
သစ်ရွက်ကြီးကြွေ.....ငယ်ရွက်ဝေတယ်
အရိုးပေါ်အရွက်ဖုံး....မင်းအပေါ်တသက်မမုန်း
ကောက်သီးနံပေါ်.....ပျော်လိုနော်
မောင်နံစုံပျော်.....၀ဲပျံပါလို့စပါးခင်း
မြူမုံဆိုင်းတဲ့.......ဦးချိန်အခါ
နှင်းရည်စို့သောက်.....တို့နှစ်ယောက်
ရာသီဝဿန်အစုံဝယ်......မောင်နင့်မယ်
အမြဲမခွဲတစ်တွဲတွဲ......လက်ချင်းယှက်လို့နေကြမယ်
ဆွေးဖိုအရေး......ဝေးဖို့မတွေး
မခွဲကြေးတဲ့.......ပြောကြတယ်
ဖန်လာသံသရာ......ကံကြမ္မာက
နှစ်ယောက်ဝေးဖို့....ကြုံလာတယ်
ဇာတာငယ်နှောင်း.....ကံအကြောင်းမလှ
ရှင်နေလျှက်နဲ့.....သေရတယ်
ဆုမွန်ကောင်းတောင်း....သံသရာကောင်းဖို့
မောင်နှင့်မယ်တို့.....အဖန်တစ်ရာပေါင်းစို့
ဘုရားရှင်ထံဆုတောင်းမယ်.......
..........နေသူရိန်.........
ဆုတောင်း၊ ဆုတောင်းးးးးးးး
ReplyDeleteဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်...
ကမ္ဘာလောက ကြီးလည်းငြိမ်းချမ်းမယ်ထင်။
ဆုပဲအလကားတောင်းလို့ရတာပဲတောင်းပေါ့
ReplyDeleteပြည့်တာမပြည့်တာကတော့
ကိုယ့်ကံကြမ္မာနဲ့ဆိုင်တယ်နော်
ဆုတောင်းလေးတွေပြည့်ပါစေ
ReplyDelete