Wednesday, March 30, 2011

အမှတ်တမဲ့လေးမှ အမှတ်တရလေးသို့...မာန်မိုရီအောဖ့်မလေးရှား


ခရီးတစ်ခု အဖော်စုလို့

ရောက်ခဲ့တဖန် စိတ်ထက်ကသန်

အားမာန်ဝင့်ဝင့် သွားခိုက်

အပျော်ရယ်သန်း အပြုံးပန်းဆင့်

ထိုအခိုက်ဝယ် ကြမ္မာဂြိုလ်ဆိုး

ဝင်ကာတိုးလို့ မှောက်ခဲ့မြန်ယာဉ်

ထိုအစဉ်ဝယ် ဒူးကပြဲ နဖူးကကွဲ

အလူးအလဲဖြင့် အပျော်ကင်းဝေး

ရင်ထဲမချီ့ အသည်းထိအောင်

နာကြင်ရသော ဒဏ်ရာတိုဖြင့်

မျက်နှာပြုံးရွင် လူမမြင်အောင်

ဟန်ဆောင်ဖုံးဖိ အပြုံးတိဖြင့်

ချစ်ညီကိုခေါ် ရွှေသဖော်တို့

ပျူငှာဆက်ဆံ အသွင်သဏ္ဍာန်ကြောင့်

ဆိုးလှဝေဒနာ ကင်းစင်လွင့်ပျယ်

ချစ်စဖွယ်ခရီး အပြန်ခရီးမယ်

ဆို့နှင့်ကြေကွဲ မျက်ရည်ဝဲကာ

ခွဲကာလှည့်ထွက် ...ပြန်မကြည့်ရက်...

ချစ်ညီကိုခေါ်ရွှေသဖော်များအတွက် ဒီကဗျာဒီစာလေးကိုခံစား၇င် ကျေးဇူးတင်းကြောင်း ဒီနေရာလေးမှာပြောကြာပြစေ... ကျနော်ရဲ့ မာန်မိုရီအောဖ့် မလေးရှား ဆိုတာလေးကို စတင်ရေးပါတော့မည်...ကျနော် မလေးရှားကို သွား ဘို့အကြိမ်းကြိမ်းကြိုးစားခဲ့တာကြာပါပြီ...ဒါပေမဲ့ အကြောင်းကြောင်းကြောင့်မသွားခဲ့ရပါဘူး....... ဘာလိုသွားချင်လည်းဆိုတာကို ပြောပြစေ ကျနော်သူငယ်ချင်း (၃)ယောက်ရှိတယ်လေ...သူတို့ကတော့ ကျုချမ်း၊သားငယ်၊နေခ နောက်တစ်ယောက်ကတော့ ပထမအခေါက် ၂၀၀၈တုန်းကခင်ခဲ့တဲ့ညီလေးတစ် ယောက်ပေါ့...ခင်တယ်ဆိုပေမဲ့ အဲဒီညိလေးက အခုဆို ကျနော်သူချင်း(၃)ယောက်နဲ့ထပ်တူ (၄)ထဲမှာပါသွားပါ ပြီ....သူတို့တွေကိုအကြောင်းပြုလို့ခရီနှင်ခဲ့ခြင်းပါ...အဓီက ကတော့ ကိုချမ်းဆိုတဲ့အကိုကြောင့်ပါ...ကျန်နော်တို့ တစ်မြေထည်းသားတွေပါ ညီအကိုလိုနေခဲ့ကျသူတွေလေ...ကိုချမ်းကတော့ ကျနော်ငယ်ငယ်လေးထဲက ကျနော် အကိုလိုပါပဲ...မကောင်းတာသင်ပေးသလို့ ကောင်းတာတွေတစ်ခုမှ မလုပ်တဲ့သူတွေပေါ့...:P....အလကားတစ်ကယ်ပြောတာပါ ....ဟဲဟဲ..အဲလိုမဟုတ်ပါဘူး...ကျနော်နဲ့ကိုချမ်းခွဲခွါသွားကြတာဆို (၁၀)နှစ်လောက်ရှိပါပြီ..... အဲဒါကြောင့် ကျနော်သူကိုအရမ်းတွေချင်မှီတယ်လေ...အဲလောက်ဆိုရင် ကျနော်ခရီစဉ်လေးအကြောင်းစာဖတ်သူတိုသိမည်လို့မျှော်လင့်ပါတယ်..... ကျနော် ခရီစဉ်လေးကတော့ဒီလိုပါ....ကျနော်ဟာစင်္ကာပူမှာအလုပ်လုပ်နေခြင်းပါ...အလုပ်နဲ့ဆိုတော့ စိတ် သွားလိုရာကို ကိုယ်မပါနိုင်ဘူးလေ...ထူးစမ်းတာက ကျနော်ရဲ့ဆန္ဒပျင်းပျမူကြောင့်ထင်ပါရဲ့ ကျနော်အလုပ်က အရာရှိက အလုပ်လုပ်နေတဲ့အချိန် သူလာခေါ်တယ်...နောက်ပြီ သူစလို့နောက်သလို့နဲ့ DO u want to follow malaysai?i going for fishing...if u wanna i will offer everything...သူကအဲလိုပြောပါတယ်...ဒါပေမဲ့ ကျနော်ပြန်မဖြေခဲ့ပါဘူး....ကျနော်ထင်တာစနေတယ်ထင်ခဲ့တာပါ....နောက်နေကျသူကထပ်ပြောပြန်တယ် အဲဒါနဲ့ကျနော်လည်း လိုက်မယ်လိုပြောလိုက်ပါတယ်...ပြောလိုက်ပြီမှာ ကျနော်ဂျူတီကိုပြန်ကြည့်လိုက်တော့ ဘယ်လိုမှလိုက်လို့ မဖြစ်ပြန်ဘူးလေ....ကျနော်ဘယ်လိုလုပ်ရမါ့မလဲပေါ့...နောက်တော့ အကြံရသွားတယ် Bossသွားပြော၇င်တော့ရမှာပဲပေါ့....ကျနော်ကံကောင်းပါတယ်...သဌေးကကျနော်ကိုသွားခွင့်ပြုလိုက်ပါတယ်...အဲဒါနဲ့ ကျနော် ၂၂ရက် မတ်လ ၁၁ မနက် ၆နာရီမှာ ကျနော်အလုပ်ကနေ အရာရှိအိမ်ကိုသွားခဲ့ပါတယ်...အစဉ်မပြေပုံများကြည့်လေ ကျနော် အရာရှိအိမ်ကိုမသိတော့ လိုင်ကားနဲ့ လိုက်သွားလိုက်တာ နေရာတွေကျော်

ပြီဆင် အဲဒီကြားထဲက မိုးတွေကရွာ အတော်လေကို တစ်ယောက်ထဲရှုပ်ရှက်ကိုခတ်နေပါပဲ...အဲဒါနဲကျနော် စိတ်ဓာတ်တွေကျ ပြီအရာရှိကို မလိုက်ချင်တော့ကြောင်းပြောမဲ့အခိန်မှာပဲ သူကဖုန်းခေါ်လာတယ်လေ...သူလာခေါ်မယ်တဲ့ ရောက်တဲ့နေရာမှာပဲနေနေတဲ့လေ....ကျနော်စိတ်ထဲ ပျော်သလို မပျော်သလို ခံစားရတယ်...မကြာခင်မှာပဲ အရာရှိရဲ့ ကားရောက်လာပါတယ်....အဲလိုနဲ့ကျနော်တို့ ထွက်လာခဲ့ရာ ဒုတိယ အစဉ်မပြေပုံလေးပါ....ကျနော်တို့ စင်္ကာပူ အင်မီဂရေးရှင်းကို ဖြတ်ရပါတယ် အဲ့မှာတော့ အေးစေးပါပဲ ကျနော် work pass နဲ့လူနဲ့နာမည်ခေါ်ပြီစစ်စေးပါတယ်...အဲဒီမှာပြီရော ၁၅မီနစ်လောက်အကြာမှာ မလေးရှား အင်မီဂရေးရှင် ကိုထပ်ဖြတ်ရပါတယ် အဲဒီမှာဇတ်လမ်းစတာပါပဲ...passport, white card, ic or w pကိုတောင်းပါတယ်...အဲဒီမှာ သူတို့တွေကတော့လွယ်လွယ်ကူကူပါပဲ ..ကျနော်ကျ ရွှေမြန်မာမို့တူပါရဲ့ အသေအချာစစ်တယ်လေ....ကျနော်အရာရှိ အင်မီဂရေးရှင် အရာရှိက ဘာပြောလိုက်လည်းမသိဘူး အရာရှိက

ပြီးပြီထင်ပြီ ကားမောင်ထွက်သွားလိုက်တာပေါ့....၅မိနစ်လောကကြာတော့ ကျနော်စိတ်ထဲ မကျေမနပ်ဖြစ်လို့

ဆရာငါ့ passportရောလိုမေးလိုက်တော့ မင်ယူပြီပြီမို့လားလိုပြန်ဖြေတယ်....ကျနော်လည် အတော်လေးစိုးထိပ်သွားတယ်လေ ဘာလို့လည်းဆိုတော့ passport က ကျနော်တိုအသက်ပဲလေ ....အဲ့ဒါနဲ့ ကားကိုရပ် အင်မီဂရေးရှင်ဆိုတော့ဝင်ချင်တိုင်ဝင်လို့မရသလိုထွက်ချင်တိုင်လည်းထွက်လို့မရပါဘူး...အဲဒါနဲ့ အစောင့်ရဲတစ်ယောက်ကို အကူအြီတောင်းရတာပေါ့ ...ကျနော်လည်းမလေးလို အနည်းအကျင်းတော့ပြောတတ်တယ်လေ အဲလိုပြောပြီပြန်ပြေးရတာပေါ့နော့....ရောက်ရောဆိုပါဆို ကျနော်က

ကျနော်passport လေးကျန်ခဲ့လိုပ်လိုပြောတော့ မင်းတို့ ဘယ်သူသွားခိုင်းသေးလို့လည်းဆိုပြီ အဆူခံကလည်ထိသေး...အဲဒီအအပြင် တောင်ပန်လိုက်ရပါသေးတယ်...မလေးရှားဂျိုဟိုးရောက်တော့

သူသွားမဲ့ခရီက ၂နာရီလောက်ဝေးတယ်လို့ပြောတယ်...ကျနော်သဘောပေါက်လိုက်ပါတယ် ကျနော်ကိုကားမောင်ခိုင်တော့မယ်ဆိုတာ...ဒါပေမဲ့ညိမ်နေလိုက်ပါသေတယ်...အတန်ကြာတော့ မင်းကားမောင်တတ်တယ်မို့လာတဲ့ ငါအရမ်းပင်ပန်လို့ ခနနားချင်တယ်တဲ့လေ...ကျနော်လည်းမနေသာတော့ဘူးပေါ့ ကျနော်မောင်းဘူးတာ မာန်နူရယ်ပါ သူဟာက အောတိုဖြစ်နေပြန်ရော

သိပ်အခက်ကြီတော့မဟုတ်ပါဘူး စမောင်းကာစတော့ ကြောက်တာပေါ့ ...မောင်းလာပြီ ၁နရီလောက်အကြာမှာ ကားဘီပေါက်ပါလေရော...ကံဆိုးပုံနော် ဘီဖြတ်လဲရတည့်အခါမှာလည်းကျနောပဲလုပ်ရတာလေ ဘာလိုလည်းဆိုတော့ ကျနော်ကိုခေါ်တဲ့အရာရှိက လည်း အသက်ကကြီးနေပြီလေ...အဲဒီတော့ ကိုယ်ပဲလုပ်ရတာပေါ့နော...

အချိန်သိပ်မရလို့ ဒုတိယပိုင်းမှဆက်ရေးပါ့မယ်

Saturday, March 26, 2011

အမှတ်တရ

ဆိုင်ကယ်မှောက်တယ်...ဒူးခါနားမျက်လက်ကွဲ