Thursday, July 23, 2009

မျှော်လင့်ခြင်း



ဘဝက ပင်ပန်း ကြမ်းတမ်း လွန်းတော့လေ


ကောင်းကင် ကိုလဲ မော့မကြည့် အားဘူး

ပူလောင်လွန်းတဲ့ဘဝအတွက်

လေပြေညှင်းတွေ

ကြယ်စင်တွေ ကောင်းကင်မှာ

ရှိတာ
ကျနော်မသိခဲ့ဘူးလေ

မျှော်လင့်မထားပဲအဲဒီပေါ်ရောက်သွားဖူးတယ်

ကြယ်စင်တွေ ကလှတယ်နော်

လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ

လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက

လှပစွာမြင်ခဲ့ဖူးတယ်

ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်



ဟိုး~~~~အမြင့်ကြီ:ရောက်မှ

ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်ဗျာ

အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်
လေ

မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်

လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်

မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ

PS:( မင်းနားမှာနေခွင့်ပြန်ရမယ်ဆိုတာ)
တကယ်တော့ဒီကဗျာလေးကကိုကြယ်ကလေးရေးထားတာပါ...
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး

2 comments:

  1. ကောင်းလိုက်တာ ဗျာ
    ခံစား မှုနဲ့ကွက်တိပဲ

    ကျေးဇူး

    ReplyDelete
  2. ကောင်းကင်ကြီး က လာမော့ကြည့်သွားပါတယ်၊ ကဗျာလေး လှတယ်၊

    ReplyDelete