Monday, July 20, 2009

မင်းအတွက်

ငါအမြင်အာရုံဖြစ်တဲ့
ငါမျက်လုံးအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါအကြားအာရုံဖြစ်တဲ့
ငါနားအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။

ငါရသာအာရုံဖြစ်တဲ့
ငါခံတွင်းကိုလည်းပိတ်ဆို့ကာစီးထားတယ်။

ဒါပေမဲ့
ငါရင်ခွင်တံခါးကိုတော့စေ့ရုံလေးစေ့ ထားတယ်။
ဘာလိုလည်းဆိုတော့ မင်းအတွက်တံခါးမခေါက်ရပ်မစောင့်ပဲ
မင်းဝင်လိုကဝင်
မင်းထွက်လိုကထွက် သဘောကိုဆောင်ပါတယ်.....ချစ်သူ...

ဆောင်းနှင်း