Thursday, September 3, 2009

စောင့်မျှော်သူအတွက်

Happy Marrige Pictures, Images and Photos


ဘ၀အရေး မျှော်ကာတွေးလို့
တရွာတကျေး ထွက်ခွါသူမှာ
မောင့်ချစ်သူမေ စိုမျက်ရည်ကို
မကြည့်ပေမဲ့ သိနေပါတယ်
စိတ်ချယုံကြည် မောင့်အပေါ်ကို
စောင့်မျှော်သူက မေပေါ့်လေ
မောင်လည်းထပ်တူ မေနဲ့တူ
မခွဲချင်ပေမဲ့ သွားရအုံးမယ်
အပျော်မရှာ ငွေသာရှာမယ်
မောင်နှင့်မေတို့ နီးဖို့ကွယ်
နီးမယ့်အရေး မျှော်ကာတွေးရင်း
ပျော်နေမိတဲ့ မောင်ပါမေ
သစ္စာမဖေါက် တစ်ယောက်ဆိုတစ်ယောက်
ချစ်တယ်ဆိုတာ ယုံပါမေ
စာစီကာရေး မေ့အကြောင်းလေး
လွမ်းသူရင်မှာ ကဗျာတေး
မေနားဆင်ဖို့ တမန်တော်ပေး
စောင့်မျှော်သူအတွက် မောင်အမြန်ပေး
မောင်ရေးထားတဲ့ကဗျာလေး.........


=======နေသူရိန်======

ခုတလောနားထောင်မိတာက

ခုတလောစိတ်တွေကအရမ်းဖိစီးသလိုအရမ်းရှုပ်ထွေးနေပါသဖြင့်စာရေးခြင်းရပ်နားထားပါသည်၊