
ဘဝက ပင်ပန်း ကြမ်းတမ်း လွန်းတော့လေ
ကောင်းကင် ကိုလဲ မော့မကြည့် အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညှင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာကျနော်မသိခဲ့ဘူးလေ
မျှော်လင့်မထားပဲအဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေ ကလှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်ဗျာ
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်လေ
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ
PS:( မင်းနားမှာနေခွင့်ပြန်ရမယ်ဆိုတာ)
တကယ်တော့ဒီကဗျာလေးကကိုကြယ်ကလေးရေးထားတာပါ...
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး