Friday, July 31, 2009

ရင်ထဲကကလေး

anime couple Pictures, Images and Photos


ရင်တွင်းစကား ဖွင့်ပြောပြရင်
ရီဝေမျက်လုံး ပြုံးနှုတ်ခမ်းနဲ့
ရှက်ရွံ့မူရာ ချစ်စရာလေးပါ..ကလေးရယ်...
စကားပြောရင် ချိုသာတဲ့အသံ
ကြင်နာတဲ့ကြည့်
နူးညံတဲ့ အထိအတွေ့
သိမ်မွေ့တဲ့ အပြုအမူ
အားလုံးကို ရင်ခုန်မြတ်နိုးရတယ်....ကလေးရယ်
ကိုယ့်ကိုချစ်တယ်လို့
မပြောခဲ့ပေမဲ့ အတွေးရိပ်တွေနဲ့
ကြည်နူးပျော်ရွှင်နေမိတယ်
ကလေးရယ်....
ကလေးသာအနားအမြဲ
ထာဝရရှိရင်“ကို“လေ
ဒီကမ္ဘာကြီးရဲ့ ရွှေ့လျှားနေတဲ့
အချိန်၊နာရီ၊စက္ကန့်၊ရက်၊လ၊နှစ်တွေ
လည်ပတ်နေတဲ့ကမ္ဘာ
သံသရာကြီးကိုပါ ရပ်တန့်ထားချင်တယ်
ဘာကြောင့်လဲဆိုတော့
ကလေးနဲ့ထာဝရမခွဲအတူနေချင်လိုပေါ့....ကလေးရယ်....

...........ဆောင်းနှင်း...............

Thursday, July 30, 2009

ဆိုးစမ်းချစ်သူ

Couple Pictures, Images and Photos




မင်းကကိုယ့်ရင်ထဲရောက်လာတဲ့အချိန်ကစပြီး

အငယ်ဆုံးအဆိုးဆုံးဆိုတာငါသိခဲ့ရတယ်
အဲဒီအဆိုးတွေခံယူဖိုအသင့်ရှိနေသူက
ငါပါ...ချစ်သူရယ်...
အချစ်ကိုစားသုံးမိသူတို့အတွက်
အချစ်ရဲ့ဒဏ်ကိုခံနိုင်ဖို့
ကြိုးစားနေတယ်
မင်းဆိုးစမ်းပါ...ချစ်သူ....
မင်းထဆိုထ၊ထိုင်ဆိုထိုင်မှာပါ
ရင်ကွဲမဲ့စကား မုသားသုံးလည်း
ခွင့်လွတ်တယ်.....
မင်းအချစ်စမ်းထည်လည်းတွဲလည်း
မငြီးငြူတမ်း မျက်စိစုံမှိတ်
ရင်ထဲနာလည်း
သည်းခံတယ်.....
မင်းစေလိုရာစေ....
ငါဘဝမင်းအတွက် ပေးအပ်ချင်တယ်
ဒါပေမဲ့ချစ်ရယ်....
လမ်းခွဲစကား မကြားချင်ဘူး
အသက်သေထိအနွံနာခံမယ် ချစ်ကို
မင်းဆိုးလိုက်စမ်းပါ.....ချစ်သူ....


ဆောင်းနှင်း

Wednesday, July 29, 2009

သိစေချစ်သူ

CnradLoveYuri Pictures, Images and Photos




အချစ်ဆိုတဲ့အရာတခုကို

မေ့ဖျောက်ထားတဲ့ကိုယ်အတွက်
ရုတ်တရက်ဆိုသလို
ဒေါင့်ချိုးတနေရာက
ခိုဝင်ရောက်လာခဲ့တယ်......
မာလှပြီလိုထင်ထားတဲ့
ကိုယ့်အသဲနှလုံးက
ကျရှုံးမှန်းမသိကျရှုံးစေတယ်
ဒါပေမဲ့ ငါကျေနပ်တယ်....ချစ်သူ......
ပြောင်းလဲသွားတဲ့
ငါ့...စိတ်တခုကိုလည်းအံသြမိသလို
မင်းနဲ့ပတ်သက်လာရင်
ငါရဲ့မသိစိတ်ကပဲဖြစ်ဖြစ်
သိစိတ်ကပဲဖြစ်ဖြစ်
အလိုလိုလက်ခံမှုတွေကလေ.....

သူနဲ့အတူရှိနေရင် ငါပျော်တတ်လာတယ်
တခါတရံ သူစိတ်ဆိုးရင် ချော့ချင်လာတယ်
သူငိုနေ၊ဝမ်းနည်းနေရင် အားပေးချင်တယ်
သူပျော်ရင်အလိုလိုပျော်တတ်လာတယ်
သူကြောင်းတွေးရင်ကြည်နူးရတယ်
သူအတွက်အရာရာပေးဆပ်ချင်တယ်
ချစ်သူလက်ခံမယ်ဆိုရင်ပေါ့.....
ဒါပေမဲ့သူစိမ်းဆန်လွန်းတဲ့ စကားလုံးတွေနဲ့
ပြစ်ခွာသွားမှာကိုတော့
စိုးရိမ်မိတယ်....ချစ်သူရယ်....

ဆောင်းနှင်း

မျှော်လင့်ချက် မနက်ဖြန်

ခက်ခဲနေတဲ့ လူ့ဘ၀ကြီးမှာ
ကျပ်တည်းစွာ လှုပ်ရှားနေရတဲ့
လူသားတွေနဲ့ငါ
မြက်ထဲမှာ ကျပျောက်သွားတဲ့
အပ်တိုတစ်ချောင်းကို
ခက်ခဲစွာ ရှာဖွေနေရသလို
ပင်ပန်းလှပါတယ်
မသေသေးတဲ့ ခန္ဓာကိုယ်နဲ့
မတင်းတိမ်နိုင်သေးတဲ့ စိတ်တွေကြောင့်
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကြီးကို
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြည့်ချင်မိသေးတယ်။


ဆောင်းနှင်း

Tuesday, July 28, 2009

မေ့မရသူ

အချစ်ဆိုတာ
အပေါ်ယံ သကာရည်သုတ်ထားတဲ့
အဆိပ်ဆိုရင်
အဲဒီအဆိပ်ရည်စက်တွေကို
ခုံမင်စွာ သောက်သုံးနေတဲ့
ငါ့အတွက်တော့
ဝေဒနာခံစားရမှာ
သိလျက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့
သူရူးတစ်ယောက်လိုပါပဲ။
မိုးလင်းလို့
မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
ငါစဉ်းစားမိနေတာ
နင့် အကြောင်းပါ။
တစ်နေ့ထက်တစ်နေ့
သောက်မိနေတဲ့
အဆိပ်ရည်စက်တွေကြောင့်
ကြေကွဲခြင်း ဆိုတဲ့
ဝေဒနာကြီးကို
ခံစားရဖို့
အချိန်နီးကပ်လာပြီဆိုတာ
ငါသိနေပေမယ့်
နင့်ကိုဘယ်လိုမှ
မေ့လို့မရလို့ပါ
ချစ်သူ.....
ဆောင်းနှင်း

Sunday, July 26, 2009

အတောင်ပံတွေ


တကယ်လိုသာ ကိုယ့်မှာအတောင်ပံတွေသာရှိခဲ့ရင်လေ.....လေဟင်မှာဝဲအတူတွဲလိုပျော်ချင်ပါတယ်...

Saturday, July 25, 2009

အိမ်




ချစ်သူ...............
ငါမင်းအတွက်ရည်ရွယ်ပြီ အိမ်လှလေးတည်ဆောက်ခဲ့တယ်။
ဒါပေမဲ့မင်းကဒီအိမ်လေးမှာမနေလိုဘူးနော်...
မင်းကတော့အဝေးကိုထွက်ပြေး
ငါ့ကိုတော့ဒီအိမ်လေးထဲမှာသော့ခတ်သိမ်းထားခဲ့တယ်နော်။။
မင်းမနေလိုတဲ့ဒီအိမ်လေးမှာလည်းဘယ်လိုနေပျော်မလည်းချစ်သူရယ်...
မင်းမရှိတော့တဲ့ဒီအိမ်လေးမှာ အရာရာဟာလည်း
ငါအတွက်ခြောက်သွေ့လွန်းပါတယ်
အပျော်တွေကင်းမဲ့တဲ့အိမ်လေးရေ
မင်းကငါဒို့နှစ်ဦးကိုပျော်ရွှင်မှုတွေမှမပေးပဲ
မင်းကိုအပြစ်တင်ချင်တာတော့မဟုတ်ပါဘူး....
တကယ်တော့တည်ဆောက်ခဲ့တဲ့
ငါ့မှာသာအပြစ်ရှိတယ်ဆိုတာသိပါတယ်....
ငါဝမ်နည်းစွာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်....
ငါအဝေးထွက်သွားတော့မယ်နော်....


.......ဆောင်းနှင်း...........

Friday, July 24, 2009

ချစ်သူကအပြစ်မယူပဲအချစ်ယူခဲ့ရင်တော့ပျော်စရာပေါ့နော်

Takuto and Morgan forever ^.^ Pictures, Images and Photos


ချစ်သူရေ...............
တကယ်တော့ .............
ငါဟာမင်းရဲ့စေတနာမေတ္တာတွေကို
တန်ဖိုးမထားမလေးစားတာမဟုတ်ပါဘူး
အချစ်ကြီးလွန်းလို့ငါအတ္တကြီးသွားတာပါ
င့ါရင်ထဲကိုမင်းခဏလောက်ဝင်ကြည့်ရရင်ဝင်ကြည့်ပေးပါ
တကယ်လို့ ငါ့ရင်ကိုမြင်နိုင်တဲ့မျက်စိအစုံရှိမယ်ဆို
တချက်လောက်ငဲ့ကြည့်ပေးပါ
ငါဟာမျှော်လင့်ခြင်းဆိုတဲ့ အရာတစ်ခုကို
အသက်သွင်းပြီးနေ့ရက်တွေကိုကုန်ဆုံးစေခဲ့တယ်
သူတပါးတွေကပြောတယ်
မျှော်လင့်ခြင်းဆိုတာမရှိမကောင်း၊ရှိမကောင်းတဲ့
အမှန်တရားဆိုတာငါလက်ခံနိုင်ပေမယ့်
ငါ့နှလုံးသားက ခါးခါးသည်းသည်းငြင်းဆန်နေတယ်
အရင်ကတော့ အိမ်မက်တွေကို
ရွံ့မုန်းတတ်သူတယောက်က
အခုဆိုအဲဒီအိမ်မက်တွေကိုတရှိုက်မက်မက်နဲ့
ခင်တွယ်ရစ်မူးနေမိတယ်....
သက်မဲ့တဲ့အိမ်မက်တွေထဲမှာ
မင်းပါနေတော့သက်ရှိလို့ငါခံစားပြီး
ပျော်မြူးနေလိုက်တာ အဲ့အချိန်မှာလန့်နိုးလို့
ငါ့ကိုယ်ငါ ဘဝင်မကျဖြစ်မိတယ်
အဲဒီလို ဆုံးရှုံးသွားတဲ့အိမ်မက်တွေ
အကြိမ်ကြိမ်ထပ်လာဖိုလည်းမျှော်လင့်နေတုန်းပါပဲ
အဲဒါကြောင့်................
မင်းမရှိရင်မနေတတ်တဲ့
ငါဘဝကိုလည်းငါရွံ့မုန်းမိတယ်
မင်းကိုအမြဲလိုလိုတွေ့ချင်တဲ့
ငါ့မျက်စိအစုံကိုလဲဖောက်ထုတ်ချင်လောက်အောင်ရွံ့မုန်းမိတယ်
မင်းအသံလေးကိုမှကြားချင်မိတဲ့
ငါ့နားအစုံကိုလည်းထာဝရပိတ်ဆို့ထားချင်မိတယ်
ပြောစရာမရှိပေမဲ့ရှာပြောတတ်တဲ့
ငါ့ပါးစပ်ကိုလည်းလေးနက်တဲ့အပြစ်တွေပေးချင်မိတယ်
နောက်တစ်ခုက....
ငါအချစ်ကြောင့်စိတ်အနှောင့်ရှက်ဖြစ်သွားတဲ့
မင်းကိုလည်းတောင်းပန်ချင်တယ်
ခွင့်လွှတ်ပါချစ်သူ....


ဆောင်းနှင်း

Thursday, July 23, 2009

မျှော်လင့်ခြင်း



ဘဝက ပင်ပန်း ကြမ်းတမ်း လွန်းတော့လေ


ကောင်းကင် ကိုလဲ မော့မကြည့် အားဘူး

ပူလောင်လွန်းတဲ့ဘဝအတွက်

လေပြေညှင်းတွေ

ကြယ်စင်တွေ ကောင်းကင်မှာ

ရှိတာ
ကျနော်မသိခဲ့ဘူးလေ

မျှော်လင့်မထားပဲအဲဒီပေါ်ရောက်သွားဖူးတယ်

ကြယ်စင်တွေ ကလှတယ်နော်

လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ

လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက

လှပစွာမြင်ခဲ့ဖူးတယ်

ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်



ဟိုး~~~~အမြင့်ကြီ:ရောက်မှ

ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်ဗျာ

အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
လေ

မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်

လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်

မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ

PS:( မင်းနားမှာနေခွင့်ပြန်ရမယ်ဆိုတာ)
တကယ်တော့ဒီကဗျာလေးကကိုကြယ်ကလေးရေးထားတာပါ...
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး

နင်သိစေလို

ချစ်သူရေ
ငါဟာမရေရာတဲ့
ဘဝတစ်ခုကိုလျှောက်ရင်းနဲ့
လမ်းပြောက်နေတဲ့သူပါ
ငါ့ကိုယ်ငါဘာမှန်းမသိ
ငါ့ဘဝအတွက်
တိကျတဲ့အဖြေကိုရှာရင်းနဲ့
တွေဝေနေခဲ့တယ်။
ဘဝမှာ မရေရာ၊ မသေချာ၊တိကျမူတွေမရှိခဲ့ပေမဲ့
ငါရင်ထဲအသဲထဲမှာတိကျတဲ့အဖြေတစ်ခုနဲ့တိကျတဲ့အရာတစ်ခုရှိတယ်
ဘာလည်းဆိုတော့
ငါလေနင့်ကိုအရမ်းချစ်တယ်
ဒါကိုတော့.....နင်သိစေလိုတယ်.......


...........ဆောင်းနှင်း.............

Wednesday, July 22, 2009

ရင်ထဲမှာ


တိုက်ဆိုင်မူတွေရှိတဲ့အခါ
လွန်လွန်ကဲကဲမင်းကိုသတိရမိသလို
တိုက်ဆိုင်မူတွေမရှိတဲ့အခါမှာလည်း
မင်းကိုလွမ်းတဲ့စိတ်ကိုထိမ်းချုပ်လိုမရပါဘူး
အဲ့ဒီအချိန်မှာကိုယ်အကြိမ်ကြိမ်ဆုတောင်းမိတာက
ကိုယ်မင်းကိုချစ်တဲ့အချစ်တွေဟာ
အလွမ်းတွေရဲ့အနိုင်ယူမူခံယူဖို့မမွေးဖွားပါရစေနဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေရယ်
မင်းကိုသတိရလို့ကျတဲ့မျက်ရည်တွေရယ်
အဲဒါတွေမရှိတဲ့ကမ္ဘာတစ်ခုကို
မင်းနဲ့ထပ်တူရချင်တယ်......

Tuesday, July 21, 2009

ပန်းလိုလှချစ်သူမ


ချစ်သူဆံထုံး
ပန်းတစ်ကုံး
သနပ်ခါးဝါ ပါးမှာမှုန်း
မူရာ ခပ်ပြုံးပြုံး
မြတ်နှလုံးကြောင့် မျက်နှာရွှင်
စိတ်ရင်း ဖြူဖြူစင်
မြင်သူတကာရှူ့လိုငေး
ဒီမောင်ရင်မအေးပြီ
ခရီးဝေးကမောင်အပြန်
ကိုယ့်ချစ်သူလှပန်းပန့် နန်းဆန်ဆန်
နံသာလိမ်ကျံ ကြိုလို့စီး
မောင့်အမောပြေပေါ့....အချစ်တုံးကြီး...ဟီး

ဆောင်းနှင်း

Monday, July 20, 2009

မင်းအတွက်

ငါအမြင်အာရုံဖြစ်တဲ့
ငါမျက်လုံးအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါအကြားအာရုံဖြစ်တဲ့
ငါနားအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။

ငါရသာအာရုံဖြစ်တဲ့
ငါခံတွင်းကိုလည်းပိတ်ဆို့ကာစီးထားတယ်။

ဒါပေမဲ့
ငါရင်ခွင်တံခါးကိုတော့စေ့ရုံလေးစေ့ ထားတယ်။
ဘာလိုလည်းဆိုတော့ မင်းအတွက်တံခါးမခေါက်ရပ်မစောင့်ပဲ
မင်းဝင်လိုကဝင်
မင်းထွက်လိုကထွက် သဘောကိုဆောင်ပါတယ်.....ချစ်သူ...

ဆောင်းနှင်း

Sunday, July 19, 2009

ရင်ထဲကဖေဖေ







အဖေ....
လောကကြီးကလည်း အဖေကိုသတိရနေတယ်
နေမင်းကြီးကလည်း အဖေကိုသတိရနေတယ်
လမင်းကြီးကလည်း အဖေကိုသတိရနေတယ်
ကြယ်စင်လေးတွေလည်း အဖေကိုသတိရနေတယ်
လေးညှင်းလေးတွေကလည်း အဖေကိုသတိရနေတယ်
အဲဒီလို သက်မဲ့လေးတွေကတောင်သတိရနေရင်၊သက်ရှိဖြစ်တဲ့
အဖေရဲ့၊အဖေ၊အမေ၊သား၊သမီး၊မြေး၊မြစ်တွေကလည်း ရင်ထဲ၊အသဲထဲမှာအမြဲထာဝရသတိရနေသလိုဘယ်သောအခါမှလည်းမေ့လိုရမှာမဟုတ်ပါဘူး...အဖေ...
ဆောင်းနှင်း

















.....

ဝမ်း၊ဖိုး၊သရီး



Honey....
ကိုယ့်ကမင်းရဲ့နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခုမဖြစ်ခဲ့ရင်တောင်
မင်းကိုရိပ်မိုးပေးမဲ့ တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘဝရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ် ကြယ်လေးတစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းအနားမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားကအရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက်တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ
မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ။
Oh! Sweet heart.....မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
ဒါတွေကိုအတိအကျ
မခန့်မှန်းနိုင်ပေမဲ့
ကိုယ့်ကတော့သစ္စာဆိုရဲပါတယ်

I LOVE YOU SO MUCH.....
ံဘယ်သူရေးထားတာလည်းတော့မသိပါ။ကြိုက်လို့ကူးယူထားခြင်းပါ။ပိုင်ရှင်သိရှိက ခွင့်လွတ်ပါ......

Saturday, July 18, 2009

စိတ်


အမှောင်ကျနေတဲ့ ဟောဒီကမ္ဘာကြီးမှာလည်းငါမနေချင်ဘူး။

ပိတ်ဆို့မွန်းကြပ်နေတဲ့ ဟောဒီလူ့ပတ်ဝန်းကျင်ကြီးမှာလည်းငါမနေချင်ဘူး။

အခက်ခဲတွေ၊ဒုက္ခများပြားလှတဲ့ ဟောဒီနေရာကြီးမှာလည်းငါမနေချင်ဘူး။

ပြောတိုင်းမရ၊လုပ်တိုင်းမဖြစ်တဲ့ ဟောဒီအလုပ်မျိုးမှာလည်းငါမနေချင်ဘူး။

လမ်းလျှောက်ရင်လမ်းပျောက်နေတဲ့ ဟောဒီလမ်းကိုလည်းငါဆက်မလျှောက်ချင်ဘူး။

မျှော်လင့်ခြင်းတွေပျက်သုန်းသွားတဲ့ ဟောဒီငါ့အတွေးအိမ်မက်တွေလည်းဆက်မမက်ချင်တော့ဘူး။

ဆေးရောင်စုံချယ်သထားတဲ့ ဟောဒီပန်းချီကားဟောင်းကြီးကိုလည်းငါမကြည့်ချင်တော့ဘူး။

ပြောရင်းဆိုရင်း ဟောဒီစကားလုံးတွေ၊စာလုံးတွေလည်းဆက်မရေးချင်တော့ဘူး....... ကွာ.....ပြီးရော


ဆောင်းနှင်း

Friday, July 17, 2009

အလိုတော်ကျ

အချစ်သခင်
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နှုတ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......?????

ဆောင်းနှင်း

Wednesday, July 15, 2009

မုသားမပါသော

ချစ်သူ “ငါ “ မင်းကိုလွမ်းနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်းမင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပျော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသားမပါတဲ့ ငါ့စကားပါ.....ချစ်သူ.........


ဆောင်းနှင်း

Tuesday, July 14, 2009

ပန်း

rose Pictures, Images and Photos

ပန်းလှတပွင့်
နံ့ပျံ့လွင့်လို့
ဆွတ်ယူမယ်ဟန်ပြင်
ကြွေလွင့်ပျက်သုန်း
အလှဆုံးမည့်ကြောင့်
မခူးငင်ရက်ပါ......

ပန်း၏သဘော
မခူးလဲ “ နွမ်း “
ခူးလဲ “ နွမ်း “ မို့
ပျက်သုန်းကြွေကျ
မြေခမှသာ
နမ်းပါရစေလားကွယ်........

ဆောင်းနှင်း

Monday, July 13, 2009

ရူးမိုက်ခြင်းရဲ့ဆန္ဒ

မြင်တွေ့ချင်တာက......မင်းရုပ်လွှာ

ကြားချင်မိတာက ......မင်းအသံ

နေချင်မိတာက..........မင်းအနား

ဒါပေမဲ့......ဘဝကံတရားက

ပိုင်းခြားထားတော့၊အလွမ်းဆိုတဲ့

ထုထည်ကြီးကိုရင်မှာပိုက်

ဘယ်တော့နီးရမလည်းဆိုတဲ့

အတွေးအိမ်မက်မှုန်ဝါးဝါးတွေကြားမှာ

ရူးမိုက်စွာပျော်ပိုက်နေတဲ့...“ငါ့ ” အတွက်

နောက်ဆုံးမင်းဆီက ရရှိလိုက်တာက

အပြုံးလေးတချက်ပါ.....ချစ်သူ....


PS..ကျွန်နော်ချစ်မိသူအားချစ်လားလိုမေးမိတဲ့ခါတိုင်းသူကမြဲပြုံးပြတယ်ဗျာ

..........ဆောင်းနှင်း............

Sunday, July 12, 2009

ဘယ်လိုအိပ်မလည်း

ပလက်ကယ်လန်
နဖူးပေါ်လက်ဝဲ
အိပ်မယ်လို့ဟန်ပြင်
မဖိတ်ခေါ်ပဲရောက်ရောက်
လာတဲ့ဒီအတွေး
ဘယ်မှလည်းပြေးမလွတ်
မျက်စီ့ကိုစုံမှိတ်
ကြိတ်မှိတ်လို့ပယ်ချ
တယ်...........ဂွကျတဲ့
ဒီအတွေးနော်
အောင့်အီး၍လည်း
နေမရခဲ့
လူးလိမ့်လို့သာ
ဟစ်လိုက်ခြင်ရဲ့
အော်.....ဒီတညတော့
ဘယ်လိုများအိပ်ရပါ့...မယ်......

ဆောင်းနှင်း

Saturday, July 11, 2009

ခွဲသွားသူ

ချစ်သယောင်
ချစ်ဟန်ဆောင်ပြီး
မာယာကြွယ်တဲ့
အပြုံးမျက်နှာနဲ့
ကျော့ကွင်းတွေစဉ်
နောက်ဆုံးတော့
ရက်စက်ခြင်းကို
သရုပ်မဖော်ပဲ
အပြုံးလေးနဲ့
ငါ့နှလုံးသား
ကြွေပြုန်းသွားအောင်
ပြုရက်ပြီပေါ့..... ချစ်သူရယ်.......


ဆောင်းနှင်း

Friday, July 10, 2009

လူ့သဘာဝ

ငါ့၏နှလုံး
မရွှင်ပြုံးလည်း
စိတ်အမူ၌
ကိုယ်မပါနဲ့
နှလုံးမရွှင်
စိတ်အသွင်
ပီတိမရှိလည်း
အပြုံးရှိခိုက်
ဝန်းကျင်အလိုက်
နေလိုက်ခြင်းက
လူ့သဘာဝ။။။။။။။။။


ဆောင်းနှင်း

Thursday, July 9, 2009

မေတ္တာချုံ

တနယ်တကြေး

အနေဝေးလည်း

ယခင်၊ယခင်

ချစ်ခဲ့စဉ်က

သံယောဇဉ်မျှစ်

တွယ်ရစ်ခိုင်မာ

နွယ်ဖြစ်ခဲ့ပြီမို့

ဤမေတ္တာ.....ချုံဘုတ်

ရှင်းဖို.ခက်၏။။။။။။။။။။။။။။


..........ဆောင်းနှင်း..........

Wednesday, July 8, 2009

နွမ်း၊လွမ်း၊ကြမ်း၊ဆန်း

ပန်းဆိုတာ "နွမ်း" တယ်

အချစ်ဆိုတာ"လွမ်း" မယ်

ဘဝဆိုတာ "ကြမ်း"တယ်

သဘာဝဆိုတာ"ဆန်း"တယ်



မှတ်ချက်။။။။။။ ပန်းတို့မည်သည် ကန့်သတ်ချက်မရှိတဲ့ အချိန်အတွင်းမှာ နွမ်းတတ်ပါတယ်။
အချစ်ဟာလည်းမမျှော်လင့်ပဲလွမ်းတတ်ပါတယ်။အဲ့ဒါကိုတော့ချစ်တတ်သူများသိကြပါတယ်။
ဘဝဆိုတာဟာလည်း အမြဲလိုလိုကြမ်းနေစမြဲပါ။
သဘာဝဟာလည်းတစ်ခုပြီးတစ်ခု၊တစ်မျိုးပြီးတစ်မျိုးအမြဲတမ်းပြောင်းလဲဆန်းသစ်နေဆဲပါ။

ဆောင်းနှင်း

Tuesday, July 7, 2009

အမှားများနဲ့ငါ့....ဘဝ

အတိတ်ကံကြောင့်
ငါ့လုပ်တရား
မှန်သော်ငြားလည်း
ရှေးရှေးကဝဋ်
အရိပ်ပမာ
အကြောင်းပါ၍
မြင်သူအကြည့်
အမှောင်တိကြောင့်
ပြုသည့်အမူ
ထို.....သူအဖို့
မှားပြန်၏.........


ဆောင်းနှင်း

Monday, July 6, 2009

အဖေအကြောင်း

တကယ်တော့ဒီပို့စ်လေးနဲ့ကဗျာလေးကိုအဖေများနေ့ကတင်ချင်ခဲ့တာပါ။
အဲဒီတုန်းကလည်းအနော်ဘလော့မဖွင့်ရသေးတာရယ်၊မြန်မာလိုမရေးတတ်တာကြောင့်မရေးဖြစ်ခဲ့ပါဘူး။
ယခုလည်းမြန်မာလိုကောင်းကောင်းမရေးတတ်သေးပါဘူး
မနဲကြိုးစားပြီးရေးနေရတော့သူ့အတွက်အချိန်တော်တော်ပေးရပါတယ်။
အဖေနဲ့ပတ်သက်ပြီး ဒီရက်တွေမှာ အဖေကိုလွမ်းတဲ့ စိတ်ပြင်းပြနေမိတယ်ဗျာ။
အဖေလွမ်းနေမိတာကတော့ငယ်ငယ်လေးမှခုအရွယ်ထိပါပဲ။
အဲဒီလိုအလွမ်းဓာတ်စုဝေးနေတဲ့အချိန်မှာအဖေများနေ့ကအမအနမ်းရဲ့
ဘလော့လေးကိုသွားရောက်လည်ပတ်ရင်းအမအနမ်းရေးထားတဲ့အဖေအကြောင်းလေးရယ်၊
နောက်အမတစ်ယောက်ဖြစ်တဲ့အမကြယ်ပြာရဲ့ဖေ့မွေးနေ့(ဇွန်လ၂၃)ကိုဖတ်ပြီး အနော်ရင်ကိုဆူလောင်မိတယ်...သတိ...အမတွေကိုပြစ်တင်တာဟုတ်ဘူနော်။
အားကျမိတာပါ။ အဲဒီလိုအဖေလို့တဝကြီးခေါ်ချင်တာရယ်၊ ဖေ့အတွက်အမှတ်တရဖြစ်မယ့်အရာလေးတွေကိုလုပ်ပေးချင်တဲ့ဆန္ဒအဲဒါကိုအားကျမိတာပါ။
တကယ်တော့အနော်ဟာအဖေရဲ့အေးမြတဲ့မေတ္တာကိုကောင်းစွာမရရှိခဲ့ပါဘူး
နော်အဖေကအနော်ဆယ့်နှစ်သားအရွယ်ကတည်းကအနော်တို့
မိသားစုနဲ့ကမ္ဘာလောကကြီးကိုနှုတ်ဆက်ထွက်ခွါသွားခဲ့ပါတယ်။
အဲဒီတုန်းကတော့အရွယ်ကငယ်သေးတော့ခံစားမှုဆိုတာဘာမှမရှိခဲ့ဘူးလေ။
အဖေဈာပနဆိုတော့အိမ်မှာလူတွေအများကြီးတွေ့ရတော့ပျော်တောင်နေမိသေးတယ်။
မေမေ၊မမတွေကတော့ပူဆွေးသောကရောက်နေချိန်ဆိုတော့အားလုံးကမျက်ရည်နဲ့မျက်ခွက်ပေါ့။
အနော်ကကလေးလေးပဲလေပူဆွေးခြင်း၊သောကရောက်ခြင်းကင်းမဲ့နေချိန်အဖြူ၊အမဲကောင်းစွာမမြင်နိုင်သေး ခဲ့ပါဘူးလေ။အဲဒီလိုနဲ့အနော်(၆)တန်းကျောင်းသားအရွယ်ရောက်တော့ကျောင်းကပေးတဲ့ဆုနှင်းသဘင်
ပွဲမှာမိဘစုံညီနဲ့တက်ခွင့်မရတဲ့အခါမှာအနော်ရင်ထဲမှာအဖေကိုစတင်လွမ်းဆွတ်မူဝေဒနာစတင်ခဲ့ပါ
တော့တယ်။အဲဒီတုန်းကလည်းဆုယူနေတုန်းတော့ခပ်ပြုံးပြုံးပေါ့ယူပြီးတော့ငိုလိုက်ရတာရှိုက်ကြီးတငင်ငင်နဲ့
ပါ။မေမေကမေးပါတယ်သားဘာလို့ငိုတာလည်းမင်းပျော်လို့ငိုတာလားတဲ့လေအတော်ကြာမှဟုတ်ကဲ့
မေမေလိုပြန်ဖြေခဲ့တာကိုယနေ့တိုင်မေလိုမရသေးပါ။
အဲဒီလိုဖြေလိုက်တာမေမေစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ပါ။
တကယ်တော့သူများတွေလိုပျော်ချင်ခဲ့တာပါ....
အဖေနဲ့ပတ်သက်ပြီးရေးချင်တာတွေအများကြီးရှိပါသေးတယ်။

နောက်မှဆက်ရေးတော့မယ်နော်။။။

ဒါပေမယ့်ဖေဖေဟာအောက်ကကဗျာလေးထက်မကမိသားစုအပေါ်တာဝန်ကျေပွန်ခဲ့ပါတယ်။။။။။။။

ဆောင်းနှင်း

....အနန္တဖခင်.....

အိမ်ထောင်တခု
စုတည်ခိုက်ဝယ်
အိမ်ဦးသခင်
မြတ်ဖခင်....
မိသားစုရေး
မျှော်တွေးစလို.
အကြင်နာနွေးဓာတ်
ပေးအပ်ခဲ့ရှာ.......
သာယာလှပ
မိသားစုဘဝ
ဆောက်တည်ပြုလျှက်
မေတ္တာဟုန်ဟုန်
လွှမ်းခြုံကျလျှက်
အန္တရယ်အပေါင်း
ဘေးမခငြှောင်းအောင်
ကာကွယ်စောင့်မ
ပြုစုခဲ့၏............
ဝတ်စားနေမူ
ထိုအစုလည်း
ပြေလည်ဖို.ရေး
လက်မနှေးပဲ
အားနှယ်အင်နှယ်
မဟာချွှေးဆက်
သတေးဆက်ခဲ့
တုန်လူပ်ခြောက်ခြား
မရှိငြှားလည့်
ကျေပွန်ထမ်းရွက်
မေတ္တာစစ်နဲ.
အုပ်မိုးဖေးမ
ဖေ့ဖေ့ဘဝ......
ဤမျှကြီးလှ
ဖခင်အနန္တ
ခေါ်ဆိုရလည်း
ဦးစွာပထမ....ရှစ်ခိုးပါ၏။ကတော့ပါ၏။။။။။။။။။

ဆောင်းနှင်း


Sunday, July 5, 2009

ပြောင်းလွဲခြင်း

တောတောင်ရေမြေ
စိမ့်စမ်းရေနှင်.
တသွင်သွင်စီးလျှံ
ချောင်းပေါက်စဝယ်
ကြည်လင်အေးမြ
ရေအေးရ၍
သတ္တဝါပေါင်း
အားထားရသွင်
ရှိနေခိုက်ဝယ်
ဖေါက်ပြန်ဥတု
အကျိုးစုကြောင့်
ပြောင်းလွဲတဖန်
ခမ်းခြောက်ပြန်၏......။။။။။။။။။။။

ဆောင်းနှင်း

Saturday, July 4, 2009

လွမ်းလွန်းလို့

အတိတ်ကို အရိပ်လို့

ယူဆခဲ့ပေမဲ့

စိတ်အစဉ်မှာတော့

အရိပ်တွေက နမိတ်တွေလို

ကိုယ်ထင်ပြလို.

စွဲရစ်ခြင်းကို အခြေပြု

မျက်စိအောက် ပျောက်ကွယ်သွားမှာကိုတော့

တကယ်ကိုစိုးထိတ်မိတယ်ဆိုရင်

ငါ့.....ရင်ထဲကမင်းကိုလွမ်းလွန်းလို့ဆိုတာမင်းသိနိုင်ပါ့မလား.....ချစ်သူရယ်....

ဆောင်းနှင်း

Friday, July 3, 2009

ပျော်သလိုသာနေပါ

ပြိုမရောင် ငြိုမှောင်တဲ့မျက်နှာနဲ့

အားငယ်မနေပါနဲ.ချစ်သူရယ်.....


အဆိုးကိုအကောင်းမှတ် အားတင်းပြီးပြုံးလိုက်စမ်းပါ.....

ပုလဲခလို့ကြွေကျမယ့်မျက်ရည်မိုး

အမဲ့တစ်ခါ..အပြုံးတစ်ရာနဲ့

ပျော်သလိုသာနေလိုက်ပါ

ချစ်သူရယ်.........။။။။။။။။

..............ဆောင်းနှင်း...........

အလွမ်းများ

နူးညံ့တဲ့....မင်းအပြုံး

ချိုသာတဲ့....မင်းအသံ

ပေါ်လွင်တဲ့.....မင်းအလှ


နဒီပပလိုထင်မှတ်မှားမိတာကြောင့်


တွယ်ရစ်ခြင်းကို.......ရင်မှာနှစ်

မျှော်လင့်ခြင်းကို....အပင်ပျိုး

ရူးသွပ်ခြင်းက....ရှင်သန်

နောက်ဆုံးတော့လည်း

ငါ့.....နှလုံးသားဒီသစ်ပင်ကြီးမှာ

အလွမ်းဆိုတဲ့သစ်သီးတွေ

ဝေဆာလိုနေလေရဲ.။။။။။။။


.............ဆောင်းနှင်း..............

Thursday, July 2, 2009

တိတ်တိတ်ကလေးပါပဲ

လူကိုကြည့် ပြုံးစိစိနဲ့

မြင်သူအသဲ ထင်ကာပဲကျန်

ကြည့်သူနှလုံး ရွှင်ပြုံးစေတဲ့

အလှသခင် မရွှေစင်ရယ်

ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်

တိတ်တိတ်ကလေးပဲ

ခွဲသွားခဲ့တယ်နော်........

.........ဆောင်းနှင်း...........

ဆုတောင်း

အို...အရှင်
အရှင်တပည့်လူဖြစ်သည်က
အဆိုးတလှည့်၊အကောင်းတဖန်
ကြုံရပြန်လည်း၊နှစ်ထွေဒွါရ
သောကမရ၊ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည့်အလား
ဆုတောင်းတိုင်းသာပြည့်မည်ဆိုက
လိုရာဆုတွေပြည့်ပါစေသား
အရှင်မြတ်ဘုရား
.........

...........ဆောင်းနှင်း...........

Wednesday, July 1, 2009

အရက်တစ်ခွက်


ရွှေရောင်အရက်.....ရေတစ်ခွက်နဲ့..မျက်စိစုံမှိတ်.....အသက်အောင့်လျှက်...ကျိတ်မှိတ်ကာလေ...မျိုရတယ်....။

ခါးသက်ပြင်းရှ.....ဒီအရက်က...လှုံ့ဆော်လို့ သာ....နောက်တစ်ဖန်ခွက်သောက်ရတယ်....။

မျက်လုံးထဲမှာ.....မြင်မြင်သမျှ...အရက်ခိုးကြောင့်.....လှပလို့သာလာရတယ်.....။

ဒါဆို.....နောက်တစ်ခွက်က.....မှောက်လျှက်လဲကျ......ခေါင်းတစ်ချက်တောင်...မထောင်နိုင်ပဲရှိတော့တယ်.....။

ဝိုင်းဝန်းဆွဲမ.......ထူပေးတော့မှ......ချဉ်နံ့စူးရှ.....ပျို့ အန်ဖက်ကဝေါ့ခနဲပဲ.....ထွက်ရတယ်.....။(ထွီ....ရွံလိုက်တာ).....။



PS...ညီလေး၁ယောက်ရေးထားတာပါ