
မင်းရဲ့မျက်ဝန်း.......လှတယ်
တကယ်လို့သာငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့အပြုံး.......စွဲလမ်း
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့စကားသံ......ချိုမြမြ
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
ငါဘ၀မှာ ပြည့်စုံ စိုပြေ သာယာမှုဆိုတာ
ရှိလိမ့်မယ်မထင်ဘူး...ကလေးရယ်..
ငါမင်းကိုအရမ်း ချစ်တယ် လို့
စကားလေးတစ်ခွန်းထဲပြောမှာပါ...
(ပစ္စုပန်)
မင်းရဲ့အရိပ်..မင်းရဲ့စိတ်..အဖြစ်
ထာဝရလိုချင်နေတာ...ဒါပေမဲ့ကလေးရယ်
စိတ်ကူးယဉ်တိုင်းဟာ..ဖြစ်လာတတ်သလား?
တကယ်လို့ဖြစ်လာခဲ့ရင်
(အချစ်ရဲ့အမှုတော်ထမ်း)
မင်းရဲ့အနားထာဝရသာနေချင်တယ်...
ကလေးခွင့်ပြုပါနော်.....
ကလေးရဲ့အမိန်စာချွန်လွာကိုစောင့်မျှော်ရင်း
အချစ်ရဲ့ရှေ့မှောက်ခစားရောက်ရန်.........
................နေသူရိန်.................