Tuesday, October 13, 2009

ချစ်နေမယ့်

ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ငါကိုပြစ်ခွါ
ခဲ့ပြီဆိုတာလည်း
သိရပါပြီး.....
မင်းရဲ့ရင်ခွင်
တံခါးပိတ်လို့ထား
မလာပါနဲ့လို့
တာနေတာလည်း
ငါသိရပါပြီး.....
တိတ်တဆိတ်နဲ့
နုပ်စိပ်ထွက်ခွါ
ငါနဲ့ဝေးရာကို
မင်းပြေးနှင်နေ
တာကိုလည်း
င့ါသိခဲ့ရပါပြီး....
ဒါပေမဲ့ချစ်သူ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
မင်းရဲ့အချစ်တစ်ခု
အဖေါ်ပြုလို့
တွယ်နေတဲ့
ငါ့အချစ်၊ငါ့သံယောဇဉ်
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ချစ်နေမည်......နော်.....


ဆောင်းနှင်း