Wednesday, August 4, 2010

ွှအဖြူရောင်သစ္စာ

ပျက်ရယ်ပြုမှုကို ခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပေ။

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကျည်းရက်ပေ။

တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မ ခံစားရသော်လည်း
မည်သည့်အခါမှ မငြိုငြင်ရက်ပေ။

စွန့်ပစ်ခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လိုင်လောက် ပူပန်ရသော်လည်း
မည်သည့်အခါမှ မမေ့ရက်ပေ။

ဆောင်းနှင်းဝေ