Wednesday, July 15, 2009

မုသားမပါသော

ချစ်သူ “ငါ “ မင်းကိုလွမ်းနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်းမင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပျော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသားမပါတဲ့ ငါ့စကားပါ.....ချစ်သူ.........


ဆောင်းနှင်း

3 comments:

  1. ချစ်သူ သိသွားပါစေလို့

    ReplyDelete
  2. ကဗျာလေးကကောင်းမှကောင်းပဲ
    မုသားမပါတော့ကောင်းတာပေါ့
    ဒါပေမယ့်လည်း...
    မုသားမပါလင်္ကာမချောတဲ့လေ :P

    ReplyDelete
  3. အရမ်းကောင်းတဲ့ ကဗျာလေးပါ။ ဒါပေမယ့် ဘာလို့ "ငါ့" ဖြစ်နေတာလဲ? ငါဖြစ်ရမှာ မဟုတ်ဘူးလား?

    ReplyDelete