Monday, May 7, 2012

ချစ်နေမည်

ငါ့ရဲ့နာကြင်မူတွေကို ကျေးဇူးပြုပြီး လက်ခံပေးပါ
တကယ်တော့ မင်းမနှစ်သက်၊မလိုချင်မှန်း သိလျှက်နဲ့
တစ်ဖက်သတ်ပေးဆပ်ချင်ခဲ့သူပါ.......

မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို
အရှုံးပေးထားပါတယ် မင်းဖက်ကတော့
ပြန်မကြင်နာနိုင်မှန်းလည်းကြိုသိပါတယ်......

ဒါပေမဲ့
ရယူချင်းကင်းမဲ့ပြီး ပေးဆပ်တတ်တဲ့
နှလုံးသားသက်သက်နဲ့
ငါလေ မင်းကိုတစ်သက်လုံး
ဆက်ချစ်နေဦးမှာပါ....ငါ့ရဲတိတ်တခိုးချစ်သူရယ်...
............ဆောင်းနှင်း............

မှတ်ချက်။ ဆောင်းနှင်းရေးတာတော့မဟုတ်ပါဘူး ရေးသူတော့မသိပါ ကြိုက်လို့ပြန်လည်ကူးယူထားခြင်းပါ။
ခွင့်မပန်ပဲကူးယူထားပေမဲ့ ခံစာချက်တွေ ထပ်တူကျလို့ ရေးသူတွေ့ရင် ကျေနပ်ပါစေလို့ ဆန္ဒပြုရင်း.....