Thursday, October 8, 2009

တနေ့တာ

သံယောဇဉ်ကြိုး
နှောင်ဖွဲ့တိုးလို့
စိတ်အစဉ်ဝယ်
မေ့မရသည်က
"သူ"ရုပ်လွှာ.....
တနေ့တနေ့
မျှော်ကာတွေးလို့
အတွေးတစ်ရာ
ဝေးကွာခြင်းက
ကုဋေကုဌာမို့
ဝေဒနာအစု
ဖြေကာကုဖို့
ဇောတင်လို့ရယ်
အိမ်အပြန်လမ်း
မောရင်တောင်မှ
ရေးမသောက်ခဲ့ပါဘူး
ချစ်သူနဲ့တွေဖို့ရေး
အပြေးလေးကွယ်
ကွန်ပျူတာဖွင့်
မန်ဝင့်လို့......
ဂျီတော့အမြန်ဝင်
ဆိုးချက်ကကွန်နက်ရှင်
အင်းးးးးးးးးး..........ဒီညတော့
ခဲလေသမျှ....သဲရေကျပေါ့ကွယ်......

ဆောင်းနှင်း