Wednesday, September 9, 2009

ပြီးခဲ့သောအတွေးပန်းချီ

anime Pictures, Images and Photos

ငွေစန္ဒာလမင်းကြီးက
အရောင်တွေထွန်းတောက်
ကြယ်ရောင်ပျောက်နေတဲ့
ဟောဒီ....မိုးကောင်းကင်ရဲ့
အောက်မှာ တစ်ကိုယ်တည်းငါ
အတွေးစတွေနဲ့အတူ
အဝေးကိုလှမ်းမျှော်ကြည့်ရင်း
စိတ်ကူးနဲ့ဝိုးဝါးလှတဲ့
မင်းပုံရိပ်တွေကို ပုံဖေါ်
ငါလေ.......
အတွေးပန်းချီတစ်ချပ်ကို
ရေးဆွဲနေမိတယ်.....
ပြည့်စုံလှတဲ့ အတွေးပန်းချီ
အလှတရားကို ခံစားရင်း
အလွမ်းသီချင်းလေးဆိုညည်း
နှုတ်မဆက်ပဲ ရုတ်တရက်ဆိုသလို
ယိုကျလာတဲ့ ငါ့မျက်ရည်နဲ့အတူ
ရှိုက်သံသဲ့သဲ့ ပဲ့တင်ထပ်မှ
သတိဟတ်မိ တွေးသိသည်က
ငါ့အတွေးပန်းချီလေး
ပြီးခဲ့ပြီ.........

..................ဆောင်းနှင်း.................