Showing posts with label ကိုယ်ပိုင်မဟုတ်သော၊. Show all posts
Showing posts with label ကိုယ်ပိုင်မဟုတ်သော၊. Show all posts

Monday, November 2, 2009

ရှူံးလျှက်သာ

မယုံနိုင်စရာ ပြောင်းလဲမှုတွေ….
မဆုံနိုင်အောင် ခွဲရက်ကြတယ်…
မလွန်ဆန်နိုင်တဲ့ ကံတရား….
ရစ်နှောင်ထားတဲ့ သံယောဇဉ်….
ဖြေကာကျောခိုင်း….တမ်းတမှုတွေနဲ့ အလွမ်း
ဝမ်နည်းခြင်းဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ထွေးပိုက်…
အိပ်မရတဲ့ ညပေါင်းများစွာကိုရင်ဆိုင်
တစ်ယောက်တည်းတွေးရင်း တွေးရင်း
တကယ့်ကို ဝေးကွာရတော့မဲ့ အချစ်အိမ်မက်လေး
အချစ်တံတိုင်ခြား အလွမ်းတွေနဲ့ ပိတ်ဖိနေပါလား………
ငါ ခံစားနေရတာ နင့်ရော သိရဲ့ လား…..
အရာအားလုံးကို မေ့ပစ်ဖို့  ကြိုးစားရင်း……
ငါ့နှလုံးသား ရင်ဘတ်ထဲမှာ အလွမ်းတွေနဲ့ 
ပူဆွေးလောင်ကျွမ်းခဲ့ရပြီးပေါ့….…
ပျော်ရွှင်မှုတွေ အောင်မြင်မှုဆိုတာတွေ ….
ဒုက္ခ သုခတွေနဲ့ အတူ နစ်မြုပ်ကုန်ဆုံးလား…
ရှုံးလျက်သာ…....…. ။
ဆောင်းနှင်း
ရေးခြင်းမဟုတ်ပါ.....ကြိုက်လို့ကူးယူထားခြင်းပါ။အကယ်ကဗျာပိုင်ရှင်သိက ခွင့်ပြုချက်မယူပဲ
တင်လိုက်ခြင်းကြောင့်ဒီနေရာလေးမှအနူအညွတ်တောင်းပံလိုပါတယ်....