Wednesday, August 26, 2009
ရွာသား
ရွာမှာမွေး ရွာမှာကြီးတဲ့
ရွာသားလေး ရွာစရိုက်တော့ဘယ်မပျောက်
ရွာဓလေ့ ရွာအလုပ်မှာပျော်
ရွာကိုချစ်တဲ့ ကိုရွာသားလေး
ရွာနဲ့ဆွေမျိုး အပေါင်းအသင်းကိုစွန့်
တနယ်ပြောင်း သူကောင်းဖြစ်မယ်ထင်တဲ့
ကိုရွာသား.......
ရွာနယ်နိမိတ် တာထိပ်ရောက်တော့
တစ်ခါလှည့်ကြည့် သက်ပြင်းချရင်း
နောက်ပြန်မလည့် ရှေ့သို့ပဲပေါ့
တနယ်မပြောင်း သူကောင်းမဖြစ်
ဆိုရိုးစကား အတွေးထင်တဲ့ကိုရွာသား
သေချင်တဲ့ကျား တောပြောင်းဆိုတာကို...အင်းမေ့နေပါလား?
မာယာများတဲ့ မြို့ပြသရုပ်ကို အဟုတ်မှတ်လို့
ရောင်စုံလူကြား သူလှုပ်ရှား...သူကိုယ်သူ့ဘဝင်တင့်ပေါ့
ဒေါ်လာစားတဲ့သူကိုယ်သူ
သူများခိုင်းဘက် အဟုတ်မှတ်လို့
ပျော်နေရှာတဲ့ကိုရွာသား
အမေနဲ့ရွာသားမောင်မလွမ်း
စကပ်အတို ရင်ပေါ်တို့ကြားက
ကိုရွာသား.....
ပင်နီအင်ကျီ ရောထမီကိုအင်းမေ့မျာပေါ့
ရသမျှသုံး ရှာသမျဖြမ်းပြီး
ရွာကအမေ ဘယ်လိုနေတယ် သူမတွေး
ရွာအကြောင်းဆို လာမပြောနဲ့
ရွာမကောင်းကြောင်းသူအမြဲပြော
သူအမြဲပြောတဲ့"စစ်"မကောင်းကြာင်း
သူတို့မင်းလုပ် အုပ်ချုပ်တဲ ရွာကို
သူမပြန်ချင်တဲ့ကြောင်း သူတပြန်
ငါတလည့် လည့်ပတ်ခွတုတ်
ရွာအရှုပ် သူပြောတော့လည်း
ဟုတ်တုတ်တုတ်
ဒါပေမဲ့ ရွာသားရေ ရွာကအရှုပ်
မင်းအလုပ် မဟုတ် ရွာကအမေ
ငတ်လိုသေရင် ကြားလို့မတော်
ကျော်မကောင်းဘူး အမေ့အတွက်ထုပ်
ရသမျကျစ် မြန်မြန်လစ်တော့
ကိုရွာသား.................
......နေသူရိန်........
4 comments:
  1. ရွာသူဆို ပြန်စရာ မလိုဘူးပေါ့၊ ဟုတ်လားးးး)
    ReplyDelete
  2. ကျနော် ပြန်ရတော့မှာပေါ့နော်
    ဆုံးမတာကျေးဇူးပါခင်ဗျာ
    ReplyDelete
  3. ဟုတ်ပါ့ မမပြာမေးသလိုပဲ...ရွာသူဆိုပြန်ရဘူးလားဟင်...ရွာသားတစ်ယောက်တည်းပြန်ရရင
်ရွာသားကငိုမှာပေါ့..
    ရွာသူပါမှပြန်မယ်ထင်တယ်...:)
    ReplyDelete
  4. ရွာသားအကျင့်ပုတ်ကြီးရေရွာပြန်
    လယ်ထွန်တော့ဟေ့...........
    ကဗျာရေးမစားနဲ့
    တပြားမှမရ
    လက်ညောင်းလူပင်ပန်း...
    ချီးမွမ်းဖို့ရှားးးးးးး
    ကဲ့ရဲ့ဖို့ချောင်းနေတဲ့
    လူတွေရဲ့ကြား
    ရွာသာပြန်
    လယ်ထွန်စားလို့
    ဟိဟိအကျင့်ပုတ်ကြီးအတွက်ဆက်ရေးတဲ့ကဗျာ
    ReplyDelete