Wednesday, October 21, 2009

ငါ့ရဲ့ချစ်ခြင်း

မင်းရဲ့ရက်စက်
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........

ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ.....

ဆောင်းနှင်း

No comments:

Post a Comment