အိုအိပ်မက်လေး
ဟိုအဝေးကို
ပြေးကာထွက်သွား
ငါ့အနားက
ဝေးစွာနေရာ
နှင်လေပါလည်း
အမှန်စင်စစ်
စိတ်တွင်းဖြစ်က
ရက်ဆက်ညစဉ်
မက်မိချင်သည်
မက်မိတည
ထိုခဏ၀ယ်
ချစ်စိတ်ကြည်နူး
ထိုစိတ်ကူးဖြင့်
ရူးဖန်များပြီ
အိပ်မက်လေးရယ်ပြန်မက်ချင် …
........ဆောင်းနှင်း..........
Showing posts with label ကိုယ်ပိုင်မဟုတ်သော. Show all posts
Showing posts with label ကိုယ်ပိုင်မဟုတ်သော. Show all posts
Tuesday, October 27, 2009
Sunday, October 18, 2009
ငါ့ချစ်စိတ်
ဒဏ်ရာဟက်တက်
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ......
........ဆောင်းနှင်း.........
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ......
........ဆောင်းနှင်း.........
Friday, August 28, 2009
ကျွန်းလေးပေါ်မှ"မောင်@မယ်တို့"
ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့
ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး
ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။
ဆောင်းနှင်း

Thursday, July 23, 2009
မျှော်လင့်ခြင်း

ဘဝက ပင်ပန်း ကြမ်းတမ်း လွန်းတော့လေ
ကောင်းကင် ကိုလဲ မော့မကြည့် အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညှင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာကျနော်မသိခဲ့ဘူးလေ
မျှော်လင့်မထားပဲအဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေ ကလှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်ဗျာ
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်လေ
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ
PS:( မင်းနားမှာနေခွင့်ပြန်ရမယ်ဆိုတာ)
တကယ်တော့ဒီကဗျာလေးကကိုကြယ်ကလေးရေးထားတာပါ...
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး
Wednesday, July 22, 2009
ရင်ထဲမှာ

တိုက်ဆိုင်မူတွေရှိတဲ့အခါ
လွန်လွန်ကဲကဲမင်းကိုသတိရမိသလို
တိုက်ဆိုင်မူတွေမရှိတဲ့အခါမှာလည်း
မင်းကိုလွမ်းတဲ့စိတ်ကိုထိမ်းချုပ်လိုမရပါဘူး
အဲ့ဒီအချိန်မှာကိုယ်အကြိမ်ကြိမ်ဆုတောင်းမိတာက
ကိုယ်မင်းကိုချစ်တဲ့အချစ်တွေဟာ
အလွမ်းတွေရဲ့အနိုင်ယူမူခံယူဖို့မမွေးဖွားပါရစေနဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေရယ်
မင်းကိုသတိရလို့ကျတဲ့မျက်ရည်တွေရယ်
အဲဒါတွေမရှိတဲ့ကမ္ဘာတစ်ခုကို
မင်းနဲ့ထပ်တူရချင်တယ်......

Sunday, July 19, 2009
ဝမ်း၊ဖိုး၊သရီး

Honey....
ကိုယ့်ကမင်းရဲ့နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခုမဖြစ်ခဲ့ရင်တောင်
မင်းကိုရိပ်မိုးပေးမဲ့ တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘဝရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ် ကြယ်လေးတစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းအနားမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားကအရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက်တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ

မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ။
Oh! Sweet heart.....မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
ဒါတွေကိုအတိအကျ
မခန့်မှန်းနိုင်ပေမဲ့
ကိုယ့်ကတော့သစ္စာဆိုရဲပါတယ်
I LOVE YOU SO MUCH.....
ံဘယ်သူရေးထားတာလည်းတော့မသိပါ။ကြိုက်လို့ကူးယူထားခြင်းပါ။ပိုင်ရှင်သိရှိက ခွင့်လွတ်ပါ......

Wednesday, July 1, 2009
အရက်တစ်ခွက်

ရွှေရောင်အရက်.....ရေတစ်ခွက်နဲ့..မျက်စိစုံမှိတ်.....အသက်အောင့်လျှက်...ကျိတ်မှိတ်ကာလေ...မျိုရတယ်....။
ခါးသက်ပြင်းရှ.....ဒီအရက်က...လှုံ့ဆော်လို့ သာ....နောက်တစ်ဖန်ခွက်သောက်ရတယ်....။
မျက်လုံးထဲမှာ.....မြင်မြင်သမျှ...အရက်ခိုးကြောင့်.....လှပလို့သာလာရတယ်.....။
ဒါဆို.....နောက်တစ်ခွက်က.....မှောက်လျှက်လဲကျ......ခေါင်းတစ်ချက်တောင်...မထောင်နိုင်ပဲရှိတော့တယ်.....။
ဝိုင်းဝန်းဆွဲမ.......ထူပေးတော့မှ......ချဉ်နံ့စူးရှ.....ပျို့ အန်ဖက်ကဝေါ့ခနဲပဲ.....ထွက်ရတယ်.....။(ထွီ....ရွံလိုက်တာ).....။
PS...ညီလေး၁ယောက်ရေးထားတာပါ
Subscribe to:
Posts (Atom)