မင်းရင်ထဲမှာကိုယ့်အတွက်
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ............
ဆောင်းနှင်း
Friday, August 14, 2009
Friday, July 31, 2009
ရင်ထဲကကလေး

ရင်တွင်းစကား ဖွင့်ပြောပြရင်
ရီဝေမျက်လုံး ပြုံးနှုတ်ခမ်းနဲ့
ရှက်ရွံ့မူရာ ချစ်စရာလေးပါ..ကလေးရယ်...
စကားပြောရင် ချိုသာတဲ့အသံ
ကြင်နာတဲ့ကြည့်
နူးညံတဲ့ အထိအတွေ့
သိမ်မွေ့တဲ့ အပြုအမူ
အားလုံးကို ရင်ခုန်မြတ်နိုးရတယ်....ကလေးရယ်
ကိုယ့်ကိုချစ်တယ်လို့
မပြောခဲ့ပေမဲ့ အတွေးရိပ်တွေနဲ့
ကြည်နူးပျော်ရွှင်နေမိတယ်
ကလေးရယ်....
ကလေးသာအနားအမြဲ
ထာဝရရှိရင်“ကို“လေ
ဒီကမ္ဘာကြီးရဲ့ ရွှေ့လျှားနေတဲ့
အချိန်၊နာရီ၊စက္ကန့်၊ရက်၊လ၊နှစ်တွေ
လည်ပတ်နေတဲ့ကမ္ဘာ
သံသရာကြီးကိုပါ ရပ်တန့်ထားချင်တယ်
ဘာကြောင့်လဲဆိုတော့
ကလေးနဲ့ထာဝရမခွဲအတူနေချင်လိုပေါ့....ကလေးရယ်....
...........ဆောင်းနှင်း...............
Thursday, July 30, 2009
ဆိုးစမ်းချစ်သူ

မင်းကကိုယ့်ရင်ထဲရောက်လာတဲ့အချိန်ကစပြီး
အငယ်ဆုံးအဆိုးဆုံးဆိုတာငါသိခဲ့ရတယ်
အဲဒီအဆိုးတွေခံယူဖိုအသင့်ရှိနေသူက
ငါပါ...ချစ်သူရယ်...
အချစ်ကိုစားသုံးမိသူတို့အတွက်
အချစ်ရဲ့ဒဏ်ကိုခံနိုင်ဖို့
ကြိုးစားနေတယ်
မင်းဆိုးစမ်းပါ...ချစ်သူ....
မင်းထဆိုထ၊ထိုင်ဆိုထိုင်မှာပါ
ရင်ကွဲမဲ့စကား မုသားသုံးလည်း
ခွင့်လွတ်တယ်.....
မင်းအချစ်စမ်းထည်လည်းတွဲလည်း
မငြီးငြူတမ်း မျက်စိစုံမှိတ်
ရင်ထဲနာလည်း
သည်းခံတယ်.....
မင်းစေလိုရာစေ....
ငါဘဝမင်းအတွက် ပေးအပ်ချင်တယ်
ဒါပေမဲ့ချစ်ရယ်....
လမ်းခွဲစကား မကြားချင်ဘူး
အသက်သေထိအနွံနာခံမယ် ချစ်ကို
မင်းဆိုးလိုက်စမ်းပါ.....ချစ်သူ....
ဆောင်းနှင်း
Wednesday, July 29, 2009
သိစေချစ်သူ

အချစ်ဆိုတဲ့အရာတခုကို
မေ့ဖျောက်ထားတဲ့ကိုယ်အတွက်
ရုတ်တရက်ဆိုသလို
ဒေါင့်ချိုးတနေရာက
ခိုဝင်ရောက်လာခဲ့တယ်......
မာလှပြီလိုထင်ထားတဲ့
ကိုယ့်အသဲနှလုံးက
ကျရှုံးမှန်းမသိကျရှုံးစေတယ်
ဒါပေမဲ့ ငါကျေနပ်တယ်....ချစ်သူ......
ပြောင်းလဲသွားတဲ့
ငါ့...စိတ်တခုကိုလည်းအံသြမိသလို
မင်းနဲ့ပတ်သက်လာရင်
ငါရဲ့မသိစိတ်ကပဲဖြစ်ဖြစ်
သိစိတ်ကပဲဖြစ်ဖြစ်
အလိုလိုလက်ခံမှုတွေကလေ.....
သူနဲ့အတူရှိနေရင် ငါပျော်တတ်လာတယ်
တခါတရံ သူစိတ်ဆိုးရင် ချော့ချင်လာတယ်
သူငိုနေ၊ဝမ်းနည်းနေရင် အားပေးချင်တယ်
သူပျော်ရင်အလိုလိုပျော်တတ်လာတယ်
သူကြောင်းတွေးရင်ကြည်နူးရတယ်
သူအတွက်အရာရာပေးဆပ်ချင်တယ်
ချစ်သူလက်ခံမယ်ဆိုရင်ပေါ့.....
ဒါပေမဲ့သူစိမ်းဆန်လွန်းတဲ့ စကားလုံးတွေနဲ့
ပြစ်ခွာသွားမှာကိုတော့
စိုးရိမ်မိတယ်....ချစ်သူရယ်....
ဆောင်းနှင်း
မျှော်လင့်ချက် မနက်ဖြန်
ခက်ခဲနေတဲ့ လူ့ဘ၀ကြီးမှာ
ကျပ်တည်းစွာ လှုပ်ရှားနေရတဲ့
လူသားတွေနဲ့ငါ
မြက်ထဲမှာ ကျပျောက်သွားတဲ့
အပ်တိုတစ်ချောင်းကို
ခက်ခဲစွာ ရှာဖွေနေရသလို
ပင်ပန်းလှပါတယ်
မသေသေးတဲ့ ခန္ဓာကိုယ်နဲ့
မတင်းတိမ်နိုင်သေးတဲ့ စိတ်တွေကြောင့်
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကြီးကို
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြည့်ချင်မိသေးတယ်။
ဆောင်းနှင်း
ကျပ်တည်းစွာ လှုပ်ရှားနေရတဲ့
လူသားတွေနဲ့ငါ
မြက်ထဲမှာ ကျပျောက်သွားတဲ့
အပ်တိုတစ်ချောင်းကို
ခက်ခဲစွာ ရှာဖွေနေရသလို
ပင်ပန်းလှပါတယ်
မသေသေးတဲ့ ခန္ဓာကိုယ်နဲ့
မတင်းတိမ်နိုင်သေးတဲ့ စိတ်တွေကြောင့်
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကြီးကို
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြည့်ချင်မိသေးတယ်။
ဆောင်းနှင်း
Tuesday, July 28, 2009
မေ့မရသူ
အချစ်ဆိုတာ
အပေါ်ယံ သကာရည်သုတ်ထားတဲ့
အဆိပ်ဆိုရင်
အဲဒီအဆိပ်ရည်စက်တွေကို
ခုံမင်စွာ သောက်သုံးနေတဲ့
ငါ့အတွက်တော့
ဝေဒနာခံစားရမှာ
သိလျက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့
သူရူးတစ်ယောက်လိုပါပဲ။
မိုးလင်းလို့
မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
ငါစဉ်းစားမိနေတာ
နင့် အကြောင်းပါ။
တစ်နေ့ထက်တစ်နေ့
သောက်မိနေတဲ့
အဆိပ်ရည်စက်တွေကြောင့်
ကြေကွဲခြင်း ဆိုတဲ့
ဝေဒနာကြီးကို
ခံစားရဖို့
အချိန်နီးကပ်လာပြီဆိုတာ
ငါသိနေပေမယ့်
နင့်ကိုဘယ်လိုမှ
မေ့လို့မရလို့ပါ
ချစ်သူ.....
ဆောင်းနှင်း
အပေါ်ယံ သကာရည်သုတ်ထားတဲ့
အဆိပ်ဆိုရင်
အဲဒီအဆိပ်ရည်စက်တွေကို
ခုံမင်စွာ သောက်သုံးနေတဲ့
ငါ့အတွက်တော့
ဝေဒနာခံစားရမှာ
သိလျက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့
သူရူးတစ်ယောက်လိုပါပဲ။
မိုးလင်းလို့
မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
ငါစဉ်းစားမိနေတာ
နင့် အကြောင်းပါ။
တစ်နေ့ထက်တစ်နေ့
သောက်မိနေတဲ့
အဆိပ်ရည်စက်တွေကြောင့်
ကြေကွဲခြင်း ဆိုတဲ့
ဝေဒနာကြီးကို
ခံစားရဖို့
အချိန်နီးကပ်လာပြီဆိုတာ
ငါသိနေပေမယ့်
နင့်ကိုဘယ်လိုမှ
မေ့လို့မရလို့ပါ
ချစ်သူ.....
ဆောင်းနှင်း
Sunday, July 26, 2009
Saturday, July 25, 2009
အိမ်


ချစ်သူ...............
ငါမင်းအတွက်ရည်ရွယ်ပြီ အိမ်လှလေးတည်ဆောက်ခဲ့တယ်။
ဒါပေမဲ့မင်းကဒီအိမ်လေးမှာမနေလိုဘူးနော်...
မင်းကတော့အဝေးကိုထွက်ပြေး
ငါ့ကိုတော့ဒီအိမ်လေးထဲမှာသော့ခတ်သိမ်းထားခဲ့တယ်နော်။။
မင်းမနေလိုတဲ့ဒီအိမ်လေးမှာလည်းဘယ်လိုနေပျော်မလည်းချစ်သူရယ်...
မင်းမရှိတော့တဲ့ဒီအိမ်လေးမှာ အရာရာဟာလည်း
ငါအတွက်ခြောက်သွေ့လွန်းပါတယ်
အပျော်တွေကင်းမဲ့တဲ့အိမ်လေးရေ
မင်းကငါဒို့နှစ်ဦးကိုပျော်ရွှင်မှုတွေမှမပေးပဲ
မင်းကိုအပြစ်တင်ချင်တာတော့မဟုတ်ပါဘူး....
တကယ်တော့တည်ဆောက်ခဲ့တဲ့
ငါ့မှာသာအပြစ်ရှိတယ်ဆိုတာသိပါတယ်....
ငါဝမ်နည်းစွာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်....
ငါအဝေးထွက်သွားတော့မယ်နော်....
.......ဆောင်းနှင်း...........
ငါမင်းအတွက်ရည်ရွယ်ပြီ အိမ်လှလေးတည်ဆောက်ခဲ့တယ်။
ဒါပေမဲ့မင်းကဒီအိမ်လေးမှာမနေလိုဘူးနော်...
မင်းကတော့အဝေးကိုထွက်ပြေး
ငါ့ကိုတော့ဒီအိမ်လေးထဲမှာသော့ခတ်သိမ်းထားခဲ့တယ်နော်။။
မင်းမနေလိုတဲ့ဒီအိမ်လေးမှာလည်းဘယ်လိုနေပျော်မလည်းချစ်သူရယ်...
မင်းမရှိတော့တဲ့ဒီအိမ်လေးမှာ အရာရာဟာလည်း
ငါအတွက်ခြောက်သွေ့လွန်းပါတယ်
အပျော်တွေကင်းမဲ့တဲ့အိမ်လေးရေ
မင်းကငါဒို့နှစ်ဦးကိုပျော်ရွှင်မှုတွေမှမပေးပဲ
မင်းကိုအပြစ်တင်ချင်တာတော့မဟုတ်ပါဘူး....
တကယ်တော့တည်ဆောက်ခဲ့တဲ့
ငါ့မှာသာအပြစ်ရှိတယ်ဆိုတာသိပါတယ်....
ငါဝမ်နည်းစွာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်....
ငါအဝေးထွက်သွားတော့မယ်နော်....
.......ဆောင်းနှင်း...........
Friday, July 24, 2009
ချစ်သူကအပြစ်မယူပဲအချစ်ယူခဲ့ရင်တော့ပျော်စရာပေါ့နော်

ချစ်သူရေ...............
တကယ်တော့ .............
ငါဟာမင်းရဲ့စေတနာမေတ္တာတွေကို
တန်ဖိုးမထားမလေးစားတာမဟုတ်ပါဘူး
အချစ်ကြီးလွန်းလို့ငါအတ္တကြီးသွားတာပါ
င့ါရင်ထဲကိုမင်းခဏလောက်ဝင်ကြည့်ရရင်ဝင်ကြည့်ပေးပါ
တကယ်လို့ ငါ့ရင်ကိုမြင်နိုင်တဲ့မျက်စိအစုံရှိမယ်ဆို
တချက်လောက်ငဲ့ကြည့်ပေးပါ
ငါဟာမျှော်လင့်ခြင်းဆိုတဲ့ အရာတစ်ခုကို
အသက်သွင်းပြီးနေ့ရက်တွေကိုကုန်ဆုံးစေခဲ့တယ်
သူတပါးတွေကပြောတယ်
မျှော်လင့်ခြင်းဆိုတာမရှိမကောင်း၊ရှိမကောင်းတဲ့
အမှန်တရားဆိုတာငါလက်ခံနိုင်ပေမယ့်
ငါ့နှလုံးသားက ခါးခါးသည်းသည်းငြင်းဆန်နေတယ်
အရင်ကတော့ အိမ်မက်တွေကို
ရွံ့မုန်းတတ်သူတယောက်က
အခုဆိုအဲဒီအိမ်မက်တွေကိုတရှိုက်မက်မက်နဲ့
ခင်တွယ်ရစ်မူးနေမိတယ်....
သက်မဲ့တဲ့အိမ်မက်တွေထဲမှာ
မင်းပါနေတော့သက်ရှိလို့ငါခံစားပြီး
ပျော်မြူးနေလိုက်တာ အဲ့အချိန်မှာလန့်နိုးလို့
ငါ့ကိုယ်ငါ ဘဝင်မကျဖြစ်မိတယ်
အဲဒီလို ဆုံးရှုံးသွားတဲ့အိမ်မက်တွေ
အကြိမ်ကြိမ်ထပ်လာဖိုလည်းမျှော်လင့်နေတုန်းပါပဲ
အဲဒါကြောင့်................
မင်းမရှိရင်မနေတတ်တဲ့
ငါဘဝကိုလည်းငါရွံ့မုန်းမိတယ်
မင်းကိုအမြဲလိုလိုတွေ့ချင်တဲ့
ငါ့မျက်စိအစုံကိုလဲဖောက်ထုတ်ချင်လောက်အောင်ရွံ့မုန်းမိတယ်
မင်းအသံလေးကိုမှကြားချင်မိတဲ့
ငါ့နားအစုံကိုလည်းထာဝရပိတ်ဆို့ထားချင်မိတယ်
ပြောစရာမရှိပေမဲ့ရှာပြောတတ်တဲ့
ငါ့ပါးစပ်ကိုလည်းလေးနက်တဲ့အပြစ်တွေပေးချင်မိတယ်
နောက်တစ်ခုက....
ငါအချစ်ကြောင့်စိတ်အနှောင့်ရှက်ဖြစ်သွားတဲ့
မင်းကိုလည်းတောင်းပန်ချင်တယ်
ခွင့်လွှတ်ပါချစ်သူ....
ဆောင်းနှင်း
်
Thursday, July 23, 2009
မျှော်လင့်ခြင်း

ဘဝက ပင်ပန်း ကြမ်းတမ်း လွန်းတော့လေ
ကောင်းကင် ကိုလဲ မော့မကြည့် အားဘူး
ပူလောင်လွန်းတဲ့ဘဝအတွက်
လေပြေညှင်းတွေ
ကြယ်စင်တွေ ကောင်းကင်မှာ
ရှိတာကျနော်မသိခဲ့ဘူးလေ
မျှော်လင့်မထားပဲအဲဒီပေါ်ရောက်သွားဖူးတယ်
ကြယ်စင်တွေ ကလှတယ်နော်
လေပြေအေးရယ်တန်ဖိုးရှိလိုက်တာ
လမင်းရဲ့အလင်းနဲ့လောကကိုအပေါ်ဆီးက
လှပစွာမြင်ခဲ့ဖူးတယ်
ကျနော်လေ ဘဝတောင်မေ့ခဲ့တယ်
ဟိုး~~~~အမြင့်ကြီ:ရောက်မှ
ဟိုး~~~~အောက်ဆုံးကိုပြန်ပြုတ်ကျသွားတယ်ဗျာ
အဲဒီကောင်းကင်ပေါ်ကဘဝကိုတန်ဖိုးထားတဲ့ ကျနော်လေ
မျက်ရည်တွေဝဲပြီး ကောင်းကင်ကို ငေးမော့ကြည့်နေမိတယ်
လဲကျနေရာကပြန်ထဖို့အချိန်ယူရမယ်
မျှော်လင့်ချက်တော့ ရင်မှာအပြည့်ပဲ
PS:( မင်းနားမှာနေခွင့်ပြန်ရမယ်ဆိုတာ)
တကယ်တော့ဒီကဗျာလေးကကိုကြယ်ကလေးရေးထားတာပါ...
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး
ခံစားမှုနဲ့လုံးဝထပ်တူညီနေသဖြင့် ခွင့်တောင်းပြီးတင်ထားတာပါ....
ကျေးဇူးပါနော် ကိုကြယ်လေး
နင်သိစေလို
ချစ်သူရေ
ငါဟာမရေရာတဲ့
ဘဝတစ်ခုကိုလျှောက်ရင်းနဲ့
လမ်းပြောက်နေတဲ့သူပါ
ငါ့ကိုယ်ငါဘာမှန်းမသိ
ငါ့ဘဝအတွက်
တိကျတဲ့အဖြေကိုရှာရင်းနဲ့
တွေဝေနေခဲ့တယ်။
ဘဝမှာ မရေရာ၊ မသေချာ၊တိကျမူတွေမရှိခဲ့ပေမဲ့
ငါရင်ထဲအသဲထဲမှာတိကျတဲ့အဖြေတစ်ခုနဲ့တိကျတဲ့အရာတစ်ခုရှိတယ်
ဘာလည်းဆိုတော့
ငါလေနင့်ကိုအရမ်းချစ်တယ်
ဒါကိုတော့.....နင်သိစေလိုတယ်.......
...........ဆောင်းနှင်း.............
ငါဟာမရေရာတဲ့
ဘဝတစ်ခုကိုလျှောက်ရင်းနဲ့
လမ်းပြောက်နေတဲ့သူပါ
ငါ့ကိုယ်ငါဘာမှန်းမသိ
ငါ့ဘဝအတွက်
တိကျတဲ့အဖြေကိုရှာရင်းနဲ့
တွေဝေနေခဲ့တယ်။
ဘဝမှာ မရေရာ၊ မသေချာ၊တိကျမူတွေမရှိခဲ့ပေမဲ့
ငါရင်ထဲအသဲထဲမှာတိကျတဲ့အဖြေတစ်ခုနဲ့တိကျတဲ့အရာတစ်ခုရှိတယ်
ဘာလည်းဆိုတော့
ငါလေနင့်ကိုအရမ်းချစ်တယ်
ဒါကိုတော့.....နင်သိစေလိုတယ်.......
...........ဆောင်းနှင်း.............
Wednesday, July 22, 2009
ရင်ထဲမှာ

တိုက်ဆိုင်မူတွေရှိတဲ့အခါ
လွန်လွန်ကဲကဲမင်းကိုသတိရမိသလို
တိုက်ဆိုင်မူတွေမရှိတဲ့အခါမှာလည်း
မင်းကိုလွမ်းတဲ့စိတ်ကိုထိမ်းချုပ်လိုမရပါဘူး
အဲ့ဒီအချိန်မှာကိုယ်အကြိမ်ကြိမ်ဆုတောင်းမိတာက
ကိုယ်မင်းကိုချစ်တဲ့အချစ်တွေဟာ
အလွမ်းတွေရဲ့အနိုင်ယူမူခံယူဖို့မမွေးဖွားပါရစေနဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေရယ်
မင်းကိုသတိရလို့ကျတဲ့မျက်ရည်တွေရယ်
အဲဒါတွေမရှိတဲ့ကမ္ဘာတစ်ခုကို
မင်းနဲ့ထပ်တူရချင်တယ်......
လွန်လွန်ကဲကဲမင်းကိုသတိရမိသလို
တိုက်ဆိုင်မူတွေမရှိတဲ့အခါမှာလည်း
မင်းကိုလွမ်းတဲ့စိတ်ကိုထိမ်းချုပ်လိုမရပါဘူး
အဲ့ဒီအချိန်မှာကိုယ်အကြိမ်ကြိမ်ဆုတောင်းမိတာက
ကိုယ်မင်းကိုချစ်တဲ့အချစ်တွေဟာ
အလွမ်းတွေရဲ့အနိုင်ယူမူခံယူဖို့မမွေးဖွားပါရစေနဲ့
မင်းကိုလွမ်းတဲ့အလွမ်းတွေရယ်
မင်းကိုသတိရလို့ကျတဲ့မျက်ရည်တွေရယ်
အဲဒါတွေမရှိတဲ့ကမ္ဘာတစ်ခုကို
မင်းနဲ့ထပ်တူရချင်တယ်......
Tuesday, July 21, 2009
ပန်းလိုလှချစ်သူမ
Monday, July 20, 2009
မင်းအတွက်
ငါအမြင်အာရုံဖြစ်တဲ့
ငါမျက်လုံးအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါအကြားအာရုံဖြစ်တဲ့
ငါနားအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါရသာအာရုံဖြစ်တဲ့
ငါခံတွင်းကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ဒါပေမဲ့
ငါရင်ခွင်တံခါးကိုတော့စေ့ရုံလေးစေ့ ထားတယ်။
ဘာလိုလည်းဆိုတော့ မင်းအတွက်တံခါးမခေါက်ရပ်မစောင့်ပဲ
မင်းဝင်လိုကဝင်
မင်းထွက်လိုကထွက် သဘောကိုဆောင်ပါတယ်.....ချစ်သူ...
ဆောင်းနှင်း
ငါမျက်လုံးအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါအကြားအာရုံဖြစ်တဲ့
ငါနားအစုံကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ငါရသာအာရုံဖြစ်တဲ့
ငါခံတွင်းကိုလည်းပိတ်ဆို့ကာစီးထားတယ်။
ဒါပေမဲ့
ငါရင်ခွင်တံခါးကိုတော့စေ့ရုံလေးစေ့ ထားတယ်။
ဘာလိုလည်းဆိုတော့ မင်းအတွက်တံခါးမခေါက်ရပ်မစောင့်ပဲ
မင်းဝင်လိုကဝင်
မင်းထွက်လိုကထွက် သဘောကိုဆောင်ပါတယ်.....ချစ်သူ...
ဆောင်းနှင်း
Sunday, July 19, 2009
ရင်ထဲကဖေဖေ



အဖေ....
လောကကြီးကလည်း အဖေကိုသတိရနေတယ်
နေမင်းကြီးကလည်း အဖေကိုသတိရနေတယ်
လမင်းကြီးကလည်း အဖေကိုသတိရနေတယ်
ကြယ်စင်လေးတွေလည်း အဖေကိုသတိရနေတယ်
လေးညှင်းလေးတွေကလည်း အဖေကိုသတိရနေတယ်
အဲဒီလို သက်မဲ့လေးတွေကတောင်သတိရနေရင်၊သက်ရှိဖြစ်တဲ့
အဖေရဲ့၊အဖေ၊အမေ၊သား၊သမီး၊မြေး၊မြစ်တွေကလည်း ရင်ထဲ၊အသဲထဲမှာအမြဲထာဝရသတိရနေသလိုဘယ်သောအခါမှလည်းမေ့လိုရမှာမဟုတ်ပါဘူး...အဖေ...
ဆောင်းနှင်း
.....
ဝမ်း၊ဖိုး၊သရီး

Honey....
ကိုယ့်ကမင်းရဲ့နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခုမဖြစ်ခဲ့ရင်တောင်
မင်းကိုရိပ်မိုးပေးမဲ့ တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘဝရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ် ကြယ်လေးတစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းအနားမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားကအရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက်တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ
ကိုယ့်ကမင်းရဲ့နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တစ်ခုမဖြစ်ခဲ့ရင်တောင်
မင်းကိုရိပ်မိုးပေးမဲ့ တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘဝရဲ့လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ် ကြယ်လေးတစ်ပွင့်တော့ဖြစ်ပါရစေ။
မင်းအနားမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားကအရိပ်လေးတော့ဖြစ်ပါရစေ။
မင်းအတွက်တောက်ပတဲ့အလင်းမဖြစ်ချင်နေပါ
မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ။
Oh! Sweet heart.....မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
ဒါတွေကိုအတိအကျ
မခန့်မှန်းနိုင်ပေမဲ့
ကိုယ့်ကတော့သစ္စာဆိုရဲပါတယ်
I LOVE YOU SO MUCH.....
ံဘယ်သူရေးထားတာလည်းတော့မသိပါ။ကြိုက်လို့ကူးယူထားခြင်းပါ။ပိုင်ရှင်သိရှိက ခွင့်လွတ်ပါ......
ချစ်ရင်ချစ်မယ်
မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
ဒါတွေကိုအတိအကျ
မခန့်မှန်းနိုင်ပေမဲ့
ကိုယ့်ကတော့သစ္စာဆိုရဲပါတယ်
I LOVE YOU SO MUCH.....
ံဘယ်သူရေးထားတာလည်းတော့မသိပါ။ကြိုက်လို့ကူးယူထားခြင်းပါ။ပိုင်ရှင်သိရှိက ခွင့်လွတ်ပါ......
Saturday, July 18, 2009
စိတ်
အမှောင်ကျနေတဲ့ ဟောဒီကမ္ဘာကြီးမှာလည်းငါမနေချင်ဘူး။
ပိတ်ဆို့မွန်းကြပ်နေတဲ့ ဟောဒီလူ့ပတ်ဝန်းကျင်ကြီးမှာလည်းငါမနေချင်ဘူး။
အခက်ခဲတွေ၊ဒုက္ခများပြားလှတဲ့ ဟောဒီနေရာကြီးမှာလည်းငါမနေချင်ဘူး။
ပြောတိုင်းမရ၊လုပ်တိုင်းမဖြစ်တဲ့ ဟောဒီအလုပ်မျိုးမှာလည်းငါမနေချင်ဘူး။
လမ်းလျှောက်ရင်လမ်းပျောက်နေတဲ့ ဟောဒီလမ်းကိုလည်းငါဆက်မလျှောက်ချင်ဘူး။
မျှော်လင့်ခြင်းတွေပျက်သုန်းသွားတဲ့ ဟောဒီငါ့အတွေးအိမ်မက်တွေလည်းဆက်မမက်ချင်တော့ဘူး။
ဆေးရောင်စုံချယ်သထားတဲ့ ဟောဒီပန်းချီကားဟောင်းကြီးကိုလည်းငါမကြည့်ချင်တော့ဘူး။
ပြောရင်းဆိုရင်း ဟောဒီစကားလုံးတွေ၊စာလုံးတွေလည်းဆက်မရေးချင်တော့ဘူး....... ကွာ.....ပြီးရော
ဆောင်းနှင်း
Friday, July 17, 2009
အလိုတော်ကျ
အချစ်သခင်
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နှုတ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......?????
ဆောင်းနှင်း
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နှုတ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......?????
ဆောင်းနှင်း
Wednesday, July 15, 2009
မုသားမပါသော
ချစ်သူ “ငါ “ မင်းကိုလွမ်းနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်းမင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပျော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသားမပါတဲ့ ငါ့စကားပါ.....ချစ်သူ.........
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်းမင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပျော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသားမပါတဲ့ ငါ့စကားပါ.....ချစ်သူ.........
ဆောင်းနှင်း
Tuesday, July 14, 2009
ပန်း
Subscribe to:
Posts (Atom)

