Friday, September 18, 2009

ပန်းကမ္ဘာ

နေရောင်ဖြိုးဖြောက်
အလင်းရောက်က
မို့မောက်လှတဲ့
ဒီတောင်စွယ်မယ်
ပန်းပန့်သစ်ပင်
အလှစဉ်၍
ပန်းမျိုးစုံညီ
ဖူးပွင့်ရွက်ဝေ
လှသွယ်သွယ်နှင့်
လေရူးမြောက်ပြန်
တိုးဝှေ့တိုက်ခတ်
လေအဖြတ်မှာ
ဝှေ့ဟတ်ခါလေ
ရနံ့ငယ်ပျံ့သင်း
ပျား၊ပုတုံး၊ငှက်ငယ်
ချိုမျသကာ
စုပ်ယူစားသုံး
မြူးတူးပျော်ပါး
အလှများနှင့်
ဝဲလွင့်ပျံတက်
လေအထက်မှာ
မောင်နှံအစုံ
မြင်သူအပေါင်း
စိတ်ခငြောင်း၍
တဖန်စိုးထိပ်
ချုပ်ငြိမ်းနေ့သွင်
နေမမြင်တော့....ဒါကြောင့်
လွမ်းဖန်၊လွမ်းလျှ
လွမ်းတသသနှင့်
နှမျောတသ......ထိုအလှ.....

။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။