Sunday, July 19, 2009

ရင်ထဲကဖေဖေ







အဖေ....
လောကကြီးကလည်း အဖေကိုသတိရနေတယ်
နေမင်းကြီးကလည်း အဖေကိုသတိရနေတယ်
လမင်းကြီးကလည်း အဖေကိုသတိရနေတယ်
ကြယ်စင်လေးတွေလည်း အဖေကိုသတိရနေတယ်
လေးညှင်းလေးတွေကလည်း အဖေကိုသတိရနေတယ်
အဲဒီလို သက်မဲ့လေးတွေကတောင်သတိရနေရင်၊သက်ရှိဖြစ်တဲ့
အဖေရဲ့၊အဖေ၊အမေ၊သား၊သမီး၊မြေး၊မြစ်တွေကလည်း ရင်ထဲ၊အသဲထဲမှာအမြဲထာဝရသတိရနေသလိုဘယ်သောအခါမှလည်းမေ့လိုရမှာမဟုတ်ပါဘူး...အဖေ...
ဆောင်းနှင်း

















.....

ဝမ်း၊ဖိုး၊သရီး



Honey....
ကိုယ့်ကမင်းရဲ့နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခုမဖြစ်ခဲ့ရင်တောင်
မင်းကိုရိပ်မိုးပေးမဲ့ တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘဝရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ် ကြယ်လေးတစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းအနားမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားကအရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက်တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ
မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ။
Oh! Sweet heart.....မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
ဒါတွေကိုအတိအကျ
မခန့်မှန်းနိုင်ပေမဲ့
ကိုယ့်ကတော့သစ္စာဆိုရဲပါတယ်

I LOVE YOU SO MUCH.....
ံဘယ်သူရေးထားတာလည်းတော့မသိပါ။ကြိုက်လို့ကူးယူထားခြင်းပါ။ပိုင်ရှင်သိရှိက ခွင့်လွတ်ပါ......