Friday, August 28, 2009

အချစ်ရူးလို့ခေါ်သတဲ့

anime boy Pictures, Images and Photos

မှောင်မိုက်တဲ့
ညတွေအလယ်
ငါ့အတွေးစ
တွေးခဏပေမဲ့
မောင်းထုတ်လို့မရတဲ့
အသိတစ်ချက်က
စွဲမက်ကာရစ်မူး
ပျော်ပျော် မြူးနဲ့
ပြုံးရောင်ရယ်သန်း
လွမ်းနေတဲ့ငါ့ကိုလေ...

အချစ်ကထူးလို့
အပြစ်ကျူး လိုသူတို့က
အပြစ်တင်၊ကဲ့ရဲ့
ကြသတဲ့......
ဂုဏ်ထူးကိုဖေါ်
အချစ်ရူးလို့ခေါ်ကုန်ကြပြီ.....

..........ဆောင်းနှင်း............

ကျွန်းလေးပေါ်မှ"မောင်@မယ်တို့"

ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့

ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး


ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။

ဆောင်းနှင်း