Saturday, July 18, 2009

စိတ်


အမှောင်ကျနေတဲ့ ဟောဒီကမ္ဘာကြီးမှာလည်းငါမနေချင်ဘူး။

ပိတ်ဆို့မွန်းကြပ်နေတဲ့ ဟောဒီလူ့ပတ်ဝန်းကျင်ကြီးမှာလည်းငါမနေချင်ဘူး။

အခက်ခဲတွေ၊ဒုက္ခများပြားလှတဲ့ ဟောဒီနေရာကြီးမှာလည်းငါမနေချင်ဘူး။

ပြောတိုင်းမရ၊လုပ်တိုင်းမဖြစ်တဲ့ ဟောဒီအလုပ်မျိုးမှာလည်းငါမနေချင်ဘူး။

လမ်းလျှောက်ရင်လမ်းပျောက်နေတဲ့ ဟောဒီလမ်းကိုလည်းငါဆက်မလျှောက်ချင်ဘူး။

မျှော်လင့်ခြင်းတွေပျက်သုန်းသွားတဲ့ ဟောဒီငါ့အတွေးအိမ်မက်တွေလည်းဆက်မမက်ချင်တော့ဘူး။

ဆေးရောင်စုံချယ်သထားတဲ့ ဟောဒီပန်းချီကားဟောင်းကြီးကိုလည်းငါမကြည့်ချင်တော့ဘူး။

ပြောရင်းဆိုရင်း ဟောဒီစကားလုံးတွေ၊စာလုံးတွေလည်းဆက်မရေးချင်တော့ဘူး....... ကွာ.....ပြီးရော


ဆောင်းနှင်း