Thursday, July 2, 2009

တိတ်တိတ်ကလေးပါပဲ

လူကိုကြည့် ပြုံးစိစိနဲ့

မြင်သူအသဲ ထင်ကာပဲကျန်

ကြည့်သူနှလုံး ရွှင်ပြုံးစေတဲ့

အလှသခင် မရွှေစင်ရယ်

ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်

တိတ်တိတ်ကလေးပဲ

ခွဲသွားခဲ့တယ်နော်........

.........ဆောင်းနှင်း...........

ဆုတောင်း

အို...အရှင်
အရှင်တပည့်လူဖြစ်သည်က
အဆိုးတလှည့်၊အကောင်းတဖန်
ကြုံရပြန်လည်း၊နှစ်ထွေဒွါရ
သောကမရ၊ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည့်အလား
ဆုတောင်းတိုင်းသာပြည့်မည်ဆိုက
လိုရာဆုတွေပြည့်ပါစေသား
အရှင်မြတ်ဘုရား
.........

...........ဆောင်းနှင်း...........