ခုတလောစိတ်တွေကအရမ်းဖိစီးသလိုအရမ်းရှုပ်ထွေးနေပါသဖြင့်စာရေးခြင်းရပ်နားထားပါသည်၊
Thursday, September 3, 2009
Wednesday, September 2, 2009
မျှော်လင့်ချက်ဖြင့် အသက်ရှင်

တစ်ခါတစ်ရံဘဝတွင်စိတ်ဆင်းရဲသောကနှင့်တွေ့ကြုံပြီးထွက်ပေါက်မရှိသလိုမျိုးကြုံရတတ်သည်။
အလင်းရောင်မမြင်ရသည့်တွင်းနက်ကြီးထဲကျနေသလိုမျိုးခံစားရသည်။
မိမိကိုယ်တိုင်တွင်းနက်ကြီးထဲမှရုန်းမထွက်နိုင်။
အပေါ်မှဆွဲတင်ပေးမည့်ကယ်တင်ရှင်လည်းမမြင်၊ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိ။
စိတ်ဆင်းရဲသောကများကြောင့်လုံးပါးပါးနေရပြီးဒုက္ခနွံတောတွင်သေလုသေခင်မျောနေတတ်သည်။
ထိုအခါမျိုးတွင်မျှော်လင့်ချက်နှင့်အသက်ရှင်တတ်ရန်လိုသည်။
မျှော်လင့်ချက်သည်ဘဝကိုရှင်သန်စေနိုင်သောအရာဖြစ်ပါသည်။
မျှော်လင့်ချက်ကောက်ရိုးတမျှင်ဆွဲမိရုံနှင့်ခွန်အားရရှိရှင်သန်သွားစေနိုင်ပါသည်။
မျှော်လင့်ချက်သည်ဒုက္ခပေါင်းစုံတို့ကိုခံနိုင်စွမ်းရည်ရှိစေနိုင်ပါသည်။
မျှော်လင့်ချက်သည် ဘဝ၏ခွန်အားဘဝ၏တွန်းအားတစ်စုံလည်းဖြစ်ပါသည်။
မျှော်လင့်ချက်အလင်းတစ်စရရုံဖြင့်ဘဝကိုနိုးထစေနိုင်ပါသည်။လူသည်
မျှော်လင့်ချက်ဖြင့်အသက်ရှင်ပြီးစေတနာကောင်းကောင်းဖြင့်ကောင်းသောအလုပ်များကိုလုပ်ရပါမည်။
စေတနာကောင်းအလုပ်ကောင်းခြင်းကြောင့်ကောင်းသောကံများကိုယ်ထံရောက်လာပါမည်။
မျှော်လင့်ခြင်းများဖြင့်တောင်ခံထားသောဘဝကိုကံကြမ္မာကောင်းများက
တောက်ပြောင်လင်းလက်စေပါလိမ့်မည်။
အဆုံးစွန်သောဆင်းရဲမွဲတေခြင်းများကြောင့်လူသည်ဘာမျှမရှိချင်နေပါစေ။
မျှော်လင့်ခြင်းသာရှိပါစေ။မျှော်လင့်ခြင်းတောင်မှမရှိနိုင်လျှင်ဖန်တီးယူနိုင်ဖို့ကြိုးစားပါ။
ဘဝတွင်ဘာမှမကျန်နိုင်လောက်အဆုံးမဲ့နေရန်မသင့်ပါ။
မျှော်လင့်ချက်လေးတစ်ခုတော့ရှိနေသင့်ပါသည်။
မျှော်လင့်ချက်သာရှိနေလျှင်မနက်ဖန်သင်ဘာဖြစ်မည်ကိုမည်သူမှအတပ်မပြောနိုင်ပါ။
အောင်မြင်ကျော်ကြားသူများသည်ဆင်းရဲဒုက္ခတွင်းကြီးထဲမှကုတ်ကပ်ထွက်
တက်လာနိုင်ကြသူများဖြစ်သည် ကို သင်မမေ့ပါနှင့်။
ထို့ကြောင့်ဘာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေအမျိုးရောက်ရောက်မျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
ဖြစ်ချင်တာတွေမဖြစ်ရ၍စိတ်ဆင်းရဲသောကရောက်နေချိန်တွင်
တစ်နေ့နေ့တော့ဖြစ်လာမှာပဲဟူသောမျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
လုပ်ချင်တာမလုပ်ရ၍စိတ်ပင်ပန်းဆင်းရဲနေချိန်တွင်တစ်နေ့နေ့တော့လုပ်ခွင့်ရမှာဟု
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။
သွားချင်တာမသွားရ၍စိတ်ထိခိုက်နေချိန်တွင်တစ်ချိန်ချိန်တော့သွားလို့ရမှာပါဟူသော
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။အသက်ရှင်နေသေးသမျှ မျှော်လင့်ခြင်းရှိနေပါသည်။
..........................မျှော်လင့်ချက်ဖြင့်သာ အသက်ရှင်ပါ................................
Tuesday, September 1, 2009
ည

နေကွယ်ပျောက်....အလင်းတိမ်အောက်
ဝိုးတိုးဝါးတား.....ညရဲ့အစ
ညအလင်းရောင်....လမင်းထွန်းတောက်
ငွေကြယ်တို့ရောက်.....ပရစ်အော်မြူး
စုန်းကြူးရောင်းထည်....ညရဲ့အလယ်
ရနံသင်းထုံ....မွှေးညပန်းအုံ
လေအဝေ့မှာ....တာဝန်ကျေအောင်
သူရနံ့နဲ့......ဖြေဖျော်ရှာတယ်
ညမွှေးပန်းငယ်.........
နှင်းစက်နှင်းပြောက်.....တစ်တောက်တောက်နဲ့
သစ်ရွက်ငယ်ဖျား.....ခိုနားလျှက်ပါ
ချမ်းစိမ့်အေးအောင်......သူထမ်းဆောင်တယ်
ညသန်းခေါင်ဝယ်...........
ပရစ်သံတိတ်....လူသံဆိတ်လည်း
ဖြိုးတိုးဖျောက်တောက်.....နှင်းဆက်တို့အောက်
မပျက်မကွက်.....တွန်သံပေးလို့
နိုးလိုက်ကြရင်း.....တာဝန်ကျေတဲ့
ကြက်တညင်ရယ်.........
လမင်းမှေးမှိန်.....ကြယ်ရောင်တို့ပျောက်
ရောင်နီဝိုးဝါး.......အလင်းရောင်ပေါ်
နေမင်းတောက်သော်.....ညလေးတည
ကုန်ဆုံးရ၏..........
အလွမ်းရင်ပိုက်....ဆွေးမြည့်အသဲ
အတွေးနဲ့ပျော်......မျှော်နေသူတွက်
ညရယ်.............
အချစ်တွေယူ......အပျော်တွေပေး
တစ်ခဏလေး.....ဝေဒနာဆေး
အခါခါကျွေး......ခါးမှန်းသိလည်း
မြိုချမိတယ်..........
ဆုံတွေခဏ......ထိုညလေးကို
အမြဲထာဝစဉ်.....လွမ်းနေမယ်
နေသူရိန်၊ဆောင်းနှင်း
.........ကျနော်အတွက်ရေးပေးထားတာပါ..........
Monday, August 31, 2009
@@@@@@@online ပေါ်ကကျနော်ချစ်သူကို@@@@@@@

ချစ်သူ....
ငါမင်းကိုအရမ်းလွမ်းနေမိတယ်
မင်းမရှိမှန်းသိလျှက်နဲ့
gtalk လေးကိုဖွင့်မျှော်မိတယ်
ငါ့စိတ်ကိုဒုန်းဒုန်းချ အိပ်ပျော်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါပေမဲ့ထိမ်းချူပ်လို့မရတဲ့
ငါ့ရဲ့မသိစိတ်ကရော...
သိစိတ်ကပါ ........
မင်းကိုလွမ်းဆွတ်စေဖို့
တိုက်တွန်းနေလေတော့
တကယ်ပါချစ်သူ
အဲ့ဒီအချိန်မှာ.....
မင်းသာကြားနိုင်တဲ့စွမ်းအားရှိမယ်ဆိုရင်
ငါအော်ပြီးပြောလိုက် ချင်ပါတယ်
.............လွမ်းလှပါပြီလို့...............
ဆောင်းနှင်း
Saturday, August 29, 2009
သူလိုလူ....
အတိတ်က နိမိတ်ဆိုး
အရိပ်ဆိုးလိုတွယ်ငြိ
ဘယ်မသိတဲ့ အိုလူနယ်
အချစ်ကိုမဆို
အပြစ်ကို ခိုတစ်ကောင်းလိုငြီး
ဆော်တီးဖို့ အခွင့်ကောင်းကိုစောင့်
အရှေ့တွင်က အပြောချို
သကာရည်က ရှုံးသတဲ့
နောက်ကွယ်ကဓါးမြှောင်တိုထုတ်
အသေခုတ်ဖို့သူကြံရွယ်
စိတ်ထားရယ် ဖြူသူမို့
ကံတရားရယ်ကာလိုစီး
အဖန်ငါးရာ မဆုံချင်ဘူး
သူလို့လူမျိုး.....
PS..( လူတစ်ယောက်ဟာခံစာချက်တွေများလာရင် ပေါက်ကွဲတတ်တာသဘာဝပါ...
ဒါပေမဲ့ပေါက်ကွဲတာထက်ဖောက်ခွဲထုတ်တာကပိုဆိုးပါတယ်....
သည်းခံခြင်းဆိုတာအတိုင်းအတာတစ်ခုရှိစမြဲပါ.... တကယ်တော့
ဒီကဗျာလေးဟာတယောက်သောသူအတွက်ဝင်ခံစားပေးရေးထားတာပါ....
အားလုံးပဲအမုန်းမမြင်၊အချစ်မြင်နိုင်ကြပါစေ.........).
ဆောင်းနှင်း
အရိပ်ဆိုးလိုတွယ်ငြိ
ဘယ်မသိတဲ့ အိုလူနယ်
အချစ်ကိုမဆို
အပြစ်ကို ခိုတစ်ကောင်းလိုငြီး
ဆော်တီးဖို့ အခွင့်ကောင်းကိုစောင့်
အရှေ့တွင်က အပြောချို
သကာရည်က ရှုံးသတဲ့
နောက်ကွယ်ကဓါးမြှောင်တိုထုတ်
အသေခုတ်ဖို့သူကြံရွယ်
စိတ်ထားရယ် ဖြူသူမို့
ကံတရားရယ်ကာလိုစီး
အဖန်ငါးရာ မဆုံချင်ဘူး
သူလို့လူမျိုး.....
PS..( လူတစ်ယောက်ဟာခံစာချက်တွေများလာရင် ပေါက်ကွဲတတ်တာသဘာဝပါ...
ဒါပေမဲ့ပေါက်ကွဲတာထက်ဖောက်ခွဲထုတ်တာကပိုဆိုးပါတယ်....
သည်းခံခြင်းဆိုတာအတိုင်းအတာတစ်ခုရှိစမြဲပါ.... တကယ်တော့
ဒီကဗျာလေးဟာတယောက်သောသူအတွက်ဝင်ခံစားပေးရေးထားတာပါ....
အားလုံးပဲအမုန်းမမြင်၊အချစ်မြင်နိုင်ကြပါစေ.........).
ဆောင်းနှင်း
Friday, August 28, 2009
အချစ်ရူးလို့ခေါ်သတဲ့
ကျွန်းလေးပေါ်မှ"မောင်@မယ်တို့"
ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့ 
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့
ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး
ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။
ဆောင်းနှင်း
နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ
တကျွန်းကို ပို့ ခံရတာပါ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား
အ၀တ်အထည်ဆို လဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ
ထောင်ဝင်စာသွားတွေ့ နိုင်တာပါ။ဒါကြောင့်အချို့နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ
တကျွန်းကိုလိုက်နေ ကြုံရာအလုပ်လုပ်မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာမေးမနေနဲ့ သွားသာကြည့် ကြည့်
ယုံကြည့်လို့ ပြောတာနော်ရောင်ပြီး ဝယ်ချင်လို့ ကတော့ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လားနှစ်ကြီး ကျတာလား
နှစ်နည်းနည်းကျတာလား ? IC ပြလေ။သြော်.. ထောင်ဒဏ် ငါးနှစ်
ဒါဆို မိသားစုလိုက်နေလို့ရတယ်ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ်
ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့
ဟင်ဒီတယောက်ကထောင်ဒဏ်နှစ်နှစ်ဆိုပေမယ့်တစ်မိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြော်အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်။ ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေအလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့
ဒါကဒီကျွန်းရဲ့စည်းကမ်းဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ်
အချို့ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်နော်.......ဟီး
ကိုယ်လည်းအဲ့ဒီအထဲကလိုပြစ်မူကျူးလွန်၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)နှစ်ကျခံနေပါသည်.....
သူငယ်ချင်းတစ်ယောက်မေးလ်ထဲ ပို့ထားတာလေးပါ။
ရေးသူတော့မသိပါ.....နှစ်သက်၍ကူးယူဖေါ်ပြပေးခြင်းပါ။
ဆောင်းနှင်း
Thursday, August 27, 2009
အနမ်းလေး
Wednesday, August 26, 2009
ရွာသား
ရွာမှာမွေး ရွာမှာကြီးတဲ့
ရွာသားလေး ရွာစရိုက်တော့ဘယ်မပျောက်
ရွာဓလေ့ ရွာအလုပ်မှာပျော်
ရွာကိုချစ်တဲ့ ကိုရွာသားလေး
ရွာနဲ့ဆွေမျိုး အပေါင်းအသင်းကိုစွန့်
တနယ်ပြောင်း သူကောင်းဖြစ်မယ်ထင်တဲ့
ကိုရွာသား.......
ရွာနယ်နိမိတ် တာထိပ်ရောက်တော့
တစ်ခါလှည့်ကြည့် သက်ပြင်းချရင်း
နောက်ပြန်မလည့် ရှေ့သို့ပဲပေါ့
တနယ်မပြောင်း သူကောင်းမဖြစ်
ဆိုရိုးစကား အတွေးထင်တဲ့ကိုရွာသား
သေချင်တဲ့ကျား တောပြောင်းဆိုတာကို...အင်းမေ့နေပါလား?
မာယာများတဲ့ မြို့ပြသရုပ်ကို အဟုတ်မှတ်လို့
ရောင်စုံလူကြား သူလှုပ်ရှား...သူကိုယ်သူ့ဘဝင်တင့်ပေါ့
ဒေါ်လာစားတဲ့သူကိုယ်သူ
သူများခိုင်းဘက် အဟုတ်မှတ်လို့
ပျော်နေရှာတဲ့ကိုရွာသား
အမေနဲ့ရွာသားမောင်မလွမ်း
စကပ်အတို ရင်ပေါ်တို့ကြားက
ကိုရွာသား.....
ပင်နီအင်ကျီ ရောထမီကိုအင်းမေ့မျာပေါ့
ရသမျှသုံး ရှာသမျဖြမ်းပြီး
ရွာကအမေ ဘယ်လိုနေတယ် သူမတွေး
ရွာအကြောင်းဆို လာမပြောနဲ့
ရွာမကောင်းကြောင်းသူအမြဲပြော
သူအမြဲပြောတဲ့"စစ်"မကောင်းကြာင်း
သူတို့မင်းလုပ် အုပ်ချုပ်တဲ ရွာကို
သူမပြန်ချင်တဲ့ကြောင်း သူတပြန်
ငါတလည့် လည့်ပတ်ခွတုတ်
ရွာအရှုပ် သူပြောတော့လည်း
ဟုတ်တုတ်တုတ်
ဒါပေမဲ့ ရွာသားရေ ရွာကအရှုပ်
မင်းအလုပ် မဟုတ် ရွာကအမေ
ငတ်လိုသေရင် ကြားလို့မတော်
ကျော်မကောင်းဘူး အမေ့အတွက်ထုပ်
ရသမျကျစ် မြန်မြန်လစ်တော့
ကိုရွာသား.................
......နေသူရိန်........
ရွာသားလေး ရွာစရိုက်တော့ဘယ်မပျောက်
ရွာဓလေ့ ရွာအလုပ်မှာပျော်
ရွာကိုချစ်တဲ့ ကိုရွာသားလေး
ရွာနဲ့ဆွေမျိုး အပေါင်းအသင်းကိုစွန့်
တနယ်ပြောင်း သူကောင်းဖြစ်မယ်ထင်တဲ့
ကိုရွာသား.......
ရွာနယ်နိမိတ် တာထိပ်ရောက်တော့
တစ်ခါလှည့်ကြည့် သက်ပြင်းချရင်း
နောက်ပြန်မလည့် ရှေ့သို့ပဲပေါ့
တနယ်မပြောင်း သူကောင်းမဖြစ်
ဆိုရိုးစကား အတွေးထင်တဲ့ကိုရွာသား
သေချင်တဲ့ကျား တောပြောင်းဆိုတာကို...အင်းမေ့နေပါလား?
မာယာများတဲ့ မြို့ပြသရုပ်ကို အဟုတ်မှတ်လို့
ရောင်စုံလူကြား သူလှုပ်ရှား...သူကိုယ်သူ့ဘဝင်တင့်ပေါ့
ဒေါ်လာစားတဲ့သူကိုယ်သူ
သူများခိုင်းဘက် အဟုတ်မှတ်လို့
ပျော်နေရှာတဲ့ကိုရွာသား
အမေနဲ့ရွာသားမောင်မလွမ်း
စကပ်အတို ရင်ပေါ်တို့ကြားက
ကိုရွာသား.....
ပင်နီအင်ကျီ ရောထမီကိုအင်းမေ့မျာပေါ့
ရသမျှသုံး ရှာသမျဖြမ်းပြီး
ရွာကအမေ ဘယ်လိုနေတယ် သူမတွေး
ရွာအကြောင်းဆို လာမပြောနဲ့
ရွာမကောင်းကြောင်းသူအမြဲပြော
သူအမြဲပြောတဲ့"စစ်"မကောင်းကြာင်း
သူတို့မင်းလုပ် အုပ်ချုပ်တဲ ရွာကို
သူမပြန်ချင်တဲ့ကြောင်း သူတပြန်
ငါတလည့် လည့်ပတ်ခွတုတ်
ရွာအရှုပ် သူပြောတော့လည်း
ဟုတ်တုတ်တုတ်
ဒါပေမဲ့ ရွာသားရေ ရွာကအရှုပ်
မင်းအလုပ် မဟုတ် ရွာကအမေ
ငတ်လိုသေရင် ကြားလို့မတော်
ကျော်မကောင်းဘူး အမေ့အတွက်ထုပ်
ရသမျကျစ် မြန်မြန်လစ်တော့
ကိုရွာသား.................
......နေသူရိန်........
Tuesday, August 25, 2009
မျက်ရည်
Monday, August 24, 2009
ထာဝရ
ကာရံမဲ့ကဗျာတွေ ရှာကြံလို့
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....
ဆောင်းနှင်း
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....
ဆောင်းနှင်း
Sunday, August 23, 2009
စကားလေးတစ်ခွန်း
ချစ်သူ.....
ငါစိတ်တွေယိမ်းယိုင်
စိတ်မခိုင်တော့ပါဘူး
အလွမ်းတွေရင်ဝယ်ပိုက်
ခံစားချက်တွေမျိုချ
နေမရတဲ့ငါ့မှာလေ
ဖြေစရာဆိုဝေဒနာပဲရှိ
မရေရာမသေချာတဲ့ဘဝမှာ
ပေတစ်ရာပေါ် အဖန်တစ်ရာလျှောက်လဲ
အဖြေရာဘာမှမတွေ့
ဒါပေမဲ့.....ချစ်သူ
သေချာတာကတစ်ခုက
ငါမင်းကိုချစ်တယ်......
ဆောင်းနှင်း
ငါစိတ်တွေယိမ်းယိုင်
စိတ်မခိုင်တော့ပါဘူး
အလွမ်းတွေရင်ဝယ်ပိုက်
ခံစားချက်တွေမျိုချ
နေမရတဲ့ငါ့မှာလေ
ဖြေစရာဆိုဝေဒနာပဲရှိ
မရေရာမသေချာတဲ့ဘဝမှာ
ပေတစ်ရာပေါ် အဖန်တစ်ရာလျှောက်လဲ
အဖြေရာဘာမှမတွေ့
ဒါပေမဲ့.....ချစ်သူ
သေချာတာကတစ်ခုက
ငါမင်းကိုချစ်တယ်......
ဆောင်းနှင်း
Friday, August 21, 2009
အဖြစ်ချင်ဆုံး

သစ်ရွက်ကြီးကြွေ.....ငယ်ရွက်ဝေတယ်
အရိုးပေါ်အရွက်ဖုံး....မင်းအပေါ်တသက်မမုန်း
ကောက်သီးနံပေါ်.....ပျော်လိုနော်
မောင်နံစုံပျော်.....၀ဲပျံပါလို့စပါးခင်း
မြူမုံဆိုင်းတဲ့.......ဦးချိန်အခါ
နှင်းရည်စို့သောက်.....တို့နှစ်ယောက်
ရာသီဝဿန်အစုံဝယ်......မောင်နင့်မယ်
အမြဲမခွဲတစ်တွဲတွဲ......လက်ချင်းယှက်လို့နေကြမယ်
ဆွေးဖိုအရေး......ဝေးဖို့မတွေး
မခွဲကြေးတဲ့.......ပြောကြတယ်
ဖန်လာသံသရာ......ကံကြမ္မာက
နှစ်ယောက်ဝေးဖို့....ကြုံလာတယ်
ဇာတာငယ်နှောင်း.....ကံအကြောင်းမလှ
ရှင်နေလျှက်နဲ့.....သေရတယ်
ဆုမွန်ကောင်းတောင်း....သံသရာကောင်းဖို့
မောင်နှင့်မယ်တို့.....အဖန်တစ်ရာပေါင်းစို့
ဘုရားရှင်ထံဆုတောင်းမယ်.......
..........နေသူရိန်.........
Thursday, August 20, 2009
စကာၤပူရသ
အော်.........
ဆေးရောင်စုံချယ်
သူၾကြယ္မ်ားတဲ့စကာၤပူ........
ဘဝင်လေဟပ်၊ရေငတ်နေတဲ့
နိုင်ငံအကြွား၊ထုပ်စရာဆို
လူပဲရှိ၊အပြောကချိုsorryကြို
အပြောမရှိ ရောက်သူသိ.....
အပြောမတူ ဒေါကူကာလေ
မန်ဟောက၊် ခံအောင့်တဲ့
ဒီရင်မယ်......အို....
ပြောကွယ်မပြောချင်ဘူး
မနောကွယ်စိတ်အစင်လျှ
ခြေအစုံဖြင့် ခုန်ပစ်ကာ
နှက်လိုက်ချင်ရဲ့.......
အပြောသာလွယ်
law ကွယ်ကြောက်စရာမို့
သည်းခံတရားအပြည့်ထား
အို....တရားနဲ့သာဖြေတော့မယ်..........
ဆောင်းနှင်း
ဆေးရောင်စုံချယ်
သူၾကြယ္မ်ားတဲ့စကာၤပူ........
ဘဝင်လေဟပ်၊ရေငတ်နေတဲ့
နိုင်ငံအကြွား၊ထုပ်စရာဆို
လူပဲရှိ၊အပြောကချိုsorryကြို
အပြောမရှိ ရောက်သူသိ.....
အပြောမတူ ဒေါကူကာလေ
မန်ဟောက၊် ခံအောင့်တဲ့
ဒီရင်မယ်......အို....
ပြောကွယ်မပြောချင်ဘူး
မနောကွယ်စိတ်အစင်လျှ
ခြေအစုံဖြင့် ခုန်ပစ်ကာ
နှက်လိုက်ချင်ရဲ့.......
အပြောသာလွယ်
law ကွယ်ကြောက်စရာမို့
သည်းခံတရားအပြည့်ထား
အို....တရားနဲ့သာဖြေတော့မယ်..........
ဆောင်းနှင်း
Wednesday, August 19, 2009
တမ်းချင်း
Tuesday, August 18, 2009
မေ့ပစ်လိုက်ပါ
့
အရမ်းချစ်စရာကောင်းတဲ့ မင်းကို
ချစ်ချင်ခင်ချင်သူတွေများတာ
ငါမနာလို မဖြစ်ပါဘူး
ဘာဖြစ်လို့်လဲဆိုတော့
ငါကမင်းကိုချစ်တာကို
မင်းအလိုရှိခိုင်းဖိုဆိုရင်ငါကိုသတိရ ပေးပါ
ငါကျေနပ်စွာဘာမဆိုလုပ်ပေးနိုင်ပါတယ်
တစ်ခါတလေမင်းငါ့ကိုဗိုလ်ကျအနိုင်ယူတာတွေကို
ငါခေါင်းငုံသည်းခံခဲ့ပါတယ်
ကလေး......သိပ်ချစ်လို့ပဲပေါ့.............
အနိုင်ယူချင်တဲ့မင်းကိုအရူံးပေးရတာ
ငါကျေနပ်ပါတယ်
မင်းပျော်မယ်ဆိုရင်
ငါဟာမင်းအတွက်
[ဟာသ]ရီစရာဖြစ်နေရင်လည်း
မင်းရီမင်းပြုံးနေရင်
ငါကြည်နူးရတယ်ကလေးရယ်.......
စိတ်ကောက်တိုင်းချော့ရတဲ့ကိုယ့်အတွက်
မင်းရဲ့စိတ်ဆိုးစိတ်ကောက်မှုတွေကို
ကိုယ်ခံနိုင်ရေရှိနေပါပြီ
...........ကလေးရယ်...........
အချစ်ရယ် စိတ်ရှိတိုင်း ဗိုလ်ကျ
စိတ်ကောက် ခိုင်းစေ
အနိုင်ယူနိုင်ပါတယ်
ဒါပေမဲ့.....မေ့ပစ်လိုက်ပါလို့
ဘယ်တော့မှမပြောပါနဲ့......
...........နေသူရိန်...........

အရမ်းချစ်စရာကောင်းတဲ့ မင်းကို
ချစ်ချင်ခင်ချင်သူတွေများတာ
ငါမနာလို မဖြစ်ပါဘူး
ဘာဖြစ်လို့်လဲဆိုတော့
ငါကမင်းကိုချစ်တာကို
မင်းအလိုရှိခိုင်းဖိုဆိုရင်ငါကိုသတိရ ပေးပါ
ငါကျေနပ်စွာဘာမဆိုလုပ်ပေးနိုင်ပါတယ်
တစ်ခါတလေမင်းငါ့ကိုဗိုလ်ကျအနိုင်ယူတာတွေကို
ငါခေါင်းငုံသည်းခံခဲ့ပါတယ်
ကလေး......သိပ်ချစ်လို့ပဲပေါ့.............
အနိုင်ယူချင်တဲ့မင်းကိုအရူံးပေးရတာ
ငါကျေနပ်ပါတယ်
မင်းပျော်မယ်ဆိုရင်
ငါဟာမင်းအတွက်
[ဟာသ]ရီစရာဖြစ်နေရင်လည်း
မင်းရီမင်းပြုံးနေရင်
ငါကြည်နူးရတယ်ကလေးရယ်.......
စိတ်ကောက်တိုင်းချော့ရတဲ့ကိုယ့်အတွက်
မင်းရဲ့စိတ်ဆိုးစိတ်ကောက်မှုတွေကို
ကိုယ်ခံနိုင်ရေရှိနေပါပြီ
...........ကလေးရယ်...........
အချစ်ရယ် စိတ်ရှိတိုင်း ဗိုလ်ကျ
စိတ်ကောက် ခိုင်းစေ
အနိုင်ယူနိုင်ပါတယ်
ဒါပေမဲ့.....မေ့ပစ်လိုက်ပါလို့
ဘယ်တော့မှမပြောပါနဲ့......
...........နေသူရိန်...........
Monday, August 17, 2009
ခစားရန်အသင့်

မင်းရဲ့မျက်ဝန်း.......လှတယ်
တကယ်လို့သာငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့အပြုံး.......စွဲလမ်း
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
မင်းရဲ့စကားသံ......ချိုမြမြ
တကယ်လို့သာ ငါမတွေ့ခဲ့ရဘူးဆိုရင်
ငါဘ၀မှာ ပြည့်စုံ စိုပြေ သာယာမှုဆိုတာ
ရှိလိမ့်မယ်မထင်ဘူး...ကလေးရယ်..
ငါမင်းကိုအရမ်း ချစ်တယ် လို့
စကားလေးတစ်ခွန်းထဲပြောမှာပါ...
(ပစ္စုပန်)
မင်းရဲ့အရိပ်..မင်းရဲ့စိတ်..အဖြစ်
ထာဝရလိုချင်နေတာ...ဒါပေမဲ့ကလေးရယ်
စိတ်ကူးယဉ်တိုင်းဟာ..ဖြစ်လာတတ်သလား?
တကယ်လို့ဖြစ်လာခဲ့ရင်
(အချစ်ရဲ့အမှုတော်ထမ်း)
မင်းရဲ့အနားထာဝရသာနေချင်တယ်...
ကလေးခွင့်ပြုပါနော်.....
ကလေးရဲ့အမိန်စာချွန်လွာကိုစောင့်မျှော်ရင်း
အချစ်ရဲ့ရှေ့မှောက်ခစားရောက်ရန်.........
................နေသူရိန်.................
လောကနိယာမ
အချစ်ဆုံးသူ အပြစ်အမုန်းမယူ
အချစ်ပေးသူ ငါဖြစ်ပါရစေ
ဝေဒနာရိပ် ဖြေကာသိမ့်လည်း
လွမ်းလို့မပြေ စမ်းရိပ်အေးဝယ်
သံသရာတကွေ့ ဖန်လာတွေ့တော့
ကျန်နေတာက ဆွေးရိပ်တွေ.....
ပန်းပျိုးသောလက် မချိုးရက်ပါ
ပေါင်းနုတ်ပျိုးဆွ မြေဆီလှမှ
ပန်းတပွင် ပွင့်ရတယ်....
ပန်သူလှတော့ ကြည်နူးရတယ်
အမြင်ဆန်းတဲ့ မိန်းကလေးရယ်
လူတကာအချစ် ယူကာမပြစ်နဲ့
ဝေဒနာမဟုတ် စေတနာအဟုတ်ပါ
ရက်စက်တက်တဲ့ လောကအလယ်.....
ခရေတစ်ပွင့် လေလွင့်လာတော့
အရံသင့်ပေါ့ ယူကာရိုက်နမ်း
အနံမွေးတုန်း သိမ်းပေါ့ခဏ
နမ်းခြောက်မလှ ပြစ်ရတော့လည်
နောက်တစ်ပွင့် ပန်ကြအုံးမယ်
သတိထားပေါ့ မိန်းကလေးရယ်.....
...........နေသူရိန်+ဆောင်းနှင်း.........
အချစ်ပေးသူ ငါဖြစ်ပါရစေ
ဝေဒနာရိပ် ဖြေကာသိမ့်လည်း
လွမ်းလို့မပြေ စမ်းရိပ်အေးဝယ်
သံသရာတကွေ့ ဖန်လာတွေ့တော့
ကျန်နေတာက ဆွေးရိပ်တွေ.....
ပန်းပျိုးသောလက် မချိုးရက်ပါ
ပေါင်းနုတ်ပျိုးဆွ မြေဆီလှမှ
ပန်းတပွင် ပွင့်ရတယ်....
ပန်သူလှတော့ ကြည်နူးရတယ်
အမြင်ဆန်းတဲ့ မိန်းကလေးရယ်
လူတကာအချစ် ယူကာမပြစ်နဲ့
ဝေဒနာမဟုတ် စေတနာအဟုတ်ပါ
ရက်စက်တက်တဲ့ လောကအလယ်.....
ခရေတစ်ပွင့် လေလွင့်လာတော့
အရံသင့်ပေါ့ ယူကာရိုက်နမ်း
အနံမွေးတုန်း သိမ်းပေါ့ခဏ
နမ်းခြောက်မလှ ပြစ်ရတော့လည်
နောက်တစ်ပွင့် ပန်ကြအုံးမယ်
သတိထားပေါ့ မိန်းကလေးရယ်.....
...........နေသူရိန်+ဆောင်းနှင်း.........
Sunday, August 16, 2009
I STILL LOVE YOU
မမေ့နိုင်
Subscribe to:
Posts (Atom)





