Tuesday, October 13, 2009
ချစ်နေမယ့်
အပြုံးမဆောင်
အမုန်းရောင်နဲ့
ငါကိုပြစ်ခွါ
ခဲ့ပြီဆိုတာလည်း
သိရပါပြီး.....
မင်းရဲ့ရင်ခွင်
တံခါးပိတ်လို့ထား
မလာပါနဲ့လို့
တာနေတာလည်း
ငါသိရပါပြီး.....
တိတ်တဆိတ်နဲ့
နုပ်စိပ်ထွက်ခွါ
ငါနဲ့ဝေးရာကို
မင်းပြေးနှင်နေ
တာကိုလည်း
င့ါသိခဲ့ရပါပြီး....
ဒါပေမဲ့ချစ်သူ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
မင်းရဲ့အချစ်တစ်ခု
အဖေါ်ပြုလို့
တွယ်နေတဲ့
ငါ့အချစ်၊ငါ့သံယောဇဉ်
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ချစ်နေမည်......နော်.....
ဆောင်းနှင်း
Monday, October 12, 2009
ကျန်ရစ်ခဲ့သူ
ချစ်တယ်လို့ မင်းပြောခဲ့တဲ့အချိန်
ငါ့ရင်ထဲ ခံစားချက်မဲ့
ငါတကယ်ချစ်တတ်လာတော့
မင်းက ငါကိုထားရစ်ခဲ့
ကံကိုအပြစ်မတင်ချင်
ကိုယ့်အပြစ်နဲ့ကိုယ်
ဘယ်သူမှားတယ်
ဘယ်သူမှန်တယ်
မဝေဖန်၊ မသုံးသပ်ချင်တော့။
ငါချည်တဲ့ကြိုး မခိုင်ခဲ့လို့ပဲလို့ သတ်မှတ်ခဲ့တယ်။
မင်းထားရစ်ခဲ့လည်း
ငါ နေရစ်ခဲ့ရမှာပေါ့။
ကလေးငယ်တစ်ယောက်လို
မထားရစ်ခဲ့ဖို့ ငို ပြောနေလည်း
အပိုပဲလို့ ထင်တယ်။
မင်းဘယ်လိုပဲ ငါ့ကို ပြောပြော
ငါစိတ်မဆိုးပါဘူး။
ငါရှင်းပြချက်တစ်ခုက
အပြစ်တစ်ခုဖြစ်နေတော့
ငါလည်းမရှင်းပြတတ်တော့ . . .
မင်းရင်ထဲက သံသယကို
ဘယ်လို၊ ဘယ်ပုံဖြေရှင်းမှ
ပျောက်ကင်းနိုင်မှာလဲ။
မင်းထားရစ်ခဲ့တဲ့အတိုင်းပဲ
ကျန်နေရစ်မယ့်သူက ငါပဲဖြစ်နေတယ်။
ဘယ်လိုပဲ ကျန်ခဲ့ပါစေ
မင်းဘယ်လိုပဲ ငါ့ကိုထားခဲ့ပါစေ
ငါမင်းကို တစ်ခုတော့ ပြောခဲ့ပါရစေ
ငါမင်းကိုတကယ်ချစ်ခဲ့တာပါ.........
ဆောင်းနှင်း
Thursday, October 8, 2009
တနေ့တာ
နှောင်ဖွဲ့တိုးလို့
စိတ်အစဉ်ဝယ်
မေ့မရသည်က
"သူ"ရုပ်လွှာ.....
တနေ့တနေ့
မျှော်ကာတွေးလို့
အတွေးတစ်ရာ
ဝေးကွာခြင်းက
ကုဋေကုဌာမို့
ဝေဒနာအစု
ဖြေကာကုဖို့
ဇောတင်လို့ရယ်
အိမ်အပြန်လမ်း
မောရင်တောင်မှ
ရေးမသောက်ခဲ့ပါဘူး
ချစ်သူနဲ့တွေဖို့ရေး
အပြေးလေးကွယ်
ကွန်ပျူတာဖွင့်
မန်ဝင့်လို့......
ဂျီတော့အမြန်ဝင်
ဆိုးချက်ကကွန်နက်ရှင်
အင်းးးးးးးးးး..........ဒီညတော့
ခဲလေသမျှ....သဲရေကျပေါ့ကွယ်......
ဆောင်းနှင်း
Wednesday, October 7, 2009
+++++ကျနော်အမှတ်တရလေး++++++
တကယ်တော့ စွဲလမ်းခြင်းကလူကိုရှူးသွပ်စေပါတယ်
သံယောဇဉ်ကြောင့် ဝေးကွာခြင်းတွေရဲ့နောက်ပိုင်းမှာ
ရင်ကိုပူလောင်နှလုံးသားကိုဒဏ်ရာရစေခဲ့တယ်.....
အမှတ်တမဲ့များစွာနေတတ်သူဟာတနေ့တော့
အမှတ်တရဖြစ်စေတတ်တယ်။
ကျနော်ဟာအရာရာကိုအမှတ်တမဲ့နေတတ်သူပါ။အဲ့ဒါကြောင့်လားတော့မသိပါဘူး လောကကြီးက
ကျနော်ကိုဒဏ်ခတ်လိုက်ပါပြီး.....အဲဒါလေးအစကတော့ အဝေးရာက်နေတဲ့ကျနော်ြ့ပီးခဲ့တဲ့မေလ
လောက်ကမြန်မာပြည်တစ်ခေါက် အလည်ရောက်ခဲ့ပါတယ်။မထင်မှတ်ပဲဆိုသလို့သူလေးနဲ့တွေ့ခဲ့ရတယ်
အဲဒါကတော့ကျနော်ရဲ့အမှတ်တမဲ့မှအကြီးမားဆုံးအမှတ်တရတစ်ခုပါ။ဘယ်လို့မှမေ့မရသလို့ဘယ်တော့မှလည်း
မေ့ပြစ်မှမဟုတ်ပါဘူး။ဒုတိယအမှတ်တရလေးကတော့ သူကျနော်ကို ဖုန်းမှာချိတ်ဖို့ဆိုပြီး ခရမ်းရောင်ဗိုလ်မရုပ်
လေးတစ်ရုပ်ပါနောက်တစ်ခုကကျနော်ဖုန်းscreenပေါ်မှာသူကိုယ်တိုင်ကပ်ပေးလိုက်တဲ့အသဲပုံ ကပ်ခွါလေးတစ်
ခုရယ်ပါ။သူအဲဒီဗိုလ်မရုပ်လေးပေးစဉ်ကသူပြောခဲ့တဲ့စကားလေးတစ်ခွန်းက ကျနော်အတွက်အမှတ်တရဖြစ်စေ
ခဲ့ပြန်တယ်လေ။ "မင်းပြန်ရောက်ရင်အဲ့ဒီဗိုလ်မရုပ်လေးကိုပြန်ပြရမယ်တဲ့လေ" အခုတော့ပေးသူကတော့မေ့နေ
လောက်ပါပြီး ဒါပေမဲ့ယူသူကျနော်ကတော့ မမေ့နိုင်သလို့ ဘယ်နေ့များအဲဒီဗိုလ်မရုပ်လေးအကြောင်းမေးလာပါ့
မလဲလို့ယနေ့ထိစောင့်မျှော်နေစဲပါ။ဒီကဗျာလေးနဲကျေးဇူတင်ကြောင်းလေးပြောပြစေ....
မင်းပေးခဲ့တဲ့
ဗိုလ်မရုပ်တစ်ရုပ်
ဘီးစကုတ်နဲ့
ကပ်ခွါအသဲ
မြဲလျှက်တည်
တယုတရ
အနုလှဖြင့်
ယုရ စဲပါ......အဝေကချစ်သူ......
ဆောင်းနှင်း
Wednesday, September 23, 2009
+++++++ဖြေ+++++++
အမိုက်သူရေ
မခံချင်စိတ်က
ဖိတ်လျှံကျလို့
ဒေါသစကား
မင်းသိအောင်လို့
နုတ်မှထွက်ဆို
ပြောလိုက်ချင်တယ်....
မာယာလုပ်ယူ
နှုတ်စူစူ နဲ့
ချွဲနွဲ့ပလီ
ငါ့....ရှေ့မှောက်ရောက်
ဒူးထောက်တောင်းပန်
ငိုဟန်ဆောင်တယ်
ရင်ထဲမပါတဲ့
သရုပ်ဆောင်သူ
မင်းကို......ငါက
ခွင့်လွတ်သည်းခံ
နင်အနိုင်ယူတိုင်း
အပြုံးမပျက်
မမုန်းရက်ပဲ
နင်အလိုလိုက်
အကြိုက်ဆောင်တိုင်း
နားထင်သွေးရောက်
မင်းကိုယ်မင်းတော့
အဟုတ်မှတ်ထင်
တွေးမမြင်နဲ့
ဘ၀တိုတောင်း
မအိုဟောင်းခင်
ဝဋ္ဋ့်အစဉ်ကွယ့်.......
ဆောင်းနှင်း
ဘာရေးရမှန်မသိလို့ ဟိုးအရင်ကရေးထားတာလေးပြန်ရေးထားတာပါ....ခွင့်လွတ်သည်းခံဖတ်စေလို
Tuesday, September 22, 2009
မခွဲထာဝရ
အပျော်မျက်လုံး.....အပြုံးမျက်နှာ
နှစ်ယောက်အတူပျော်ခဲ့ကြတယ်....
မေနဲ့အတူ......ထာဝစဉ်မခွဲ
ကြင်လက်တွဲလို့....တစ်ရွာတည်ဆောက်
မောင်စိတ်ကူးနဲ့.....ကမ္ဘာရွာတည်
မေကမောင့်ကို......မကြင်ခဏ၊စဉ်မခွဲလို့
တွေးထင်ထားတဲ့မောင့်ဘ၀လေး.......
တခါရံများ.....မေမပြုံးလို့
စိတ်ဝမ်းနည်းပြီး...မေပျော်အောင်တွေး
အပျော်ပေးပြီး....အနားမခွဲတစ်တွဲတွဲပေါ့
ရုတ်တရက်.....မေကခွဲခွါ
ဟိုး.....အဝေးကမ္ဘာ မေထွက်သွားတော့
မောင်ရင်ထဲမယ်.....ဖြေမဆည်နိုင်
ရင်ထဲကွဲကြေ...ငိုမျက်ရည်ရွှဲ
မောင်တစ်ယောက်တည်းထားခဲ့လေတယ်....
သံယောဇဉ်ကုန်....မေမုန်းလို့များ
မောင့်ကိုထားကာထွက်သွားသလားလို့
အော်ဟစ်လို့သာမေးလိုက်ချင်တယ်
ရက်စက်လိုက်တဲ့ကံကြမ္မာရယ်........
မောင်တစ်ယောက်ထဲမေအကြောင်းဆွေး
မေအကြောင်းတွေးလို့ မေသွားတဲ့လမ်းမောင်လှမ်းခဲ့မယ်
စောင့်မျော်တမလွန်နေပေါ့ကွယ်.....
။။။။။။။။။။။။။။။နေသူရိန်။။။။။။။။။။။။။။။။။။။
Friday, September 18, 2009
ပန်းကမ္ဘာ
အလင်းရောက်က
မို့မောက်လှတဲ့
ဒီတောင်စွယ်မယ်
ပန်းပန့်သစ်ပင်
အလှစဉ်၍
ပန်းမျိုးစုံညီ
ဖူးပွင့်ရွက်ဝေ
လှသွယ်သွယ်နှင့်
လေရူးမြောက်ပြန်
တိုးဝှေ့တိုက်ခတ်
လေအဖြတ်မှာ
ဝှေ့ဟတ်ခါလေ
ရနံ့ငယ်ပျံ့သင်း
ပျား၊ပုတုံး၊ငှက်ငယ်
ချိုမျသကာ
စုပ်ယူစားသုံး
မြူးတူးပျော်ပါး
အလှများနှင့်
ဝဲလွင့်ပျံတက်
လေအထက်မှာ
မောင်နှံအစုံ
မြင်သူအပေါင်း
စိတ်ခငြောင်း၍
တဖန်စိုးထိပ်
ချုပ်ငြိမ်းနေ့သွင်
နေမမြင်တော့....ဒါကြောင့်
လွမ်းဖန်၊လွမ်းလျှ
လွမ်းတသသနှင့်
နှမျောတသ......ထိုအလှ.....
။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။
Wednesday, September 16, 2009
ဒီကစောင့်နေသူ(သီချင်းခေါင်းစဉ်မဟုတ်ပါ)

အဝေးကိုမျှေုာ်ကြည်
မင်းမရှိတော့တာလည်း
ငါသိနေတယ်....
တွယ်ရာမဲ့ငါစိတ်တွေ
လေးလံအတွေးဖန်
ခဲ့တာလည်း ငါသိနေတယ်...
မျှော်လင့်ခြင်းတွေပျက်သုန်း
မင်းရင်ထဲကအမုန်းမပါတဲ့
ချစ်ခြင်းတရားအရောင်ပြောင်း
ဟောင်းသွားတာကိုလည်း
ငါသိနေတယ်......
တကယ်တော့မင်းရဲ့ချစ်ခြင်း
တွေကအတ္တအရောင်တွေ
ကင်းမဲ့အဖြူသက်သက်နဲ့
ခင်တွယ်ခဲ့တယ်ဆိုတာလည်း
ငါသိနေတယ်.....
အချစ်ပေးသူမင်းက
အချစ်ယူသူငါ့ကို
အနွံတာခံချစ်ခဲ့တယ်ဆိုတာကိုလည်း
ငါသိနေတယ်.....
အခုမင်းမရှိမှ
အချစ်ရဲ့တန်ဖိုး
မင်းရဲ့မြတ်နိုးမူ
ငါပြန်မရနိုင်တော့ဘူးဆိုတာလည်း
ငါသိနေတယ်.......
ဒါပေမဲ့ချစ်သူရေ
အဟောင်းတွေအသစ်ဖြစ်
အချစ်စစ်မှန်ခဲ့ရင်
တစ်နေ့ဒို့နှစ်ယောက်
ပြန်ဆုံကြအုံးမယ်..........ချစ်သူ......
။။။။။။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။။။။။။။။။။
Monday, September 14, 2009
ဖြစ်ခဲ့ရင်
Thursday, September 10, 2009
ချစ်သူသို့

ချစ်ရသူရေ....
ချစ်တဲ့အကြောင်းကို
ကဗျာတွေ၊စာတွေဖွဲ့
မနွဲ့ချင်ခဲ့ပါဘူး....
တကယ်လို့ ကဗျာတွေ
စာတွေဖွဲ့နွဲ့ပြမှ ချစ်မယ်
ဆိုရင်လည်း ပြောပါချစ်သူ
မင်းကျေနပ်ပျော်ပိုက်ဖို့အရေး
မျှော်တွေးလို့ ကဗျာကောင်း
တစ်ပုဒ်မဖြစ်ခဲ့ရင်တောင်
ရင်ထဲကစကားတွေကို
သီကုံးပြီး ကာရံမညီတဲ့
စာကောင်းတစ်ပုဒ်တော့
ရေးပြတင်ဆက်ပေးမှာပါ....
တကယ်တော့.....
ကြမ်းတမ်းတဲ့ ငါ့ဘ၀က
ကဗျာတွေ၊စာတွေရေးဖွဲ့
နွဲ့ရမယ့်သူတော့မဟုတ်ခဲ့ပါဘူး....
ကြမ်းတမ်းတဲ့ ဘ၀ကို
ပိုင်ဆိုင်ထားပေမဲ့
သေချာတာကတော့
နူးညံ့တဲ့အချစ်တစ်ခု
ငါ့ရင်မှာ အမြဲထာဝရ
ကိန်းဝပ်နေဆဲပါ....
ဒါပေမဲ့....
တစ်ခါတစ်လေမှ
ချစ်ရတဲ့သူနဲ့
တွေရပေမဲ့ အဲ့ဒီ
အခိုက်တန့်လေးအတွင်းမှာ
ချစ်ရသူဆီက ပျော်ရွှင်မှု
ဝမ်းနည်းမှုတွေကို
မျှဝေခံစားချင်မိတယ်...
ချစ်ရတဲ့ချစ်သူရေ
ငါမင်းကိုချစ်ရတာ
အရမ်းလည်ခံစားရသလို
အရမ်းလည်းမောလှပါပြီး
မင်းရင်ထဲမှာ ငါ့အတွက်
နေရာရှိပါ့မလားလို့
စဉ်းစားမိတိုင်း ၀မ်းနည်းခဲ့
ရတာတွေ မင်းမသိခဲ့ဘူးလေ
မင်းသိအောင်လည်း
ငါမှမပြောခဲ့တာ......
တကယ်ပါချစ်သူ
ငါမင်းကိုချစ်တာတွေ
ကဗျာတွေ စာတွေဖွဲ့မပြတတ်ဖူး
ငါသိတာ မင်းကိုအရမ်းချစ်တယ်.....
။။။။။။။။။။။။။။။။။။။။။။။ဆောင်းနှင်း။။။။။။။။။။။။။။။။။။။။။။။။။
Wednesday, September 9, 2009
ပြီးခဲ့သောအတွေးပန်းချီ

ငွေစန္ဒာလမင်းကြီးက
အရောင်တွေထွန်းတောက်
ကြယ်ရောင်ပျောက်နေတဲ့
ဟောဒီ....မိုးကောင်းကင်ရဲ့
အောက်မှာ တစ်ကိုယ်တည်းငါ
အတွေးစတွေနဲ့အတူ
အဝေးကိုလှမ်းမျှော်ကြည့်ရင်း
စိတ်ကူးနဲ့ဝိုးဝါးလှတဲ့
မင်းပုံရိပ်တွေကို ပုံဖေါ်
ငါလေ.......
အတွေးပန်းချီတစ်ချပ်ကို
ရေးဆွဲနေမိတယ်.....
ပြည့်စုံလှတဲ့ အတွေးပန်းချီ
အလှတရားကို ခံစားရင်း
အလွမ်းသီချင်းလေးဆိုညည်း
နှုတ်မဆက်ပဲ ရုတ်တရက်ဆိုသလို
ယိုကျလာတဲ့ ငါ့မျက်ရည်နဲ့အတူ
ရှိုက်သံသဲ့သဲ့ ပဲ့တင်ထပ်မှ
သတိဟတ်မိ တွေးသိသည်က
ငါ့အတွေးပန်းချီလေး
ပြီးခဲ့ပြီ.........
..................ဆောင်းနှင်း.................
Sunday, September 6, 2009
အရူးလောက်မှဥာဏ်မရှိ
သူတိုနှစ်ယောက်ဟာတစ်ဦးအပေါ်တစ်ဦးဖေးမကူညီပြီးအလွန်ချစ်ချစ်ခင်ခင်နေကြတယ်။ဘယ်လောက်
ချစ်ခင်ကြကလည်းဆိုရင် ရွာမှာရှိတဲ့သူတွေကတောင် ရှေ့ဘ၀ကညီအကိုတော်စပ်ကြတယ်လိုတောင်ပြော
ယူရတယ်လေ။ဒါပေမဲ့ကိုမောင်အေးဆိုတဲ့လူက နာမည်နဲ့လူနဲလိုက်အောင် အေးလွန်းတာမှ ကိုရေခဲလိုတာင်
ပြောင်းခေါ်ရမလောက်ပဲ။ကိုလူမော်ကြတော့လည်း ရွာရဲ့အော်ကျော်လန်တာမှ တာတေကိုလန်နေတာပဲလေ။
ဒါပေမဲ့ သူတိုနှစ်ယောက်မှာ တူညီတဲ့အချက်လေးတွေတော့ရှိတယ်။အဲဒါဘာလည်းဆိုတော့ လူငယ်ဆိုတော့
ရမကာမှီဝဲခြင်းပေါ့။ဂုဏ်ပြုခေါ်ဆိုမယ်ဆိုရင်တော့ရမကာလုလင်ပျိုလေးပေါ့။
မောင်လူအေးနှင့်မောင်လူမော် အဲ့ဒီလို့နဲ့နှစ်ယောက်အတူ ယမကာမှီဝဲလာခဲ့တာနှစ်တွေအတော်ကြာ
ခဲ့ပါပြီ။တနေ့တနေ့မောင်လူမော်ရှာတဲ့ ပြဿနာမှန်သမျှ မောင်လူအေးလိုက်လန်ဖြေရှင်းရတာပေါ့လေ
အဲ့ဒီလိုက်လံဖြေရှင်းရပါများတော့ မောင်လူအေးမှာ အတော်လေးကိုစိတ်ပျက်သလို့ အရမ်းလည်းစိတ်ညစ်
နေမီတယ်။သူငယ်ချင်းဆိုတော့လည်း ပြစ်ပြီးသွားရမှာလည်ခက် ရိုက်နှက်ဆုံးမရခက်ဆိုတော့အတော်လေး
ကိုကြံရာမရဖြစ်နေတယ်။
ရွာမှာရှိနေတဲ့သူတွေကို အကူအညီတောင်းရမှာလည်ခက်နေတယ။် ရွာအော်ကျော်လန်တွေဆိုတော့သိတဲ့
အတိုင်လေ ဘယ်သူမှမကူညီကြသလို့ အနားတောင်ကပ်ချင်ကြတာမဟုတ်ဘူး။အဲ့ဒီလို့နဲ့မောင်အေးမှာ
ငါသူငယ်ချင်းကိုဘယ်လိုလုပ်ပေးရပလည်းလိုစဉ်စားနေချိန် သူရဲ့အိမ်ရှေ့မှာသူရူးတစ်ယောက် ပွစီပွစီနဲ့
တစ်ယောက်တည် စကာပြောနေတာတွေ့တယ်။မောင်အေးစဉ်စားတယ် အင်းးးး ငါတိုကိုအချိန်ပေးစကား
ပြောမဲ့သူ၊လက်ခံစကားပြောမဲ့သူဆိုလို့ ဒီကောင်းပဲရှိတော့တယ်ပေါ့။ဘာပဲဖြစ်ဖြစ် သူ့ဆီအကူအညီတောင်းရင်
ကောင်မယ်လို့စဉ်စားမိတယ်။ဒါနဲ့ပဲ အရူးကောင်လေးကိုလှမ်းခေါ်လိုက်တယ်။ဟေ့ကောင် သောက်ရူး ခဏလာ
ဦး အရူးကောင်လေးလည်း မောင်လူအေးခေါ်တော့လာတာပေါ့နော်။မောင်လူအေးလည်း သူကိုပြောပြီး အကြံ ဥာဏ်တောင်းမီတယ်။အရူးကောင်းလေးက ဘာပြောတယ်မှတ်လည်း ဒါများလွယ်လွယ်လေး အရူးလောက်မှ
ဥာဏ်မရှိဘူးတဲ့။မောင်လူအေးလည်း အရူးကအဲ့ဒီလိုပြောတော့ဒေါသကလည်ထွက် အကြံဥာဏ်ကလည်းလို့ဆို
တော့ စိတ်ရှည်ရှည်ထားပြီးထပ်မေးပြန်တယ်။ဟေ့ကောင်ပြောမှဖြင့် မြန်မြန်ပြောကွာ! အရူးကောင်လေးက ကဲဒါကွာ ခင်ဗျာ သူကိုနိုင်ချင်ရင် သူထက်ပိုသောက်တဲ့......ကဲကောင်းကျသေးလား အရပ်ကတိုရေ.....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။ ။ တခါတလေကျ ကျနော်တို့ခင်ဗျားတို့တွေဟာ အရူးတစ်ယောက်လောက်မှ ဥာဏ်မမှီတာလေးတွေ
ကိုတွေးပြီး ဒီပိုစ်(လ်)လေးကိုတင်လိုက်ချင်းပါ......
ဆောင်းနှင်း
လပြည့်ည
မေ့မရ...ငယ်ဘဝ
ကြည်နူးမဆုံး
တွေးမိတိုင်းပြုံး
လပြည့်ညလယ်
ဟိုဒီတွေးရင်း
မြင်ယောင်လာပေါ့...
(သူမျက်နှာ)
စကားတစ်ခွန်း...
(အမှတ်ရ)
သူပြောတဲ့လပြည့်ည
ဆုံတွေခဏ
ထိုညက.....
လမင်းအပေါ်
တိုင်တည်ထား
သစ္စာစကား
ဒို့နှစ်ဦးကြား
လမင်းကွယ်ပျောက်
ကြယ်မရောက်လည်း
ဘယ်တော့မမုန်း
တစ်သက်လုံးတဲ့
ယုံတမ်းစကား
အထင်မှား
မင်းပြောခဲ့တဲ့
တိုင်တယ်စကား
လပြည့်ညတိုင်း လွမ်းတဲ့စကား
ခုတော့....ငါ့မှာ.........
............နေသူရိန်............
Saturday, September 5, 2009
အတွေးစ
Friday, September 4, 2009
သူ့အတွက်.....
အလင်းပျောက်တဲ့နေ့များ

စိတ္တဇနဲ့ခြောက်ချားနေတဲ့နေ့တစ်စုံတစ်ယောက်
ငါ့ကိုခေါ်နေသံအလိုလိုကြားနေရတယ်
အို....မဟုတ်ဘူး ငါစိတ်ချောက်ချားစွာနဲ့ပေါ့
မကြားချင်ဘူး...ဘာသံကိုမှငါမကြားချင်ဘူး
မမြင်ချင်ဘူး...ငါ့မျက်လုံးတွေမှိတ်ဖြစ်လိုက်တယ်
ဒါပေမယ့်....ငါကြားနေမြင်နေရတယ်
ရက်စက်တဲ့မင်းရဲ့အပြုံး၊လှောင်ရီနေတဲ့မင်းရီသံ
ငါ့နားထဲမိုးကြိုးပြစ်ချလိုက်သလိုပဲ
စိုက်ကြည့်နေတဲ့မင်းမျက်လုံး
ငါ.....ထိတ်လန့်စွာတွေ့နေရတယ်
ငါ့ကို.....ရက်စက်စွာပြစ်ခွာသူမင်း
ငါ့အတွက်မှောင်မည်းနေတယ်
အရာရာငါစွန့်လွှတ်ဝံ့တယ်
မင်းသာငါ့အနားရှိခဲ့ရင်..မင်းမရှိတဲ့ငါ့ဘဝ
နေရောင်ဘယ်လောက်ပဲတောက်ပနေပါစေ
ငါ့ဘဝအလင်းမဲ့နေတယ်
မင်းမရှိတဲ့ငါဘ၀နေ့ရက်တွေဟာ
ငါ့အတွက်...အမှောင်ထုကြနေတဲ့နေ့တွေပါကွာ
ရက်စက်လိုက်တာ ပြစ်ခွာသူရယ်......
ပြစ်ခွာပြေး...လှစ်ဟာရင်ခွင်
အချစ်ဟာဆေး...ငါ့ရင်ခွင်ကို
အားမရ....မင်အချစ်ကို
လှမ်းအဝေး...ထွက်ခွာသူကို
မျှော်ကာငေး....စောင့်နေသူမှာ
လာလမ်းလေး...လျှောက်ကာကြည့်တော့
ငါလှမ်းတွေ့...တစ်ခြားသူရင်မှာ
ဆွံ့အငေး...ချစ်သူနင့်ကို
ရင်ထဲဆွေး..လှိုက်ဖိုမောစွာ
လှောင်ပြုံးလေး....ပေးသူနင်ဟာ
တစ်ခါတော့...နင်လည်းငါ့လို
ရင်ကွဲပြီး...အော်ဟစ်လဲပြို
စိုမျက်ရည်ရွဲ...မင်းမျက်ဝန်းကို
ငါမတွေ့လိုဘူး......
ဝဋ်မှာအမြဲ၊ငရဲမှအပ
ထိုထိုဘဝ....မင်းကင်းလွတ်ပါစေ......
=========နေသူရိန်=========
Thursday, September 3, 2009
စောင့်မျှော်သူအတွက်

ဘ၀အရေး မျှော်ကာတွေးလို့
တရွာတကျေး ထွက်ခွါသူမှာ
မောင့်ချစ်သူမေ စိုမျက်ရည်ကို
မကြည့်ပေမဲ့ သိနေပါတယ်
စိတ်ချယုံကြည် မောင့်အပေါ်ကို
စောင့်မျှော်သူက မေပေါ့်လေ
မောင်လည်းထပ်တူ မေနဲ့တူ
မခွဲချင်ပေမဲ့ သွားရအုံးမယ်
အပျော်မရှာ ငွေသာရှာမယ်
မောင်နှင့်မေတို့ နီးဖို့ကွယ်
နီးမယ့်အရေး မျှော်ကာတွေးရင်း
ပျော်နေမိတဲ့ မောင်ပါမေ
သစ္စာမဖေါက် တစ်ယောက်ဆိုတစ်ယောက်
ချစ်တယ်ဆိုတာ ယုံပါမေ
စာစီကာရေး မေ့အကြောင်းလေး
လွမ်းသူရင်မှာ ကဗျာတေး
မေနားဆင်ဖို့ တမန်တော်ပေး
စောင့်မျှော်သူအတွက် မောင်အမြန်ပေး
မောင်ရေးထားတဲ့ကဗျာလေး.........
=======နေသူရိန်======
Wednesday, September 2, 2009
မျှော်လင့်ချက်ဖြင့် အသက်ရှင်

တစ်ခါတစ်ရံဘဝတွင်စိတ်ဆင်းရဲသောကနှင့်တွေ့ကြုံပြီးထွက်ပေါက်မရှိသလိုမျိုးကြုံရတတ်သည်။
အလင်းရောင်မမြင်ရသည့်တွင်းနက်ကြီးထဲကျနေသလိုမျိုးခံစားရသည်။
မိမိကိုယ်တိုင်တွင်းနက်ကြီးထဲမှရုန်းမထွက်နိုင်။
အပေါ်မှဆွဲတင်ပေးမည့်ကယ်တင်ရှင်လည်းမမြင်၊ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိ။
စိတ်ဆင်းရဲသောကများကြောင့်လုံးပါးပါးနေရပြီးဒုက္ခနွံတောတွင်သေလုသေခင်မျောနေတတ်သည်။
ထိုအခါမျိုးတွင်မျှော်လင့်ချက်နှင့်အသက်ရှင်တတ်ရန်လိုသည်။
မျှော်လင့်ချက်သည်ဘဝကိုရှင်သန်စေနိုင်သောအရာဖြစ်ပါသည်။
မျှော်လင့်ချက်ကောက်ရိုးတမျှင်ဆွဲမိရုံနှင့်ခွန်အားရရှိရှင်သန်သွားစေနိုင်ပါသည်။
မျှော်လင့်ချက်သည်ဒုက္ခပေါင်းစုံတို့ကိုခံနိုင်စွမ်းရည်ရှိစေနိုင်ပါသည်။
မျှော်လင့်ချက်သည် ဘဝ၏ခွန်အားဘဝ၏တွန်းအားတစ်စုံလည်းဖြစ်ပါသည်။
မျှော်လင့်ချက်အလင်းတစ်စရရုံဖြင့်ဘဝကိုနိုးထစေနိုင်ပါသည်။လူသည်
မျှော်လင့်ချက်ဖြင့်အသက်ရှင်ပြီးစေတနာကောင်းကောင်းဖြင့်ကောင်းသောအလုပ်များကိုလုပ်ရပါမည်။
စေတနာကောင်းအလုပ်ကောင်းခြင်းကြောင့်ကောင်းသောကံများကိုယ်ထံရောက်လာပါမည်။
မျှော်လင့်ခြင်းများဖြင့်တောင်ခံထားသောဘဝကိုကံကြမ္မာကောင်းများက
တောက်ပြောင်လင်းလက်စေပါလိမ့်မည်။
အဆုံးစွန်သောဆင်းရဲမွဲတေခြင်းများကြောင့်လူသည်ဘာမျှမရှိချင်နေပါစေ။
မျှော်လင့်ခြင်းသာရှိပါစေ။မျှော်လင့်ခြင်းတောင်မှမရှိနိုင်လျှင်ဖန်တီးယူနိုင်ဖို့ကြိုးစားပါ။
ဘဝတွင်ဘာမှမကျန်နိုင်လောက်အဆုံးမဲ့နေရန်မသင့်ပါ။
မျှော်လင့်ချက်လေးတစ်ခုတော့ရှိနေသင့်ပါသည်။
မျှော်လင့်ချက်သာရှိနေလျှင်မနက်ဖန်သင်ဘာဖြစ်မည်ကိုမည်သူမှအတပ်မပြောနိုင်ပါ။
အောင်မြင်ကျော်ကြားသူများသည်ဆင်းရဲဒုက္ခတွင်းကြီးထဲမှကုတ်ကပ်ထွက်
တက်လာနိုင်ကြသူများဖြစ်သည် ကို သင်မမေ့ပါနှင့်။
ထို့ကြောင့်ဘာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေအမျိုးရောက်ရောက်မျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
ဖြစ်ချင်တာတွေမဖြစ်ရ၍စိတ်ဆင်းရဲသောကရောက်နေချိန်တွင်
တစ်နေ့နေ့တော့ဖြစ်လာမှာပဲဟူသောမျှော်လင့်ချက်ဖြင့်အသက်ရှင်ပါ။
လုပ်ချင်တာမလုပ်ရ၍စိတ်ပင်ပန်းဆင်းရဲနေချိန်တွင်တစ်နေ့နေ့တော့လုပ်ခွင့်ရမှာဟု
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။
သွားချင်တာမသွားရ၍စိတ်ထိခိုက်နေချိန်တွင်တစ်ချိန်ချိန်တော့သွားလို့ရမှာပါဟူသော
မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။အသက်ရှင်နေသေးသမျှ မျှော်လင့်ခြင်းရှိနေပါသည်။
..........................မျှော်လင့်ချက်ဖြင့်သာ အသက်ရှင်ပါ................................
Tuesday, September 1, 2009
ည

နေကွယ်ပျောက်....အလင်းတိမ်အောက်
ဝိုးတိုးဝါးတား.....ညရဲ့အစ
ညအလင်းရောင်....လမင်းထွန်းတောက်
ငွေကြယ်တို့ရောက်.....ပရစ်အော်မြူး
စုန်းကြူးရောင်းထည်....ညရဲ့အလယ်
ရနံသင်းထုံ....မွှေးညပန်းအုံ
လေအဝေ့မှာ....တာဝန်ကျေအောင်
သူရနံ့နဲ့......ဖြေဖျော်ရှာတယ်
ညမွှေးပန်းငယ်.........
နှင်းစက်နှင်းပြောက်.....တစ်တောက်တောက်နဲ့
သစ်ရွက်ငယ်ဖျား.....ခိုနားလျှက်ပါ
ချမ်းစိမ့်အေးအောင်......သူထမ်းဆောင်တယ်
ညသန်းခေါင်ဝယ်...........
ပရစ်သံတိတ်....လူသံဆိတ်လည်း
ဖြိုးတိုးဖျောက်တောက်.....နှင်းဆက်တို့အောက်
မပျက်မကွက်.....တွန်သံပေးလို့
နိုးလိုက်ကြရင်း.....တာဝန်ကျေတဲ့
ကြက်တညင်ရယ်.........
လမင်းမှေးမှိန်.....ကြယ်ရောင်တို့ပျောက်
ရောင်နီဝိုးဝါး.......အလင်းရောင်ပေါ်
နေမင်းတောက်သော်.....ညလေးတည
ကုန်ဆုံးရ၏..........
အလွမ်းရင်ပိုက်....ဆွေးမြည့်အသဲ
အတွေးနဲ့ပျော်......မျှော်နေသူတွက်
ညရယ်.............
အချစ်တွေယူ......အပျော်တွေပေး
တစ်ခဏလေး.....ဝေဒနာဆေး
အခါခါကျွေး......ခါးမှန်းသိလည်း
မြိုချမိတယ်..........
ဆုံတွေခဏ......ထိုညလေးကို
အမြဲထာဝစဉ်.....လွမ်းနေမယ်
နေသူရိန်၊ဆောင်းနှင်း
.........ကျနော်အတွက်ရေးပေးထားတာပါ..........


