Monday, March 19, 2012

sorry for everythings

ငါ့မင်းနဲ့ လက်ခံပြောဖို့ အားအင်မရှိတော့ပါဘူး
ရှင်းပြဖို့လည်း ငါမကြိုးစာချင်တော့ပါဘူး
ငါပြောလို့ဘာမှမထူးတဲ့ အတူ ရင်ခွင်နုပ်ပိတ် တိတ်တိတ်ကလေးပဲနေပြစေ
တကယ်တော့ ငါအဲ့ဒီလိုမျိုးတကယ်မလုပ်ချင်ခဲ့ပါဘူး
မင်းရဲ့အပြုအမူတွေနဲ့ မင်းရဲ့အပြောအဆိုတွေက ငါ့ရှင်းမပြချင်လောက်အောင် ခြောက်လှမ့်လိုနေတယ်
ငါ့ရည်ရွယ်ခဲ့တာထာဝရပါ...ဒါပေမဲ့ မင်းက ငါယုံကြည်မူကိုရိုက်ချိုးခဲ့တယ်
တကယ်တော့ ငါမတရားခဲ့ပါဘူး ဒါပေမဲ့ ငါမင်းကိုထပ်ပြီးမချစ်နိုင်တော့လို့ပါ ငါ့ကိုနာကြင်စွာနဲ့ လမ်းခွဲလိုက်ပါ
အရားအားလုံးအတွက် ငါတောင်းပန်ခဲ့ပါတယ်.........ငါ့ကိုလွတ်လပ် ခွင်တွေပေးလိုက်ပါတော့......
ရှေ့ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့တဲ့လမ်းကို ငါ့ကိုယ်တိုင်မလျှောက်ချင်တော့သလို့ မင်းကိုလည်း တွဲခေါ်
မသွားပြစေနဲ့လားးးးးးးးး..........ငါတောင်းပန်ပြစေ........နင်ငါ့ကို နာကျည်းဆုံးနဲ့ အမုန်းတီးဆုံးလို့ မှတ်ယူပြီး မေ့လိုက်ပါတော.............

Sunday, March 4, 2012

Ready for you......forever

ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ပြစ်ခွါခဲ့တာမဟုတ်.....
ငါ့ရဲ့ရင်ခွင်တံခါး
အစဉ်အမြဲဖွင့်ထားပါလျက်
မလာပါနဲ့လို့
တားနေတာလည်းမဟုတ်
ငါ့ရဲ့ရင်ထဲ နင်ဝင်ချင်ဝင်
ထွက်ချင်ထွက်
နင့်အတွက်ဆိုရင်အမြဲထာဝရ
တံခါးဖွင့်ထားလျက်ပါ။
တိတ်တဆိတ်နဲ့
နှုတ်စိတ်ထွက်ခွာ
ငါနဲ့ဝေးရာကို
နင် ထွက်သွားပေးပေမယ့်
အစဉ်အမြဲ သတိတရနေမှာပါ။
ဒါပေမဲ့ချစ်ခဲ့သူရေ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
နင့်ရဲ့အချစ်တစ်ခု
ခဏတာရခဲ့ပေမယ့်
တစ်သက်တာအတွက်
နင့်ရဲ့အချစ်အစပြုလို့
နင့်အပေါ်တွယ်နေတဲ့
ငါ့အချစ်၊ ငါ့သံယောဇဉ်၊ ငါ၏စိတ်တို့
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ဆက်၍ရှင်သန်ချစ်နေမည်..........

............ဆောင်းနှင်း..............

Saturday, March 3, 2012

တဖန်....ပြန်လာပါတော့ .............

..ကောင်မလေးရေ........
နင့်က ငါ့ကိုစိုးမိုးနိုင်သူပါ
ညကငါ့အိမ်မက်ထဲ
မထင်မှတ်ပဲ ရောက်လာခဲ့တယ်
သိသာစွာပဲ အပျော်တွေပေးသွားတယ်
ငါပဲ နင်ကိုစွဲလမ်းမိလို့လား နင့်ကပဲငါကိုသတိရလိုလား
ငါတကယ်မသိတော့ပါဘူး
ဒါပေမဲ့ င့ါကျေနပ်တယ်
မင်းရဲ့ ညှင်သာအသံ ငါ့နားဝဆွဲထင်ကျန်ခဲ့
ပျော့ပြောင်းတဲ့ မင်းအမူအရာ ငါ့မျက်လုံးအစုံဝယ် ရိပ်ထင်ကျန်ခဲ့
နူညံတဲ့ မင်းရဲ့ အထိအတွေ့က ငါနှလုံးသားကို တုန်လှုပ်မူးရစ် စေတယ်
ငါအိမ်မက်က လန့်နိုးပြန်တော့ ကွာခြားလှတဲ့ငါ့ရဲ့ လောကဓံ
အဲဒီအချိန်မှာ ငါ့ရဲ့စိတ်၏စေရာက ဖြစ်နိုင့်ရင်အိပ်ယာက လန့်မနိုးချင်မိသူရယ်ပါ
ထပ်ပြီတောင်းဆိုချင်ပါတယ် အိမ်မက်လေးရယ် ဒီညတော့ ထပ်လာပါအုံးလားကွယ်.......
မင်းပြောနေကျစကားလေးလို့ပေါ့.........."မှတ်တောင်ထားရအုံးမယ်တဲ့"
မင်းချစ်လို့ ငါချစ်တာမဟုတ်သလို့
ငါချစ်လို့မင်းချစ်တာမဟုတ်ပါဘူး............တကယ်လို့မှတ်ထားလို့ရရင် မှတ်ထားပေးပါ....
ငါမင်းကိုအရမ်းချစ်တယ်.............လမင်းငယ်........

...........ဆောင်းနှင်း..........