Thursday, November 19, 2009

အစိမ်းရောင်ရူးသွပ်မူ

မင်းရင်ထဲမှာကိုယ့်အတွက်
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ......

ဆောင်းနှင်း