Friday, February 24, 2012

ငါသည်သာ ငမိုက်သား

ချစ်သူ၏ရင်ခွင် လှမ်းမြင်သော်လည်း မလျှောက်နိုင်ခဲ့
ချစ်တွေကို ပန်းလိုသီကုံး အလှဆုံးဖြစ်အောင် ဖူးပွင့်သော်လည်း မဆွတ်ခူးနိုင်ခဲ့
ဖြူစဉ်မေတ္တာ ပေးနေသော်လည်း မလှမ်းယူနိုင်ခဲ့
သူ၏သစ္စာ တည်နေသော်လည်း မစောင့်တည်ခဲ့
အကြိုက်ကိုဆောင် အလိုတော်ကျ နေပြသော်လည်း ဘ၀င်မကျခဲ့
ဘ၀ပန်းလေး ငြိုးစေကငြိုးစေ ပေးချူခွင့်ပေး အလေးမထားခဲ့
ပြီးပြည့်စုံမူ အစုစုတည် လိုဖွယ်မရှိ အချစ်တိဖြင့်
ငြိုညင်မူကင်း ပေးအပ်လိုက်လျှော ခွင့်လွတ်သည်းခံ အကြင်နာတွေပေး မမြင်ရှာခဲ့
"သို့ဖန်များကြောင့် ငါသည်သာ ငမိုက်သားနှယ်"
ဖြူစဉ် အချစ်မထိုက်လေရော့လော..............

ဆောင်းနှင်း

ကျေးဇူးတင်လွှာ

ဆောင်းနှင်း blog ကို စတင်ရေးသားနေပါပြီ....ကျနော် blog မာန်ဗာတွေရော လမ်းမှားပြီး အလည်အပတ်လေရောက်ရှိလာသူအပေါင်း စိတ်၏ချမ်းသာ၊ကိုယ်၏ချမ်းသာ ပြီးပြည့်စုံကျပါစေ....
ဆောင်းနှင်းရဲ့ ရင်တွင်ဖြစ်လေးတွေ အချိန်လင့်မှီ ထမီအသစ်လေးနဲ့ဖြစ်ဖြစ်၊ အချိန်မနှောင်းမှီ ထမီဟောင်းလေးနဲ့
ဖြစ်လာရောက်အာပေးခံစား သွားတဲ့ blog ညီကိုယ်မောင်နှမများအား ကျေးဇူးအထူးအထူးပဲ တင်ပါသည်ဆိုသည့် အကြောင်း ဒီနေရာလေးမှာပဲပြောပြစေ.....၀န်ခံခြင်းဟာရိုးသားမူတစ်ခုလို့ ဆိုလျှင် ဆောင်းနှင်းဝန်ခံ ပြစေ.... blogလေးကိုရေးပေမဲ့ တတ်ကျွမ်းကြင်လိုရေခြင်းတော့မဟုတ်ပါ အမှားပါက ဖြည့်ဆွတ်ဖတ်ပေးပါ...ပြင်သင့်တာရှိရင် ပြင်ဖို့သတိပေးနိုးဆော်နိုင်ပါသည်......ဆောင်နှင်းလက်ခံပါမည်ဖြစ်ကြောင်း...........နောက်တစ်ခုက ဆောင်နှင်းက အချစ်နဲ့ပတ်သက်တဲ့ စာလေးတွေ ကဗျာလေးတွေရေးတတ်ပါတယ်.....ဘာကြောင့်ရေးမီသလဲတော့ မသိပါ ကဗျာရေးခြင်းဝါသနာထုံခဲ့ခြင်းကြောင့် ကာရံ၊ နဗေမသိပေမဲ့ ရင်ထဲ့မှာရှိတာလေးတွေ ရေးချလိုက်တာပါပဲ....အဲဒါကြောင့် အမှားရှိမည်ဆိုတာ လက်ခံထားသူပါ....ပြင်ဆင်ဖို့ အကြံပေးသူကိုတော့ အမြဲကြိုဆိုလျှက်ပါ.........အကြံပေးတာနဲ့ သရော်တာမတူဘူးနော်....အကြံပေးသူကိုချစ်ပါမည်၊ သရော်သူကိုတော့ ဆောင်းနှင်းမှန်းမီမှာအမှန်ပါ........ဆောင်းနှင်း အမုန်းတွေကို ရင်ဝယ်ပိုက်ပြီ လမ်းတော့မလျှောက်ချင်ပါ...........ချစ်သောသူသာဖြစ်ပါစေ.......တဆက်တည်း ဆောင်းနှင်းဝေ လို့ပေးထားတာလည်းရှင်းလင်းချင်ပါတယ်.........ဆောင်းဆိုတာ အေးမြချင်းကို သရုပ်ဆောင်ပါတယ်..ဆောင်းကာလမှာ နှင်းများဝေကျနေခဲ့ရင် ပိုပြီးအေးချမ်းမူရှိပါတယ်...အဲဒီအဓိပ္ပါယ်လေးကိုယူပြီးဆောင်နှင်းဝေလို့ပေးခဲ့ချင်ပါ.....ဆောင်းနှင်းဟာ ကျားဆိုမှကျားပါ တစ်ချို့က နာမည်ကိုကြည့်ပြီး လိုက်လို့ အမည်တတ်လိုကျပါတယ်....ဆောင်းနှင်းအပြစ်လိုမမြင်ပါ အချစ်လို့ပဲ မြင်ပါသည်။မသိလို့မှားတာဟာ အပြစ်လို့မဆိုနိုင်ပါ..သိလျှက်နဲ့မှားနေသူသည်သာ အပြစ်ထက်ကြီးလေတာရှိရင်တောင် အဲဒီထက်ပိုကြီးလေတတ်ပါတယ်..........ဆောင်းနှင်းရဲ့ အဓိပ္ပါယ်လေးနဲ့ပတ်သက်ပြီးဆက်လက်ပြောပြစေ
ရေးသူဆောင်းနှင်းကလည်း အေးမြချင်းပဲ နှစ်သက်တတ်သူပါ....ပူတာဆိုဘာမှမကြိုက်တတ်သူပါ...နားပူတာ၊ကျောပူတာ၊ဗိုက်ပူတာက အစအစပေါ.........ပူလောင်ခြင်းသည် လောင်မြိုက်ခံခြင်းနှင့် အချိုးတူကျ၏.... ဆောင်းနှင်းရဲ့ယူဆချက်လေးပါ...
မှားသသု၊မှန်သည်တော့ ဆောင်းနှင်းမဝေခွဲတတ်ပါ.........အားလုံးပဲ မင်္ဂလာပါ.........



ဆောင်းနှင်း