Monday, August 24, 2009

ထာဝရ

ကာရံမဲ့ကဗျာတွေ ရှာကြံလို့
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....

ဆောင်းနှင်း

3 comments:

  1. ဒီ ဘ၀ ဒီမျှဆိုပေမဲ့ ထာဝရ သတိရနေမယ်ပေါ့၊ ကောင်းပါတယ်၊ သတိရတယ်ဆိုတာ တားလို့မှ မရတာ၊ အစစ အဆင်ပြေပါစေ

    ReplyDelete
  2. အော်. အဆုံးသတ်မှာ ပျော်ပျော်ရွင်ရွှင်လေးပဲ လုပ်ပါ ဆောင်းနှင်းဝေ ရယ်

    ReplyDelete
  3. ခုတော့ လမ်းခွဲတာ ၀မ်းနည်းစရာလား တရားလို ဖြစ်နေပြီ

    ReplyDelete