Monday, August 31, 2009

@@@@@@@online ပေါ်ကကျနော်ချစ်သူကို@@@@@@@

anime boy Pictures, Images and Photos

ချစ်သူ....

ငါမင်းကိုအရမ်းလွမ်းနေမိတယ်

မင်းမရှိမှန်းသိလျှက်နဲ့
gtalk လေးကိုဖွင့်မျှော်မိတယ်

ငါ့စိတ်ကိုဒုန်းဒုန်းချ အိပ်ပျော်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်

ဒါပေမဲ့ထိမ်းချူပ်လို့မရတဲ့
ငါ့ရဲ့မသိစိတ်ကရော...
သိစိတ်ကပါ ........
မင်းကိုလွမ်းဆွတ်စေဖို့
တိုက်တွန်းနေလေတော့

တကယ်ပါချစ်သူ
အဲ့ဒီအချိန်မှာ.....
မင်းသာကြားနိုင်တဲ့စွမ်းအားရှိမယ်ဆိုရင်
ငါအော်ပြီးပြောလိုက် ချင်ပါတယ်


.............လွမ်းလှပါပြီလို့...............




ဆောင်းနှင်း



Saturday, August 29, 2009

သူလိုလူ....

အတိတ်က နိမိတ်ဆိုး
အရိပ်ဆိုးလိုတွယ်ငြိ
ဘယ်မသိတဲ့ အိုလူနယ်
အချစ်ကိုမဆို
အပြစ်ကို ခိုတစ်ကောင်းလိုငြီး
ဆော်တီးဖို့ အခွင့်ကောင်းကိုစောင့်
အရှေ့တွင်က အပြောချို
သကာရည်က ရှုံးသတဲ့
နောက်ကွယ်ကဓါးမြှောင်တိုထုတ်
အသေခုတ်ဖို့သူကြံရွယ်
စိတ်ထားရယ် ဖြူသူမို့
ကံတရားရယ်ကာလိုစီး
အဖန်ငါးရာ မဆုံချင်ဘူး
သူလို့လူမျိုး.....


PS..( လူတစ်ယောက်ဟာခံစာချက်တွေများလာရင် ပေါက်ကွဲတတ်တာသဘာဝပါ...
ဒါပေမဲ့ပေါက်ကွဲတာထက်ဖောက်ခွဲထုတ်တာကပိုဆိုးပါတယ်....
သည်းခံခြင်းဆိုတာအတိုင်းအတာတစ်ခုရှိစမြဲပါ.... တကယ်တော့

ဒီကဗျာလေးဟာတယောက်သောသူအတွက်ဝင်ခံစားပေးရေးထားတာပါ....
အားလုံးပဲအမုန်းမမြင်၊အချစ်မြင်နိုင်ကြပါစေ.........).

ဆောင်းနှင်း

Friday, August 28, 2009

အချစ်ရူးလို့ခေါ်သတဲ့

anime boy Pictures, Images and Photos

မှောင်မိုက်တဲ့
ညတွေအလယ်
ငါ့အတွေးစ
တွေးခဏပေမဲ့
မောင်းထုတ်လို့မရတဲ့
အသိတစ်ချက်က
စွဲမက်ကာရစ်မူး
ပျော်ပျော် မြူးနဲ့
ပြုံးရောင်ရယ်သန်း
လွမ်းနေတဲ့ငါ့ကိုလေ...

အချစ်ကထူးလို့
အပြစ်ကျူး လိုသူတို့က
အပြစ်တင်၊ကဲ့ရဲ့
ကြသတဲ့......
ဂုဏ်ထူးကိုဖေါ်
အချစ်ရူးလို့ခေါ်ကုန်ကြပြီ.....

..........ဆောင်းနှင်း............

ကျွန်းလေးပေါ်မှ"မောင်@မယ်တို့"

ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့

ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး


ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။

ဆောင်းနှင်း

Thursday, August 27, 2009

အနမ်းလေး

anime couple Pictures, Images and Photos


အနမ်းလေးတစ်ချက်
လွမ်းဆွေးတစ်သက်
နမ်းရေးခက်ခက်
ချယ်ရီ ရောင်ခေါ်
ရှက်သွေးပေါ်၍
တိတ်တိတ်လေးပဲ
အနမ်းပေးလျှက်
ပြန်ခဲ့ရှာ၏......

ပါးပြင်ထက်က
“အနမ်း“
နမ်းရာမထင်
အလွမ်းသာထင်
ဟောင်းနွမ်းသွားလည်း
နမ်းသူရင်မယ်
ဆွေးတစ်သသ
လွမ်းတစ်မြမြနဲ့
ငေးမော့လို့သာ
ကျန်ခဲ့ရှာ၏.........

ဆောင်းနှင်း

Wednesday, August 26, 2009

ရွာသား

ရွာမှာမွေး ရွာမှာကြီးတဲ့
ရွာသားလေး ရွာစရိုက်တော့ဘယ်မပျောက်
ရွာဓလေ့ ရွာအလုပ်မှာပျော်
ရွာကိုချစ်တဲ့ ကိုရွာသားလေး
ရွာနဲ့ဆွေမျိုး အပေါင်းအသင်းကိုစွန့်
တနယ်ပြောင်း သူကောင်းဖြစ်မယ်ထင်တဲ့
ကိုရွာသား.......
ရွာနယ်နိမိတ် တာထိပ်ရောက်တော့
တစ်ခါလှည့်ကြည့် သက်ပြင်းချရင်း
နောက်ပြန်မလည့် ရှေ့သို့ပဲပေါ့
တနယ်မပြောင်း သူကောင်းမဖြစ်
ဆိုရိုးစကား အတွေးထင်တဲ့ကိုရွာသား
သေချင်တဲ့ကျား တောပြောင်းဆိုတာကို...အင်းမေ့နေပါလား?
မာယာများတဲ့ မြို့ပြသရုပ်ကို အဟုတ်မှတ်လို့
ရောင်စုံလူကြား သူလှုပ်ရှား...သူကိုယ်သူ့ဘဝင်တင့်ပေါ့
ဒေါ်လာစားတဲ့သူကိုယ်သူ
သူများခိုင်းဘက် အဟုတ်မှတ်လို့
ပျော်နေရှာတဲ့ကိုရွာသား
အမေနဲ့ရွာသားမောင်မလွမ်း
စကပ်အတို ရင်ပေါ်တို့ကြားက
ကိုရွာသား.....
ပင်နီအင်ကျီ ရောထမီကိုအင်းမေ့မျာပေါ့
ရသမျှသုံး ရှာသမျဖြမ်းပြီး
ရွာကအမေ ဘယ်လိုနေတယ် သူမတွေး
ရွာအကြောင်းဆို လာမပြောနဲ့
ရွာမကောင်းကြောင်းသူအမြဲပြော
သူအမြဲပြောတဲ့"စစ်"မကောင်းကြာင်း
သူတို့မင်းလုပ် အုပ်ချုပ်တဲ ရွာကို
သူမပြန်ချင်တဲ့ကြောင်း သူတပြန်
ငါတလည့် လည့်ပတ်ခွတုတ်
ရွာအရှုပ် သူပြောတော့လည်း
ဟုတ်တုတ်တုတ်
ဒါပေမဲ့ ရွာသားရေ ရွာကအရှုပ်
မင်းအလုပ် မဟုတ် ရွာကအမေ
ငတ်လိုသေရင် ကြားလို့မတော်
ကျော်မကောင်းဘူး အမေ့အတွက်ထုပ်
ရသမျကျစ် မြန်မြန်လစ်တော့
ကိုရွာသား.................

......နေသူရိန်........

Tuesday, August 25, 2009

မျက်ရည်


ေ၀၀ါးနေတဲ့....ဒီမျက်ဝန်းအစုံမှာ
မင်းရဲ့ပုံရိပ်.....အတွေးစိတ်ကြောင့်
တရေးရေးမြင်.....
တွေးထင်မိတာက....အလွမ်း
အသဲကျွမ်းလုပြီမို့......
ဝေဒနာမိုး ကြွေကာငြိုးလို့
တွဲခိုနေတဲ့....ငါ့မျက်ရည်စ
ဝေကျခဲ့ပါပြီ......ချစ်သူရယ်......

ဆောင်းနှင်း

Monday, August 24, 2009

ထာဝရ

ကာရံမဲ့ကဗျာတွေ ရှာကြံလို့
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....

ဆောင်းနှင်း

Sunday, August 23, 2009

စကားလေးတစ်ခွန်း

ချစ်သူ.....

ငါစိတ်တွေယိမ်းယိုင်
စိတ်မခိုင်တော့ပါဘူး


အလွမ်းတွေရင်ဝယ်ပိုက်
ခံစားချက်တွေမျိုချ


နေမရတဲ့ငါ့မှာလေ
ဖြေစရာဆိုဝေဒနာပဲရှိ

မရေရာမသေချာတဲ့ဘဝမှာ
ပေတစ်ရာပေါ် အဖန်တစ်ရာလျှောက်လဲ

အဖြေရာဘာမှမတွေ့
ဒါပေမဲ့.....ချစ်သူ

သေချာတာကတစ်ခုက
ငါမင်းကိုချစ်တယ်......

ဆောင်းနှင်း

Friday, August 21, 2009

အဖြစ်ချင်ဆုံး

Perfect Couple Pictures, Images and Photos


သစ်ရွက်ကြီးကြွေ.....ငယ်ရွက်ဝေတယ်
အရိုးပေါ်အရွက်ဖုံး....မင်းအပေါ်တသက်မမုန်း
ကောက်သီးနံပေါ်.....ပျော်လိုနော်
မောင်နံစုံပျော်.....၀ဲပျံပါလို့စပါးခင်း
မြူမုံဆိုင်းတဲ့.......ဦးချိန်အခါ
နှင်းရည်စို့သောက်.....တို့နှစ်ယောက်
ရာသီဝဿန်အစုံဝယ်......မောင်နင့်မယ်
အမြဲမခွဲတစ်တွဲတွဲ......လက်ချင်းယှက်လို့နေကြမယ်
ဆွေးဖိုအရေး......ဝေးဖို့မတွေး
မခွဲကြေးတဲ့.......ပြောကြတယ်
ဖန်လာသံသရာ......ကံကြမ္မာက
နှစ်ယောက်ဝေးဖို့....ကြုံလာတယ်
ဇာတာငယ်နှောင်း.....ကံအကြောင်းမလှ
ရှင်နေလျှက်နဲ့.....သေရတယ်
ဆုမွန်ကောင်းတောင်း....သံသရာကောင်းဖို့
မောင်နှင့်မယ်တို့.....အဖန်တစ်ရာပေါင်းစို့
ဘုရားရှင်ထံဆုတောင်းမယ်.......

..........နေသူရိန်.........

Thursday, August 20, 2009

စကာၤပူရသ

အော်.........
ဆေးရောင်စုံချယ်
သူၾကြယ္မ်ားတဲ့စကာၤပူ........
ဘဝင်လေဟပ်၊ရေငတ်နေတဲ့
နိုင်ငံအကြွား၊ထုပ်စရာဆို
လူပဲရှိ၊အပြောကချိုsorryကြို
အပြောမရှိ ရောက်သူသိ.....
အပြောမတူ ဒေါကူကာလေ
မန်ဟောက၊် ခံအောင့်တဲ့
ဒီရင်မယ်......အို....
ပြောကွယ်မပြောချင်ဘူး
မနောကွယ်စိတ်အစင်လျှ
ခြေအစုံဖြင့် ခုန်ပစ်ကာ
နှက်လိုက်ချင်ရဲ့.......
အပြောသာလွယ်
law ကွယ်ကြောက်စရာမို့
သည်းခံတရားအပြည့်ထား
အို....တရားနဲ့သာဖြေတော့မယ်..........

ဆောင်းနှင်း

Wednesday, August 19, 2009

တမ်းချင်း


အငိုမျက်လုံး.....အပြုံးတစ်မျက်နှာ
ဘ၀တကွေ့......ဆုံတွေ့လို့သာ
အကြောင်းပါခဲ့.....ဟောင်းရာမဖြစ်
နှောင်းသာဖြစ်ရဲ့.....ပေါင်းရန်ခက်ခက်
ဝေးလွင့်ခြင်းကို.....အခြေပြု၍
ကြူးရင့်တေးသီ.... ရင်၌ဖြစ်တည်
ဖန်တစ်ရာတွေး....ပြန်ကာဆွေးလည်း
ဒဏ်ရာတွေက..နိုပ်စက်လေပြီ......

ဆောင်းနှင်း

Tuesday, August 18, 2009

မေ့ပစ်လိုက်ပါ

့couple Pictures, Images and Photos

အရမ်းချစ်စရာကောင်းတဲ့ မင်းကို
ချစ်ချင်ခင်ချင်သူတွေများတာ
ငါမနာလို မဖြစ်ပါဘူး
ဘာဖြစ်လို့်လဲဆိုတော့
ငါကမင်းကိုချစ်တာကို

မင်းအလိုရှိခိုင်းဖိုဆိုရင်ငါကိုသတိရ ပေးပါ
ငါကျေနပ်စွာဘာမဆိုလုပ်ပေးနိုင်ပါတယ်
တစ်ခါတလေမင်းငါ့ကိုဗိုလ်ကျအနိုင်ယူတာတွေကို
ငါခေါင်းငုံသည်းခံခဲ့ပါတယ်
ကလေး......သိပ်ချစ်လို့ပဲပေါ့.............
အနိုင်ယူချင်တဲ့မင်းကိုအရူံးပေးရတာ
ငါကျေနပ်ပါတယ်
မင်းပျော်မယ်ဆိုရင်
ငါဟာမင်းအတွက်
[ဟာသ]ရီစရာဖြစ်နေရင်လည်း
မင်းရီမင်းပြုံးနေရင်
ငါကြည်နူးရတယ်ကလေးရယ်.......
စိတ်ကောက်တိုင်းချော့ရတဲ့ကိုယ့်အတွက်
မင်းရဲ့စိတ်ဆိုးစိတ်ကောက်မှုတွေကို
ကိုယ်ခံနိုင်ရေရှိနေပါပြီ
...........ကလေးရယ်...........
အချစ်ရယ် စိတ်ရှိတိုင်း ဗိုလ်ကျ
စိတ်ကောက် ခိုင်းစေ
အနိုင်ယူနိုင်ပါတယ်
ဒါပေမဲ့.....မေ့ပစ်လိုက်ပါလို့
ဘယ်တော့မှမပြောပါနဲ့......


...........နေသူရိန်...........

Monday, August 17, 2009

ခစားရန်အသင့်

anime couple Pictures, Images and Photos


မင်းရဲ့မျက်ဝန်း.......လှတယ်
တကယ်လို့သာငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့အပြုံး.......စွဲလမ်း
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့စကားသံ......ချိုမြမြ
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
ငါဘ၀မှာ ပြည့်စုံ စိုပြေ သာယာမှုဆိုတာ
ရှိလိမ့်မယ်မထင်ဘူး...ကလေးရယ်..
ငါမင်းကိုအရမ်း ချစ်တယ် လို့
စကားလေးတစ်ခွန်းထဲပြောမှာပါ...
(ပစ္စုပန်)
မင်းရဲ့အရိပ်..မင်းရဲ့စိတ်..အဖြစ်
ထာဝရလိုချင်နေတာ...ဒါပေမဲ့ကလေးရယ်
စိတ်ကူးယဉ်တိုင်းဟာ..ဖြစ်လာတတ်သလား?
တကယ်လို့ဖြစ်လာခဲ့ရင်
(အချစ်ရဲ့အမှုတော်ထမ်း)
မင်းရဲ့အနားထာဝရသာနေချင်တယ်...
ကလေးခွင့်ပြုပါနော်.....
ကလေးရဲ့အမိန်စာချွန်လွာကိုစောင့်မျှော်ရင်း
အချစ်ရဲ့ရှေ့မှောက်ခစားရောက်ရန်.........


................နေသူရိန်.................

လောကနိယာမ

အချစ်ဆုံးသူ အပြစ်အမုန်းမယူ
အချစ်ပေးသူ ငါဖြစ်ပါရစေ
ဝေဒနာရိပ် ဖြေကာသိမ့်လည်း
လွမ်းလို့မပြေ စမ်းရိပ်အေးဝယ်
သံသရာတကွေ့ ဖန်လာတွေ့တော့
ကျန်နေတာက ဆွေးရိပ်တွေ.....
ပန်းပျိုးသောလက် မချိုးရက်ပါ
ပေါင်းနုတ်ပျိုးဆွ မြေဆီလှမှ
ပန်းတပွင် ပွင့်ရတယ်....
ပန်သူလှတော့ ကြည်နူးရတယ်
အမြင်ဆန်းတဲ့ မိန်းကလေးရယ်
လူတကာအချစ် ယူကာမပြစ်နဲ့
ဝေဒနာမဟုတ် စေတနာအဟုတ်ပါ
ရက်စက်တက်တဲ့ လောကအလယ်.....
ခရေတစ်ပွင့် လေလွင့်လာတော့
အရံသင့်ပေါ့ ယူကာရိုက်နမ်း
အနံမွေးတုန်း သိမ်းပေါ့ခဏ
နမ်းခြောက်မလှ ပြစ်ရတော့လည်
နောက်တစ်ပွင့် ပန်ကြအုံးမယ်
သတိထားပေါ့ မိန်းကလေးရယ်.....


...........နေသူရိန်+ဆောင်းနှင်း.........

Sunday, August 16, 2009

I STILL LOVE YOU


တစ်ခါတစ်ခါ
သတိရလည်း
နှေင်းလွန်းအသိ
ခုမှသိဝာယ်
ထာဝရမခွဲ
နေချင်သော်လည်း
ကံကြမ္မာက
ပေါင်းခွင့်မပေး
သံသရာတစ်ခွင်
ကြုံလာသော်လည်း
မမျှော်လင့်ပဲ
ဝေးကြရတယ်
ဝေးပေမဲ့လည်း
ချစ်နေဆဲပါ.....ကလေးရယ်....
ဆောင်းနှင်း

မမေ့နိုင်



တွေ့ဆုံချိန်လေးကတကယ်ကို
တိုတောင်းပေမယ့်......
အသဲနင့်အောင်စွဲကျန်ရစ်စေခဲ့တာက
မင်းရဲ့အကြင်နာရိပ်တွေပါ
ဘယ်လိုမေ့မရနိုင်သလို
ဘယ်တော့မှလည်းမေ့ပျောက်ပြစ်မှာ
မဟုတ်တော့ပါဘူး....

ဆောင်းနှင်း

Saturday, August 15, 2009

ဘာမှန်းမသိ

ခံစားချက်တိုင်းကိုသာစာစီရရင်...

မှတ်ချက်(၁)....... ဘဝတိုတို မျက်မှောက်ဘဝမှနေ၍
ဤသံသရာ လွတ်ကြောင်း
တရားနာချင်တယ်-တရားသိချင်တယ်
တရားရှိချင်တယ် ဤဘဝလူ့လောက
အချစ်ကြောင့် ပျော်ရွှင်ချမ်းသာခြင်း
ရသူများ သင်တွေဖူးပါသလား?
မှတ်ချက်(၂).......ကျွန်ပ်ရေးသောစာမှာ အစီအစဉ်တကျမရှိပါ
ထိုစာလုံး၊ထိုစာတကြောင်းသည်ထိုသူ၏
ရင်ထဲမှထွက်လာသည်မှာအမှန်ဖြစ်သည်
သင်ရော၊ကျွန်ပ်ရော မညာတမ်းရင်ထဲရှိတာရေးပါ
သင်နားလည်ပါသလား?သင်နားမလည်လျှင်သင်သည်
ရင်ထဲရှိသောစားသားရေးတက်မည်မဟုတ်ပါ...
မှတ်ချက်(၃)....... အဓိပ္ပါယ်မရှိသောစာကိုအဓိပ္ပါယ်ရှိအောင်ဖတ်ပါ
သဘောပေါက်အောင်တွေးပါ.....

Drunk on love Pictures, Images and Photos


“အချစ်မူးများအကြောင်း”

အချစ်ကိုချိုမြိန်စွာသောက်သုံးသူတွေ
ပင်ကျ(ထန်းရေ)လိုသောက်သုံးမိသူတွေ
အချစ်ဖန်ခွက်ထဲထည့်ပါ...
အရောင်၊အနံ၊အရသာ အိုအားလုံး GOOD....
အရောင်....
အပေါ်ယံချယ် မိတ်ကပ်ကြောင့်မင်းလှပါတယ်
နောက်ကာလာချယ် T-ZARထည်ကြောင့်မင်းတင့်ပါတယ်
မြင်သူအပေါင်းရူးပေါက်အောင်ထူးလှပါတဲ့
ကိုယ်ဟန်ထယ်ဝါ(တဏှာ)ကြောင့်မင်းကြွရွနေတယ်
စတင်သောက်သုံးသူတို့စိတ်ကြွစေတယ်
နောက်ထပ်သောက်ပြန်တော့ရပ်မရပြန်တယ်
သောက်သုံးဖန်များတော့ဘဝပျက်လေတယ်
ထိုသူ...သေရွာတခါပြန်သွားတယ်အချစ်ကြောင့်ပါကွယ်...

စာရေးသူမှတ်ချက်။ ။တခါမှမမူးဖူးသူမျုားလုံးဝမသောက်သင့်လို့
မတိုက်တွန်းချင်ပါ၊သောက်ပါ ရေရောပါ....

ပုံ.... အချစ်ယမကာလုလင်(ဝါ)အမြင်ကပ်စရာကြီး
.......နေသူရိန်.........

မချစ်ရ

(ငါ့ရဲ့အချစ်စိတ်တွေကိုမွေးဖွားစေသူ
မင်းရဲ့အချစ်ကြောင့်အရာရာကိုစွန့်လွှတ်ဝံ့သူ
ဒါပေမယ့်ဘာမှမရခဲ့ဘူး
ငါမျှော်လင့်နေတဲ့မင်းရဲ့အချစ်ကိုတောင့်တ
မျှော်လင့်မိတဲ့ငါ့ကိုယ်ငါ
အပစ်တင်ချင်မိတယ်
ဒါကြောင့်ငါကဗျာ၁ပုဒ်ရေးခဲ့တယ်)



ချစ်ဟန်မူပြလူလှလို့ပါ
ချစ်လို့မရ..ကြည့်မ၀ပါ
ချစ်နှုတ်ခမ်းလှအနမ်းမရပါ
အဝေးငေးကြည့်ဆွေးမ၀ပါ
တခါတခါမူယာများတာ
လူကိုတွေဝေ.......
ေ၀၀ါးစေတာ
ချစ်ဟန်ဆောင်စကား
မုသားသုံးတာ
ငါ့ဘ၀ဆုံး.....
ထိုမိန်းမမျိုးမချစ်ရပါ


ရေးသူ..အမြင်ကပ်စရာကြီး(ဝါ)နေသူရိန်.....

Friday, August 14, 2009

အစိမ်းရောင်ရူးသွပ်မှု

မင်းရင်ထဲမှာကိုယ့်အတွက်
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ............


ဆောင်းနှင်း