Friday, July 3, 2009

ပျော်သလိုသာနေပါ

ပြိုမရောင် ငြိုမှောင်တဲ့မျက်နှာနဲ့

အားငယ်မနေပါနဲ.ချစ်သူရယ်.....


အဆိုးကိုအကောင်းမှတ် အားတင်းပြီးပြုံးလိုက်စမ်းပါ.....

ပုလဲခလို့ကြွေကျမယ့်မျက်ရည်မိုး

အမဲ့တစ်ခါ..အပြုံးတစ်ရာနဲ့

ပျော်သလိုသာနေလိုက်ပါ

ချစ်သူရယ်.........။။။။။။။။

..............ဆောင်းနှင်း...........

အလွမ်းများ

နူးညံ့တဲ့....မင်းအပြုံး

ချိုသာတဲ့....မင်းအသံ

ပေါ်လွင်တဲ့.....မင်းအလှ


နဒီပပလိုထင်မှတ်မှားမိတာကြောင့်


တွယ်ရစ်ခြင်းကို.......ရင်မှာနှစ်

မျှော်လင့်ခြင်းကို....အပင်ပျိုး

ရူးသွပ်ခြင်းက....ရှင်သန်

နောက်ဆုံးတော့လည်း

ငါ့.....နှလုံးသားဒီသစ်ပင်ကြီးမှာ

အလွမ်းဆိုတဲ့သစ်သီးတွေ

ဝေဆာလိုနေလေရဲ.။။။။။။။


.............ဆောင်းနှင်း..............