
အချစ်ဆိုတဲ့အရာတခုကို
မေ့ဖျောက်ထားတဲ့ကိုယ်အတွက်
ရုတ်တရက်ဆိုသလို
ဒေါင့်ချိုးတနေရာက
ခိုဝင်ရောက်လာခဲ့တယ်......
မာလှပြီလိုထင်ထားတဲ့
ကိုယ့်အသဲနှလုံးက
ကျရှုံးမှန်းမသိကျရှုံးစေတယ်
ဒါပေမဲ့ ငါကျေနပ်တယ်....ချစ်သူ......
ပြောင်းလဲသွားတဲ့
ငါ့...စိတ်တခုကိုလည်းအံသြမိသလို
မင်းနဲ့ပတ်သက်လာရင်
ငါရဲ့မသိစိတ်ကပဲဖြစ်ဖြစ်
သိစိတ်ကပဲဖြစ်ဖြစ်
အလိုလိုလက်ခံမှုတွေကလေ.....
သူနဲ့အတူရှိနေရင် ငါပျော်တတ်လာတယ်
တခါတရံ သူစိတ်ဆိုးရင် ချော့ချင်လာတယ်
သူငိုနေ၊ဝမ်းနည်းနေရင် အားပေးချင်တယ်
သူပျော်ရင်အလိုလိုပျော်တတ်လာတယ်
သူကြောင်းတွေးရင်ကြည်နူးရတယ်
သူအတွက်အရာရာပေးဆပ်ချင်တယ်
ချစ်သူလက်ခံမယ်ဆိုရင်ပေါ့.....
ဒါပေမဲ့သူစိမ်းဆန်လွန်းတဲ့ စကားလုံးတွေနဲ့
ပြစ်ခွာသွားမှာကိုတော့
စိုးရိမ်မိတယ်....ချစ်သူရယ်....
ဆောင်းနှင်း
ကောင်းလှချည်လားကဗျာတွေကလည်း
ReplyDeleteထွက်ပါ့ဒါမျိုးဆိုရင်တော့
နေရာတကာ၊နေရာတကာ နေရာတကာမှာမင်းမျက်နှာ
ReplyDelete"အရာရာမှာမင်းအတွက်ဘဲပေးဆပ်နေရရင်ဘဲ
ကျေနပ်တယ်ဆိုပေမယ်
တစ်ခါတစ်လေ အချစ်ဆိုတဲ့ အတ္တတစ်ခုကြောင့်
သ၀န်တိုမိတဲ့အခါ မင်းအပြစ်မမြင်မိပါနဲ့ချစ်သူ.."
လက်တန်းချရေးကြည့်လိုက်တာ..
ချက်ခြင်းပြန်လိုက်လာတာ ..ဘယ်ရမလဲ ဟဲဟဲ
အဆင်ပြေပျော်ရွှင်ပါစေဗျာ အကို...