အတိတ်ကံကြောင့်
ငါ့လုပ်တရား
မှန်သော်ငြားလည်း
ရှေးရှေးကဝဋ်
အရိပ်ပမာ
အကြောင်းပါ၍
မြင်သူအကြည့်
အမှောင်တိကြောင့်
ပြုသည့်အမူ
ထို.....သူအဖို့
မှားပြန်၏.........
ဆောင်းနှင်း
Tuesday, July 7, 2009
Monday, July 6, 2009
အဖေအကြောင်း
တကယ်တော့ဒီပို့စ်လေးနဲ့ကဗျာလေးကိုအဖေများနေ့ကတင်ချင်ခဲ့တာပါ။
အဲဒီတုန်းကလည်းအနော်ဘလော့မဖွင့်ရသေးတာရယ်၊မြန်မာလိုမရေးတတ်တာကြောင့်မရေးဖြစ်ခဲ့ပါဘူး။
ယခုလည်းမြန်မာလိုကောင်းကောင်းမရေးတတ်သေးပါဘူး
မနဲကြိုးစားပြီးရေးနေရတော့သူ့အတွက်အချိန်တော်တော်ပေးရပါတယ်။
အဖေနဲ့ပတ်သက်ပြီး ဒီရက်တွေမှာ အဖေကိုလွမ်းတဲ့ စိတ်ပြင်းပြနေမိတယ်ဗျာ။
အဖေလွမ်းနေမိတာကတော့ငယ်ငယ်လေးမှခုအရွယ်ထိပါပဲ။
အဲဒီလိုအလွမ်းဓာတ်စုဝေးနေတဲ့အချိန်မှာအဖေများနေ့ကအမအနမ်းရဲ့
ဘလော့လေးကိုသွားရောက်လည်ပတ်ရင်းအမအနမ်းရေးထားတဲ့အဖေအကြောင်းလေးရယ်၊
နောက်အမတစ်ယောက်ဖြစ်တဲ့အမကြယ်ပြာရဲ့ဖေ့မွေးနေ့(ဇွန်လ၂၃)ကိုဖတ်ပြီး အနော်ရင်ကိုဆူလောင်မိတယ်...သတိ...အမတွေကိုပြစ်တင်တာဟုတ်ဘူနော်။
အားကျမိတာပါ။ အဲဒီလိုအဖေလို့တဝကြီးခေါ်ချင်တာရယ်၊ ဖေ့အတွက်အမှတ်တရဖြစ်မယ့်အရာလေးတွေကိုလုပ်ပေးချင်တဲ့ဆန္ဒအဲဒါကိုအားကျမိတာပါ။
တကယ်တော့အနော်ဟာအဖေရဲ့အေးမြတဲ့မေတ္တာကိုကောင်းစွာမရရှိခဲ့ပါဘူး
နော်အဖေကအနော်ဆယ့်နှစ်သားအရွယ်ကတည်းကအနော်တို့
မိသားစုနဲ့ကမ္ဘာလောကကြီးကိုနှုတ်ဆက်ထွက်ခွါသွားခဲ့ပါတယ်။
အဲဒီတုန်းကတော့အရွယ်ကငယ်သေးတော့ခံစားမှုဆိုတာဘာမှမရှိခဲ့ဘူးလေ။
အဖေဈာပနဆိုတော့အိမ်မှာလူတွေအများကြီးတွေ့ရတော့ပျော်တောင်နေမိသေးတယ်။
မေမေ၊မမတွေကတော့ပူဆွေးသောကရောက်နေချိန်ဆိုတော့အားလုံးကမျက်ရည်နဲ့မျက်ခွက်ပေါ့။
အနော်ကကလေးလေးပဲလေပူဆွေးခြင်း၊သောကရောက်ခြင်းကင်းမဲ့နေချိန်အဖြူ၊အမဲကောင်းစွာမမြင်နိုင်သေး ခဲ့ပါဘူးလေ။အဲဒီလိုနဲ့အနော်(၆)တန်းကျောင်းသားအရွယ်ရောက်တော့ကျောင်းကပေးတဲ့ဆုနှင်းသဘင်
ပွဲမှာမိဘစုံညီနဲ့တက်ခွင့်မရတဲ့အခါမှာအနော်ရင်ထဲမှာအဖေကိုစတင်လွမ်းဆွတ်မူဝေဒနာစတင်ခဲ့ပါ
တော့တယ်။အဲဒီတုန်းကလည်းဆုယူနေတုန်းတော့ခပ်ပြုံးပြုံးပေါ့ယူပြီးတော့ငိုလိုက်ရတာရှိုက်ကြီးတငင်ငင်နဲ့
ပါ။မေမေကမေးပါတယ်သားဘာလို့ငိုတာလည်းမင်းပျော်လို့ငိုတာလားတဲ့လေအတော်ကြာမှဟုတ်ကဲ့
မေမေလိုပြန်ဖြေခဲ့တာကိုယနေ့တိုင်မေလိုမရသေးပါ။
အဲဒီလိုဖြေလိုက်တာမေမေစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ပါ။
တကယ်တော့သူများတွေလိုပျော်ချင်ခဲ့တာပါ....
အဖေနဲ့ပတ်သက်ပြီးရေးချင်တာတွေအများကြီးရှိပါသေးတယ်။
နောက်မှဆက်ရေးတော့မယ်နော်။။။
ဒါပေမယ့်ဖေဖေဟာအောက်ကကဗျာလေးထက်မကမိသားစုအပေါ်တာဝန်ကျေပွန်ခဲ့ပါတယ်။။။။။။။

....အနန္တဖခင်.....
အိမ်ထောင်တခု
စုတည်ခိုက်ဝယ်
အိမ်ဦးသခင်
မြတ်ဖခင်....
မိသားစုရေး
မျှော်တွေးစလို.
အကြင်နာနွေးဓာတ်
ပေးအပ်ခဲ့ရှာ.......
သာယာလှပ
မိသားစုဘဝ
ဆောက်တည်ပြုလျှက်
မေတ္တာဟုန်ဟုန်
လွှမ်းခြုံကျလျှက်
အန္တရယ်အပေါင်း
ဘေးမခငြှောင်းအောင်
ကာကွယ်စောင့်မ
ပြုစုခဲ့၏............
ဝတ်စားနေမူ
ထိုအစုလည်း
ပြေလည်ဖို.ရေး
လက်မနှေးပဲ
အားနှယ်အင်နှယ်
မဟာချွှေးဆက်
သတေးဆက်ခဲ့
တုန်လူပ်ခြောက်ခြား
မရှိငြှားလည့်
ကျေပွန်ထမ်းရွက်
မေတ္တာစစ်နဲ.
အုပ်မိုးဖေးမ
ဖေ့ဖေ့ဘဝ......
ဤမျှကြီးလှ
ဖခင်အနန္တ
ခေါ်ဆိုရလည်း
ဦးစွာပထမ....ရှစ်ခိုးပါ၏။ကတော့ပါ၏။။။။။။။။။
် ဆောင်းနှင်း

Sunday, July 5, 2009
ပြောင်းလွဲခြင်း
တောတောင်ရေမြေ
စိမ့်စမ်းရေနှင်.
တသွင်သွင်စီးလျှံ
ချောင်းပေါက်စဝယ်
ကြည်လင်အေးမြ
ရေအေးရ၍
သတ္တဝါပေါင်း
အားထားရသွင်
ရှိနေခိုက်ဝယ်
ဖေါက်ပြန်ဥတု
အကျိုးစုကြောင့်
ပြောင်းလွဲတဖန်
ခမ်းခြောက်ပြန်၏......။။။။။။။။။။။
ဆောင်းနှင်း
စိမ့်စမ်းရေနှင်.
တသွင်သွင်စီးလျှံ
ချောင်းပေါက်စဝယ်
ကြည်လင်အေးမြ
ရေအေးရ၍
သတ္တဝါပေါင်း
အားထားရသွင်
ရှိနေခိုက်ဝယ်
ဖေါက်ပြန်ဥတု
အကျိုးစုကြောင့်
ပြောင်းလွဲတဖန်
ခမ်းခြောက်ပြန်၏......။။။။။။။။။။။
ဆောင်းနှင်း
Saturday, July 4, 2009
လွမ်းလွန်းလို့
အတိတ်ကို အရိပ်လို့
ယူဆခဲ့ပေမဲ့
စိတ်အစဉ်မှာတော့
အရိပ်တွေက နမိတ်တွေလို
ကိုယ်ထင်ပြလို.
စွဲရစ်ခြင်းကို အခြေပြု
မျက်စိအောက် ပျောက်ကွယ်သွားမှာကိုတော့
တကယ်ကိုစိုးထိတ်မိတယ်ဆိုရင်
ငါ့.....ရင်ထဲကမင်းကိုလွမ်းလွန်းလို့ဆိုတာမင်းသိနိုင်ပါ့မလား.....ချစ်သူရယ်....

Friday, July 3, 2009
ပျော်သလိုသာနေပါ
ပြိုမရောင် ငြိုမှောင်တဲ့မျက်နှာနဲ့
အားငယ်မနေပါနဲ.ချစ်သူရယ်.....
အားငယ်မနေပါနဲ.ချစ်သူရယ်.....
အဆိုးကိုအကောင်းမှတ် အားတင်းပြီးပြုံးလိုက်စမ်းပါ.....
ပုလဲခလို့ကြွေကျမယ့်မျက်ရည်မိုး
အမဲ့တစ်ခါ..အပြုံးတစ်ရာနဲ့
ပျော်သလိုသာနေလိုက်ပါ
ချစ်သူရယ်.........။။။။။။။။
..............ဆောင်းနှင်း...........
..............ဆောင်းနှင်း...........
အလွမ်းများ
နူးညံ့တဲ့....မင်းအပြုံး
ချိုသာတဲ့....မင်းအသံ
ပေါ်လွင်တဲ့.....မင်းအလှ
နဒီပပလိုထင်မှတ်မှားမိတာကြောင့်
တွယ်ရစ်ခြင်းကို.......ရင်မှာနှစ်
မျှော်လင့်ခြင်းကို....အပင်ပျိုး
ရူးသွပ်ခြင်းက....ရှင်သန်
နောက်ဆုံးတော့လည်း
ငါ့.....နှလုံးသားဒီသစ်ပင်ကြီးမှာ
အလွမ်းဆိုတဲ့သစ်သီးတွေ
ဝေဆာလိုနေလေရဲ.။။။။။။။
.............ဆောင်းနှင်း..............
ချိုသာတဲ့....မင်းအသံ
ပေါ်လွင်တဲ့.....မင်းအလှ
နဒီပပလိုထင်မှတ်မှားမိတာကြောင့်
တွယ်ရစ်ခြင်းကို.......ရင်မှာနှစ်
မျှော်လင့်ခြင်းကို....အပင်ပျိုး
ရူးသွပ်ခြင်းက....ရှင်သန်
နောက်ဆုံးတော့လည်း
ငါ့.....နှလုံးသားဒီသစ်ပင်ကြီးမှာ
အလွမ်းဆိုတဲ့သစ်သီးတွေ
ဝေဆာလိုနေလေရဲ.။။။။။။။
.............ဆောင်းနှင်း..............
Thursday, July 2, 2009
တိတ်တိတ်ကလေးပါပဲ
လူကိုကြည့် ပြုံးစိစိနဲ့
မြင်သူအသဲ ထင်ကာပဲကျန်
ကြည့်သူနှလုံး ရွှင်ပြုံးစေတဲ့
အလှသခင် မရွှေစင်ရယ်
ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်
တိတ်တိတ်ကလေးပဲ
ခွဲသွားခဲ့တယ်နော်........
.........ဆောင်းနှင်း...........
မြင်သူအသဲ ထင်ကာပဲကျန်
ကြည့်သူနှလုံး ရွှင်ပြုံးစေတဲ့
အလှသခင် မရွှေစင်ရယ်
ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်
တိတ်တိတ်ကလေးပဲ
ခွဲသွားခဲ့တယ်နော်........
.........ဆောင်းနှင်း...........
ဆုတောင်း
အို...အရှင်
အရှင်တပည့်လူဖြစ်သည်က
အဆိုးတလှည့်၊အကောင်းတဖန်
ကြုံရပြန်လည်း၊နှစ်ထွေဒွါရ
သောကမရ၊ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည့်အလား
ဆုတောင်းတိုင်းသာပြည့်မည်ဆိုက
လိုရာဆုတွေပြည့်ပါစေသား
အရှင်မြတ်ဘုရား.........
...........ဆောင်းနှင်း...........
အရှင်တပည့်လူဖြစ်သည်က
အဆိုးတလှည့်၊အကောင်းတဖန်
ကြုံရပြန်လည်း၊နှစ်ထွေဒွါရ
သောကမရ၊ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည့်အလား
ဆုတောင်းတိုင်းသာပြည့်မည်ဆိုက
လိုရာဆုတွေပြည့်ပါစေသား
အရှင်မြတ်ဘုရား.........
...........ဆောင်းနှင်း...........
Wednesday, July 1, 2009
အရက်တစ်ခွက်

ရွှေရောင်အရက်.....ရေတစ်ခွက်နဲ့..မျက်စိစုံမှိတ်.....အသက်အောင့်လျှက်...ကျိတ်မှိတ်ကာလေ...မျိုရတယ်....။
ခါးသက်ပြင်းရှ.....ဒီအရက်က...လှုံ့ဆော်လို့ သာ....နောက်တစ်ဖန်ခွက်သောက်ရတယ်....။
မျက်လုံးထဲမှာ.....မြင်မြင်သမျှ...အရက်ခိုးကြောင့်.....လှပလို့သာလာရတယ်.....။
ဒါဆို.....နောက်တစ်ခွက်က.....မှောက်လျှက်လဲကျ......ခေါင်းတစ်ချက်တောင်...မထောင်နိုင်ပဲရှိတော့တယ်.....။
ဝိုင်းဝန်းဆွဲမ.......ထူပေးတော့မှ......ချဉ်နံ့စူးရှ.....ပျို့ အန်ဖက်ကဝေါ့ခနဲပဲ.....ထွက်ရတယ်.....။(ထွီ....ရွံလိုက်တာ).....။
PS...ညီလေး၁ယောက်ရေးထားတာပါ
Sunday, May 10, 2009
Subscribe to:
Posts (Atom)