Friday, September 4, 2009
အလင်းပျောက်တဲ့နေ့များ
စိတ္တဇနဲ့ခြောက်ချားနေတဲ့နေ့တစ်စုံတစ်ယောက်
ငါ့ကိုခေါ်နေသံအလိုလိုကြားနေရတယ်
အို....မဟုတ်ဘူး ငါစိတ်ချောက်ချားစွာနဲ့ပေါ့
မကြားချင်ဘူး...ဘာသံကိုမှငါမကြားချင်ဘူး
မမြင်ချင်ဘူး...ငါ့မျက်လုံးတွေမှိတ်ဖြစ်လိုက်တယ်
ဒါပေမယ့်....ငါကြားနေမြင်နေရတယ်
ရက်စက်တဲ့မင်းရဲ့အပြုံး၊လှောင်ရီနေတဲ့မင်းရီသံ
ငါ့နားထဲမိုးကြိုးပြစ်ချလိုက်သလိုပဲ
စိုက်ကြည့်နေတဲ့မင်းမျက်လုံး
ငါ.....ထိတ်လန့်စွာတွေ့နေရတယ်
ငါ့ကို.....ရက်စက်စွာပြစ်ခွာသူမင်း
ငါ့အတွက်မှောင်မည်းနေတယ်
အရာရာငါစွန့်လွှတ်ဝံ့တယ်
မင်းသာငါ့အနားရှိခဲ့ရင်..မင်းမရှိတဲ့ငါ့ဘဝ
နေရောင်ဘယ်လောက်ပဲတောက်ပနေပါစေ
ငါ့ဘဝအလင်းမဲ့နေတယ်
မင်းမရှိတဲ့ငါဘ၀နေ့ရက်တွေဟာ
ငါ့အတွက်...အမှောင်ထုကြနေတဲ့နေ့တွေပါကွာ
ရက်စက်လိုက်တာ ပြစ်ခွာသူရယ်......
ပြစ်ခွာပြေး...လှစ်ဟာရင်ခွင်
အချစ်ဟာဆေး...ငါ့ရင်ခွင်ကို
အားမရ....မင်အချစ်ကို
လှမ်းအဝေး...ထွက်ခွာသူကို
မျှော်ကာငေး....စောင့်နေသူမှာ
လာလမ်းလေး...လျှောက်ကာကြည့်တော့
ငါလှမ်းတွေ့...တစ်ခြားသူရင်မှာ
ဆွံ့အငေး...ချစ်သူနင့်ကို
ရင်ထဲဆွေး..လှိုက်ဖိုမောစွာ
လှောင်ပြုံးလေး....ပေးသူနင်ဟာ
တစ်ခါတော့...နင်လည်းငါ့လို
ရင်ကွဲပြီး...အော်ဟစ်လဲပြို
စိုမျက်ရည်ရွဲ...မင်းမျက်ဝန်းကို
ငါမတွေ့လိုဘူး......
ဝဋ်မှာအမြဲ၊ငရဲမှအပ
ထိုထိုဘဝ....မင်းကင်းလွတ်ပါစေ......
=========နေသူရိန်=========
Subscribe to:
Post Comments (Atom)
အလင်းပျောက်တာများမဆန်းပါဘူး
ReplyDeleteအလင်းပျောက်မှာပေါ့
မီးမှမလာတာ ( ဟိ )