Sunday, September 6, 2009

လပြည့်ည

စင်္ကာပူည...လကသာ
မေ့မရ...ငယ်ဘဝ
ကြည်နူးမဆုံး
တွေးမိတိုင်းပြုံး
လပြည့်ညလယ်
ဟိုဒီတွေးရင်း
မြင်ယောင်လာပေါ့...
(သူမျက်နှာ)
စကားတစ်ခွန်း...
(အမှတ်ရ)
သူပြောတဲ့လပြည့်ည
ဆုံတွေခဏ
ထိုညက.....
လမင်းအပေါ်
တိုင်တည်ထား
သစ္စာစကား
ဒို့နှစ်ဦးကြား
လမင်းကွယ်ပျောက်
ကြယ်မရောက်လည်း
ဘယ်တော့မမုန်း
တစ်သက်လုံးတဲ့
ယုံတမ်းစကား
အထင်မှား
မင်းပြောခဲ့တဲ့
တိုင်တယ်စကား
လပြည့်ညတိုင်း လွမ်းတဲ့စကား
ခုတော့....ငါ့မှာ.........

............နေသူရိန်............

1 comment:

  1. ညအခါ လသာသာ
    ကစားမလား၊နားမလား :P
    ဘယ်လိုလဲအကျင့်ပုတ်ကြီးရေ
    ညဘက်အိပ်မပျော်ပဲလကိုထိုင်ကြည့်နေတာလား

    ReplyDelete