Friday, July 17, 2009

အလိုတော်ကျ

အချစ်သခင်
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နှုတ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......?????

ဆောင်းနှင်း