Friday, November 20, 2009

အတွေးစ

ချစ်သူရေ...
မင်းနဲ့ငါ့ကြား
ဂုဏ်ဒြပ်တွေက
ခြားထားလေတော့
နေ့တစ်နေ့ရဲ့
အဆုံးသတ်ကို
ကြိုသိနေတဲ့
ငါ့.......လေ...
ရူးမိုက်စွာနဲ့ပဲ
အချစ်တွေပေးအပ်
မျက်စီအစုံမှိတ်
စိတ်ရဲ့ဆန္ဒတစ်စုံကို
အလိုလိုက်အကြိုက်ဆောင်
ခဲ့တယ်..... တွယ်ရာမဲ့
နှလုံးသားတစ်စုံက
မင်းဆီမှာမရရှိ
မှန်းသိလျှက်နဲ့
ယနေ့ထက်ထိ
ရစ်ဝဲကာဆက်လက်
ရှင်သန်နေလေသေး
တော့.....ငါ့အနာဂတ်
ခရီးဘယ်လို့များရှေ့
ဆက်ပါ့မယ်ချစ်သူရယ်.......



ဆောင်းနှင်း