Tuesday, July 28, 2009

မေ့မရသူ

အချစ်ဆိုတာ
အပေါ်ယံ သကာရည်သုတ်ထားတဲ့
အဆိပ်ဆိုရင်
အဲဒီအဆိပ်ရည်စက်တွေကို
ခုံမင်စွာ သောက်သုံးနေတဲ့
ငါ့အတွက်တော့
ဝေဒနာခံစားရမှာ
သိလျက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့
သူရူးတစ်ယောက်လိုပါပဲ။
မိုးလင်းလို့
မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
ငါစဉ်းစားမိနေတာ
နင့် အကြောင်းပါ။
တစ်နေ့ထက်တစ်နေ့
သောက်မိနေတဲ့
အဆိပ်ရည်စက်တွေကြောင့်
ကြေကွဲခြင်း ဆိုတဲ့
ဝေဒနာကြီးကို
ခံစားရဖို့
အချိန်နီးကပ်လာပြီဆိုတာ
ငါသိနေပေမယ့်
နင့်ကိုဘယ်လိုမှ
မေ့လို့မရလို့ပါ
ချစ်သူ.....
ဆောင်းနှင်း