Wednesday, September 23, 2009

+++++++ဖြေ+++++++

ရင်ထဲလှိုက်ဆူ
အမိုက်သူရေ
မခံချင်စိတ်က
ဖိတ်လျှံကျလို့
ဒေါသစကား
မင်းသိအောင်လို့
နုတ်မှထွက်ဆို
ပြောလိုက်ချင်တယ်....
မာယာလုပ်ယူ
နှုတ်စူစူ နဲ့
ချွဲနွဲ့ပလီ
ငါ့....ရှေ့မှောက်ရောက်
ဒူးထောက်တောင်းပန်
ငိုဟန်ဆောင်တယ်
ရင်ထဲမပါတဲ့
သရုပ်ဆောင်သူ
မင်းကို......ငါက
ခွင့်လွတ်သည်းခံ
နင်အနိုင်ယူတိုင်း
အပြုံးမပျက်
မမုန်းရက်ပဲ
နင်အလိုလိုက်
အကြိုက်ဆောင်တိုင်း
နားထင်သွေးရောက်
မင်းကိုယ်မင်းတော့
အဟုတ်မှတ်ထင်
တွေးမမြင်နဲ့
ဘ၀တိုတောင်း
မအိုဟောင်းခင်
ဝဋ္ဋ့်အစဉ်ကွယ့်.......

ဆောင်းနှင်း
ဘာရေးရမှန်မသိလို့ ဟိုးအရင်ကရေးထားတာလေးပြန်ရေးထားတာပါ....ခွင့်လွတ်သည်းခံဖတ်စေလို