
မင်းကကိုယ့်ရင်ထဲရောက်လာတဲ့အချိန်ကစပြီး
အငယ်ဆုံးအဆိုးဆုံးဆိုတာငါသိခဲ့ရတယ်
အဲဒီအဆိုးတွေခံယူဖိုအသင့်ရှိနေသူက
ငါပါ...ချစ်သူရယ်...
အချစ်ကိုစားသုံးမိသူတို့အတွက်
အချစ်ရဲ့ဒဏ်ကိုခံနိုင်ဖို့
ကြိုးစားနေတယ်
မင်းဆိုးစမ်းပါ...ချစ်သူ....
မင်းထဆိုထ၊ထိုင်ဆိုထိုင်မှာပါ
ရင်ကွဲမဲ့စကား မုသားသုံးလည်း
ခွင့်လွတ်တယ်.....
မင်းအချစ်စမ်းထည်လည်းတွဲလည်း
မငြီးငြူတမ်း မျက်စိစုံမှိတ်
ရင်ထဲနာလည်း
သည်းခံတယ်.....
မင်းစေလိုရာစေ....
ငါဘဝမင်းအတွက် ပေးအပ်ချင်တယ်
ဒါပေမဲ့ချစ်ရယ်....
လမ်းခွဲစကား မကြားချင်ဘူး
အသက်သေထိအနွံနာခံမယ် ချစ်ကို
မင်းဆိုးလိုက်စမ်းပါ.....ချစ်သူ....
ဆောင်းနှင်း