Saturday, March 3, 2012

တဖန်....ပြန်လာပါတော့ .............

..ကောင်မလေးရေ........
နင့်က ငါ့ကိုစိုးမိုးနိုင်သူပါ
ညကငါ့အိမ်မက်ထဲ
မထင်မှတ်ပဲ ရောက်လာခဲ့တယ်
သိသာစွာပဲ အပျော်တွေပေးသွားတယ်
ငါပဲ နင်ကိုစွဲလမ်းမိလို့လား နင့်ကပဲငါကိုသတိရလိုလား
ငါတကယ်မသိတော့ပါဘူး
ဒါပေမဲ့ င့ါကျေနပ်တယ်
မင်းရဲ့ ညှင်သာအသံ ငါ့နားဝဆွဲထင်ကျန်ခဲ့
ပျော့ပြောင်းတဲ့ မင်းအမူအရာ ငါ့မျက်လုံးအစုံဝယ် ရိပ်ထင်ကျန်ခဲ့
နူညံတဲ့ မင်းရဲ့ အထိအတွေ့က ငါနှလုံးသားကို တုန်လှုပ်မူးရစ် စေတယ်
ငါအိမ်မက်က လန့်နိုးပြန်တော့ ကွာခြားလှတဲ့ငါ့ရဲ့ လောကဓံ
အဲဒီအချိန်မှာ ငါ့ရဲ့စိတ်၏စေရာက ဖြစ်နိုင့်ရင်အိပ်ယာက လန့်မနိုးချင်မိသူရယ်ပါ
ထပ်ပြီတောင်းဆိုချင်ပါတယ် အိမ်မက်လေးရယ် ဒီညတော့ ထပ်လာပါအုံးလားကွယ်.......
မင်းပြောနေကျစကားလေးလို့ပေါ့.........."မှတ်တောင်ထားရအုံးမယ်တဲ့"
မင်းချစ်လို့ ငါချစ်တာမဟုတ်သလို့
ငါချစ်လို့မင်းချစ်တာမဟုတ်ပါဘူး............တကယ်လို့မှတ်ထားလို့ရရင် မှတ်ထားပေးပါ....
ငါမင်းကိုအရမ်းချစ်တယ်.............လမင်းငယ်........

...........ဆောင်းနှင်း..........