Friday, July 31, 2009
ရင်ထဲကကလေး
ရင်တွင်းစကား ဖွင့်ပြောပြရင်
ရီဝေမျက်လုံး ပြုံးနှုတ်ခမ်းနဲ့
ရှက်ရွံ့မူရာ ချစ်စရာလေးပါ..ကလေးရယ်...
စကားပြောရင် ချိုသာတဲ့အသံ
ကြင်နာတဲ့ကြည့်
နူးညံတဲ့ အထိအတွေ့
သိမ်မွေ့တဲ့ အပြုအမူ
အားလုံးကို ရင်ခုန်မြတ်နိုးရတယ်....ကလေးရယ်
ကိုယ့်ကိုချစ်တယ်လို့
မပြောခဲ့ပေမဲ့ အတွေးရိပ်တွေနဲ့
ကြည်နူးပျော်ရွှင်နေမိတယ်
ကလေးရယ်....
ကလေးသာအနားအမြဲ
ထာဝရရှိရင်“ကို“လေ
ဒီကမ္ဘာကြီးရဲ့ ရွှေ့လျှားနေတဲ့
အချိန်၊နာရီ၊စက္ကန့်၊ရက်၊လ၊နှစ်တွေ
လည်ပတ်နေတဲ့ကမ္ဘာ
သံသရာကြီးကိုပါ ရပ်တန့်ထားချင်တယ်
ဘာကြောင့်လဲဆိုတော့
ကလေးနဲ့ထာဝရမခွဲအတူနေချင်လိုပေါ့....ကလေးရယ်....
...........ဆောင်းနှင်း...............
Subscribe to:
Post Comments (Atom)
ကလေးရယ်..ဘာကြောင့်မင်းလေးနဲ့မှငါ့စိတ်တွေ ယိုင်ခဲ့..တကယ့်ခံစားချက်တွေ ဖတ်နေရတယ် အကိုရေ
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေဗျာ
ရပ်ထားရပ်ထားကောင်းတယ်
ReplyDeleteငယ်လည်းစိတ်ညစ်လွန်းလို့
ရပ်ထားပြီးသေလိုက်ချင်တယ်