူ့ဘဝင်တင့်ပေါ့
ဒေါ်လာစားတဲ့သူကိုယ်သူ
သူများခိုင်းဘက် အဟုတ်မှတ်လို့
ပျော်နေရှာတဲ့ကိုရွာသား
အမေနဲ့ရွာသားမောင်မလွမ်း
စကပ်အတို ရင်ပေါ်တို့ကြားက
ကိုရွာသား.....
ပင်နီအင်ကျီ ရောထမီကိုအင်းမေ့မျာပေါ့
ရသမျှသုံး ရှာသမျဖြမ်းပြီး
ရွာကအမေ ဘယ်လိုနေတယ် သူမတွေး
ရွာအကြောင်းဆို လာမပြောနဲ့
ရွာမကောင်းကြောင်းသူအမြဲပြော
သူအမြဲပြောတဲ့"စစ်"မကောင်းကြာင်း
သူတို့မင်းလုပ် အုပ်ချုပ်တဲ ရွာကို
သူမပြန်ချင်တဲ့ကြောင်း သူတပြန်
ငါတလည့် လည့်ပတ်ခွတုတ်
ရွာအရှုပ် သူပြောတော့လည်း
ဟုတ်တုတ်တုတ်
ဒါပေမဲ့ ရွာသားရေ ရွာကအရှုပ်
မင်းအလုပ် မဟုတ် ရွာကအမေ
ငတ်လိုသေရင် ကြားလို့မတော်
ကျော်မကောင်းဘူး အမေ့အတွက်ထုပ်
ရသမျကျစ် မြန်မြန်လစ်တော့
ကိုရွာသား.................
......နေသူရိန်........
Tuesday, August 25, 2009
မျက်ရည်
Monday, August 24, 2009
ထာဝရ
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....
ဆောင်းနှင်း
Sunday, August 23, 2009
စကားလေးတစ်ခွန်း
ငါစိတ်တွေယိမ်းယိုင်
စိတ်မခိုင်တော့ပါဘူး
အလွမ်းတွေရင်ဝယ်ပိုက်
ခံစားချက်တွေမျိုချ
နေမရတဲ့ငါ့မှာလေ
ဖြေစရာဆိုဝေဒနာပဲရှိ
မရေရာမသေချာတဲ့ဘဝမှာ
ပေတစ်ရာပေါ် အဖန်တစ်ရာလျှောက်လဲ
အဖြေရာဘာမှမတွေ့
ဒါပေမဲ့.....ချစ်သူ
သေချာတာကတစ်ခုက
ငါမင်းကိုချစ်တယ်......
ဆောင်းနှင်း
Friday, August 21, 2009
အဖြစ်ချင်ဆုံး

သစ်ရွက်ကြီးကြွေ.....ငယ်ရွက်ဝေတယ်
အရိုးပေါ်အရွက်ဖုံး....မင်းအပေါ်တသက်မမုန်း
ကောက်သီးနံပေါ်.....ပျော်လိုနော်
မောင်နံစုံပျော်.....၀ဲပျံပါလို့စပါးခင်း
မြူမုံဆိုင်းတဲ့.......ဦးချိန်အခါ
နှင်းရည်စို့သောက်.....တို့နှစ်ယောက်
ရာသီဝဿန်အစုံဝယ်......မောင်နင့်မယ်
အမြဲမခွဲတစ်တွဲတွဲ......လက်ချင်းယှက်လို့နေကြမယ်
ဆွေးဖိုအရေး......ဝေးဖို့မတွေး
မခွဲကြေးတဲ့.......ပြောကြတယ်
ဖန်လာသံသရာ......ကံကြမ္မာက
နှစ်ယောက်ဝေးဖို့....ကြုံလာတယ်
ဇာတာငယ်နှောင်း.....ကံအကြောင်းမလှ
ရှင်နေလျှက်နဲ့.....သေရတယ်
ဆုမွန်ကောင်းတောင်း....သံသရာကောင်းဖို့
မောင်နှင့်မယ်တို့.....အဖန်တစ်ရာပေါင်းစို့
ဘုရားရှင်ထံဆုတောင်းမယ်.......
..........နေသူရိန်.........
Thursday, August 20, 2009
စကာၤပူရသ
ဆေးရောင်စုံချယ်
သူၾကြယ္မ်ားတဲ့စကာၤပူ........
ဘဝင်လေဟပ်၊ရေငတ်နေတဲ့
နိုင်ငံအကြွား၊ထုပ်စရာဆို
လူပဲရှိ၊အပြောကချိုsorryကြို
အပြောမရှိ ရောက်သူသိ.....
အပြောမတူ ဒေါကူကာလေ
မန်ဟောက၊် ခံအောင့်တဲ့
ဒီရင်မယ်......အို....
ပြောကွယ်မပြောချင်ဘူး
မနောကွယ်စိတ်အစင်လျှ
ခြေအစုံဖြင့် ခုန်ပစ်ကာ
နှက်လိုက်ချင်ရဲ့.......
အပြောသာလွယ်
law ကွယ်ကြောက်စရာမို့
သည်းခံတရားအပြည့်ထား
အို....တရားနဲ့သာဖြေတော့မယ်..........
ဆောင်းနှင်း
Wednesday, August 19, 2009
တမ်းချင်း
Tuesday, August 18, 2009
မေ့ပစ်လိုက်ပါ

အရမ်းချစ်စရာကောင်းတဲ့ မင်းကို
ချစ်ချင်ခင်ချင်သူတွေများတာ
ငါမနာလို မဖြစ်ပါဘူး
ဘာဖြစ်လို့်လဲဆိုတော့
ငါကမင်းကိုချစ်တာကို
မင်းအလိုရှိခိုင်းဖိုဆိုရင်ငါကိုသတိရ ပေးပါ
ငါကျေနပ်စွာဘာမဆိုလုပ်ပေးနိုင်ပါတယ်
တစ်ခါတလေမင်းငါ့ကိုဗိုလ်ကျအနိုင်ယူတာတွေကို
ငါခေါင်းငုံသည်းခံခဲ့ပါတယ်
ကလေး......သိပ်ချစ်လို့ပဲပေါ့.............
အနိုင်ယူချင်တဲ့မင်းကိုအရူံးပေးရတာ
ငါကျေနပ်ပါတယ်
မင်းပျော်မယ်ဆိုရင်
ငါဟာမင်းအတွက်
[ဟာသ]ရီစရာဖြစ်နေရင်လည်း
မင်းရီမင်းပြုံးနေရင်
ငါကြည်နူးရတယ်ကလေးရယ်.......
စိတ်ကောက်တိုင်းချော့ရတဲ့ကိုယ့်အတွက်
မင်းရဲ့စိတ်ဆိုးစိတ်ကောက်မှုတွေကို
ကိုယ်ခံနိုင်ရေရှိနေပါပြီ
...........ကလေးရယ်...........
အချစ်ရယ် စိတ်ရှိတိုင်း ဗိုလ်ကျ
စိတ်ကောက် ခိုင်းစေ
အနိုင်ယူနိုင်ပါတယ်
ဒါပေမဲ့.....မေ့ပစ်လိုက်ပါလို့
ဘယ်တော့မှမပြောပါနဲ့......
...........နေသူရိန်...........
Monday, August 17, 2009
ခစားရန်အသင့်

မင်းရဲ့မျက်ဝန်း.......လှတယ်
တကယ်လို့သာငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့အပြုံး.......စွဲလမ်း
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့စကားသံ......ချိုမြမြ
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
ငါဘ၀မှာ ပြည့်စုံ စိုပြေ သာယာမှုဆိုတာ
ရှိလိမ့်မယ်မထင်ဘူး...ကလေးရယ်..
ငါမင်းကိုအရမ်း ချစ်တယ် လို့
စကားလေးတစ်ခွန်းထဲပြောမှာပါ...
(ပစ္စုပန်)
မင်းရဲ့အရိပ်..မင်းရဲ့စိတ်..အဖြစ်
ထာဝရလိုချင်နေတာ...ဒါပေမဲ့ကလေးရယ်
စိတ်ကူးယဉ်တိုင်းဟာ..ဖြစ်လာတတ်သလား?
တကယ်လို့ဖြစ်လာခဲ့ရင်
(အချစ်ရဲ့အမှုတော်ထမ်း)
မင်းရဲ့အနားထာဝရသာနေချင်တယ်...
ကလေးခွင့်ပြုပါနော်.....
ကလေးရဲ့အမိန်စာချွန်လွာကိုစောင့်မျှော်ရင်း
အချစ်ရဲ့ရှေ့မှောက်ခစားရောက်ရန်.........
................နေသူရိန်.................
လောကနိယာမ
အချစ်ပေးသူ ငါဖြစ်ပါရစေ
ဝေဒနာရိပ် ဖြေကာသိမ့်လည်း
လွမ်းလို့မပြေ စမ်းရိပ်အေးဝယ်
သံသရာတကွေ့ ဖန်လာတွေ့တော့
ကျန်နေတာက ဆွေးရိပ်တွေ.....
ပန်းပျိုးသောလက် မချိုးရက်ပါ
ပေါင်းနုတ်ပျိုးဆွ မြေဆီလှမှ
ပန်းတပွင် ပွင့်ရတယ်....
ပန်သူလှတော့ ကြည်နူးရတယ်
အမြင်ဆန်းတဲ့ မိန်းကလေးရယ်
လူတကာအချစ် ယူကာမပြစ်နဲ့
ဝေဒနာမဟုတ် စေတနာအဟုတ်ပါ
ရက်စက်တက်တဲ့ လောကအလယ်.....
ခရေတစ်ပွင့် လေလွင့်လာတော့
အရံသင့်ပေါ့ ယူကာရိုက်နမ်း
အနံမွေးတုန်း သိမ်းပေါ့ခဏ
နမ်းခြောက်မလှ ပြစ်ရတော့လည်
နောက်တစ်ပွင့် ပန်ကြအုံးမယ်
သတိထားပေါ့ မိန်းကလေးရယ်.....
...........နေသူရိန်+ဆောင်းနှင်း.........
Sunday, August 16, 2009
I STILL LOVE YOU
မမေ့နိုင်
Saturday, August 15, 2009
ဘာမှန်းမသိ
မှတ်ချက်(၁)....... ဘဝတိုတို မျက်မှောက်ဘဝမှနေ၍
ဤသံသရာ လွတ်ကြောင်း
တရားနာချင်တယ်-တရားသိချင်တယ်
တရားရှိချင်တယ် ဤဘဝလူ့လောက
အချစ်ကြောင့် ပျော်ရွှင်ချမ်းသာခြင်း
ရသူများ သင်တွေဖူးပါသလား?
မှတ်ချက်(၂).......ကျွန်ပ်ရေးသောစာမှာ အစီအစဉ်တကျမရှိပါ
ထိုစာလုံး၊ထိုစာတကြောင်းသည်ထိုသူ၏
ရင်ထဲမှထွက်လာသည်မှာအမှန်ဖြစ်သည်
သင်ရော၊ကျွန်ပ်ရော မညာတမ်းရင်ထဲရှိတာရေးပါ
သင်နားလည်ပါသလား?သင်နားမလည်လျှင်သင်သည်
ရင်ထဲရှိသောစားသားရေးတက်မည်မဟုတ်ပါ...
မှတ်ချက်(၃)....... အဓိပ္ပါယ်မရှိသောစာကိုအဓိပ္ပါယ်ရှိအောင်ဖတ်ပါ
သဘောပေါက်အောင်တွေးပါ.....

“အချစ်မူးများအကြောင်း”
အချစ်ကိုချိုမြိန်စွာသောက်သုံးသူတွေ
ပင်ကျ(ထန်းရေ)လိုသောက်သုံးမိသူတွေ
အချစ်ဖန်ခွက်ထဲထည့်ပါ...
အရောင်၊အနံ၊အရသာ အိုအားလုံး GOOD....
အရောင်....
အပေါ်ယံချယ် မိတ်ကပ်ကြောင့်မင်းလှပါတယ်
နောက်ကာလာချယ် T-ZARထည်ကြောင့်မင်းတင့်ပါတယ်
မြင်သူအပေါင်းရူးပေါက်အောင်ထူးလှပါတဲ့
ကိုယ်ဟန်ထယ်ဝါ(တဏှာ)ကြောင့်မင်းကြွရွနေတယ်
စတင်သောက်သုံးသူတို့စိတ်ကြွစေတယ်
နောက်ထပ်သောက်ပြန်တော့ရပ်မရပြန်တယ်
သောက်သုံးဖန်များတော့ဘဝပျက်လေတယ်
ထိုသူ...သေရွာတခါပြန်သွားတယ်အချစ်ကြောင့်ပါကွယ်...
စာရေးသူမှတ်ချက်။ ။တခါမှမမူးဖူးသူမျုားလုံးဝမသောက်သင့်လို့
မတိုက်တွန်းချင်ပါ၊သောက်ပါ ရေရောပါ....
ပုံ.... အချစ်ယမကာလုလင်(ဝါ)အမြင်ကပ်စရာကြီး
.......နေသူရိန်.........