အချစ်ဆိုတာဘာလည်း.....
အချစ်ဆိုတာ ပေးဆပ်မူသက်သက်လား ?
Monday, July 5, 2010
Thursday, June 17, 2010
ဖွင်ဟချက်
မပြောတတ်တာ မဟုတ်ဘူး...
မပြောရက်လို့ ကြည့်နေတာ.....
တုံးလို့ မသိတာမဟုတ်ဘူး....
ချစ်လို့ မသိချင်ယောင်ဆောင်ပေးနေတာ.....
အယုံလွယ်တာမဟုတ်ဘူး....
နင်အလိမ်ပေါ်မှာစိုးလို့...
အရာရာကိုခေါင်းညိတ်ပေးနေတာ _
မပြောရက်လို့ ကြည့်နေတာ.....
တုံးလို့ မသိတာမဟုတ်ဘူး....
ချစ်လို့ မသိချင်ယောင်ဆောင်ပေးနေတာ.....
အယုံလွယ်တာမဟုတ်ဘူး....
နင်အလိမ်ပေါ်မှာစိုးလို့...
အရာရာကိုခေါင်းညိတ်ပေးနေတာ _
Monday, January 4, 2010
မသိလိုက်သော

ငါဟာမချွေခင်ကတည်းက
ကြွေဘူးခဲ့သူပါ.....
အသည်းမှာနာကျင်
ဒဏ်ရာရခဲ့ဖူးတာလည်း
ဒီတစ်ခါနဲ့ဆို အကယ်ဒမီ
နှစ်ထပ်ကွမ်းနဲံ့ အသဲကြွမ်း
သူကြီးပေါ့.......
မာယာတွေများတဲံ့ မင်းတိုတွေ
ကြောင့် အသက်ပေးလှူ စတေး
သူတွေလည်းရှိကြပါတယ်...
အချစ်စစ်ရဲသဘော
မဖြောင့်ဖြူးဘူးဆိုတာ
ငါလက်ခံထာပေမဲ့
ဣိတ္ထိယခေါ်မိန်းမတို့သည်
နဒီမြစ်ကဲ့သို့ဝင်္က ကောက်ကွေ့၏
ဆိုတဲ့စကာလေးကိုတော့
ငါလက်ခံရတော့မလို့ဖြစ်နေပြီး....ပဲပေါ့.......
ဆောင်းနှင်း......
Sunday, November 29, 2009
၁၅၀၀=၅၂၈
အရောင်ပျယ်လွင့်နေတဲ့
ဟောဒီကောင်းကင်ရဲ့
တိမ်တိုက်တွေကရွေ့လျားရင်
ကွယ်ပျောက်နေသလိုမျိုး
လွင့်မျောနေတဲ့ငါ့စိတ်ကူး
အပိုင်းအစလေးတွေက
ဦးတည်ရာမရှိတောင်စဉ်
ရေမျိုးတစ်ရှိန်ထိုးပေါ့
တကယ်တော့ ဘ၀တွေဟာ
ကောင်းကင်ရဲ့တစ်နေရာ
တိမ်တိုက်တွေလိုပါပဲလား
ရွေ့လျှားရင်းနဲ့ပဲကွယ်ပျေက်
ရပြန်တယ်....
ဘ၀တစ်ခုကိုပိုင်ဆိုင်ရတာနဲ့အမျှ
အချစ်တစ်ခုတော့မလွဲဧကန်
ကြုံရပြန်တယ်.....
နောက်ဆုံးတော့လွင့်ပျယ်ရပြန်
တယ်....ချစ်လျှက်နဲ့ ရှင်ခွဲရယ်
ချစ်လျှက် သေခွဲရယ်ပေါ့....
အချစ်ရဲ့သဘောသဘာဝ
ချစ်ချိန်ခဏပျော်ခဲ့ရ....ခွဲချိန်
တန်တော့ပူဆွေးရ၏......
ဒါကြောင့်မို့.. (ချစ်) ...
......၁၅၀၀=၅၂၈.....
အချိုးကျပါတယ်.....
စိတ်ကူးထဲရှိတာလေးကိုရေးမီရေးတာမို့လူတိုင်းအတွက်အကျိုး မရှိနိုင်ပါ.....အကယ်၍ဖတ်မကောင်းက
သည်းခံပြီး ပြုံးသွားကြပါ.....ဖတ်သူအတွက်ပြုံးသွားတယ်ဆိုရင်ပဲရေးသူကျေနပ်မီပါတယ်...
ကျေးဇူးတင်လျှက်
ဆောင်းနှင်း.....

Friday, November 20, 2009
အတွေးစ
ချစ်သူရေ...
မင်းနဲ့ငါ့ကြား
ဂုဏ်ဒြပ်တွေက
ခြားထားလေတော့
နေ့တစ်နေ့ရဲ့
အဆုံးသတ်ကို
ကြိုသိနေတဲ့
ငါ့.......လေ...
ရူးမိုက်စွာနဲ့ပဲ
အချစ်တွေပေးအပ်
မျက်စီအစုံမှိတ်
စိတ်ရဲ့ဆန္ဒတစ်စုံကို
အလိုလိုက်အကြိုက်ဆောင်
ခဲ့တယ်..... တွယ်ရာမဲ့
နှလုံးသားတစ်စုံက
မင်းဆီမှာမရရှိ
မှန်းသိလျှက်နဲ့
ယနေ့ထက်ထိ
ရစ်ဝဲကာဆက်လက်
ရှင်သန်နေလေသေး
တော့.....ငါ့အနာဂတ်
ခရီးဘယ်လို့များရှေ့
ဆက်ပါ့မယ်ချစ်သူရယ်.......
ဆောင်းနှင်း
မင်းနဲ့ငါ့ကြား
ဂုဏ်ဒြပ်တွေက
ခြားထားလေတော့
နေ့တစ်နေ့ရဲ့
အဆုံးသတ်ကို
ကြိုသိနေတဲ့
ငါ့.......လေ...
ရူးမိုက်စွာနဲ့ပဲ
အချစ်တွေပေးအပ်
မျက်စီအစုံမှိတ်
စိတ်ရဲ့ဆန္ဒတစ်စုံကို
အလိုလိုက်အကြိုက်ဆောင်
ခဲ့တယ်..... တွယ်ရာမဲ့
နှလုံးသားတစ်စုံက
မင်းဆီမှာမရရှိ
မှန်းသိလျှက်နဲ့
ယနေ့ထက်ထိ
ရစ်ဝဲကာဆက်လက်
ရှင်သန်နေလေသေး
တော့.....ငါ့အနာဂတ်
ခရီးဘယ်လို့များရှေ့
ဆက်ပါ့မယ်ချစ်သူရယ်.......
ဆောင်းနှင်း
Thursday, November 19, 2009
အစိမ်းရောင်ရူးသွပ်မူ
မင်းရင်ထဲမှာကိုယ့်အတွက်
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ......
ဆောင်းနှင်း
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ......
ဆောင်းနှင်း
Wednesday, November 11, 2009
ကံစေရာ....ဇာတ်ကောင်လေးရဲ့
တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာမှာ
ခွဲရမယ် အတူတူတော့ အစကတည်းက
မဆုံတွေ့ဖြစ်ခဲ့ရင်.....ပိုကောင်းမှာပဲနော်
ဒါပေမဲ့လေ တို့သတ္တ၀ါအားလူံးဟာ
ကံဇာတ်ဆရာ ညွန်ကြားတဲ့အတိုင်း
ကပြသရုပ်ဆောင်ကြရတဲ့ သံသရာ
ဇာတ်စင်ပေါ်ကစင်တင် ဇာတ်လိုက်တွေ
မဟုတ်ပါလား........
ကံကဆုံတွေခိုင်းတော့လည်း တို့ဆုံတွေ့
ကျရတာပေါ့....ကံကလမ်းခွဲခိုင်းတော့လည်း
လမ်းခွဲကျတာပေါ့......ဒါပေမဲ့ချစ်သူရယ်
ဆုံတွေ့ချိန်အခိုက်တန့်လေးမှာ ပုံပြီးမမေ့လိုက်ပါနဲ့ကွယ်.....

Tuesday, November 10, 2009
အနက်ပေါ်ကအစိမ်း
အနက်ရောင်ချယ်သထားတဲ့
ငါ့ဘလော့မှာ.......အစိမ်းရောင်
စာသားတွေစိချမရေးချင်ခဲ့ပါဘူး
အနက်ရောင်ရဲ့သဘော.......နက်
ရှိုင်းခြင်းကိုယူ.....အစိမ်းရောင်စာသား
တွေက....မင်းကငါ့ရင်ခွင်နန်းတော်ကြီး
ကိုချယ်သလိုက်ခြင်းက
ဟောဒီအစိမ်းရောင်....တွေရယ်ပါ...
ဆောင်းနှင်း
ငါ့ဘလော့မှာ.......အစိမ်းရောင်
စာသားတွေစိချမရေးချင်ခဲ့ပါဘူး
အနက်ရောင်ရဲ့သဘော.......နက်
ရှိုင်းခြင်းကိုယူ.....အစိမ်းရောင်စာသား
တွေက....မင်းကငါ့ရင်ခွင်နန်းတော်ကြီး
ကိုချယ်သလိုက်ခြင်းက
ဟောဒီအစိမ်းရောင်....တွေရယ်ပါ...
ဆောင်းနှင်း
Monday, November 9, 2009
အပျိုကြီးမမ
အပျိုကြီး....အပျိုကြီး
မာန်ကြီးကာဟန်ဝံ့
အချိန်လွန်ကာ
ဇရာထောင်းပေါ့
အိုဟောင်းကာပြစ်ပယ်
အချစ်ကြွယ်သူဖို့
သူချောင်းတော့ခပ်ငယ်ငယ်
ဘယ်အရွယ်အိုမသိ
ရင်မချီ့အောင်အချစ်ကြွမ်း
မဟန်တာက....နုပ်အစုံ
လုပ်ပုံကကြည့်
စကပ်ကတိုတို
အင်္ကျီရင်လယ်ဟိုက်နဲ့
မလွယ်လိုက်တဲ့
ဒေါက်ချွန်ချွန်
ပုသမျှထောက်ချလို့
လှမ်းတော့ဘဲကား......
ဆောင်းနှင်း
PS:ဘယ်သူမှမရည်ရွယ်ပါ....ချစ်လှစွာသောကျနော်အမအားနောက်ပြောင်ထားသောကဗျာလေးပါ။
ရေးစရာမရှိလို့.....ဒါလေးရေးတင်လိုက်ခြင်းပါ........

Saturday, November 7, 2009
တေ
.............ငါ့နှလုံးသားကို...........
..............မာယာလက်နက်.......
..............ဒီဟန်ချက်တွေနဲ့.......
..............ချွဲ့နွဲ့ပလီ၊................
..............ရုပ်အတည်နဲ့...........
..............လည့်စားရက်ဆက်...
..............စုပ်ဖြတ်ကြေမွ့.........
..............နေမရအောင်..........
..............လုပ်ရက်လေတယ်........
...............ချစ်သက်လျှာရယ်..........

Tuesday, November 3, 2009
တစ်ပြီးရင်Tag
မမချစ်ရကTagလေးကိုစိတ်ပါရင်ရေးပါတဲ့လေ....ပြောပုံကကြည့်ပလားဆိုးပ...တွေးကြည့်စရာမလို့ပြေးကြည့်ယုံနဲသိ.....ကျနော်ဘလော့က(cbox)ထဲကရေးထားတာလေးကိုပြောတာပါ။
ကဲမမချစ်ရရေ မမကျေနပ်ဖို့အရေးမျှော်တွေးလို့ရေးလိုက်ပါပြီ။မကောင်းရင်တော့ အပြစ်မဆို၊အချစ်ကြို၍၊
ခွင့်လွတ်သည်းခံလော့၊ပထမဆုံးမို့၊ရင်အခုန်ဆုံးပါ။
ကဲရွာသားရေစမယ်....ရွှေမန်းဖင်ပြောင်....ဟုတ်ပါဘူးရွှေမန်းတင်မောင်လေသံလေးနဲ့စလိုက်မယ်ကွယ့်....
အရင်ဦးဆုံးအကြိုက်ဆုံးမြန်မာသီချင်းခေါင်းစဉ်လေးတွေရွတ်ပြမယ်နော်
၁။အမေရဲ့ဒုက္ခအိုးလေး
၂။ဟန်နီ၊လေညင်းလေးချစ်သ၊ူဂန္ထ၀င်ဆည်းဆာ(Rဇာနည်)
၃။လမ်းဆုံ(ဇော်ပိုင်)
၎။အရင်ကဇတ်လမ်းလေး(ကိုအောင်)
၅။အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့ရင်(မျီုးကြီး)
၆။၊ဝေကချစ်(လေဖြူ)
၇။သူလေး(ရိန်မိုး)
အမေရဲ့ဒုက္ခအိုးလေးကတောထူးအိမ်သင်းဆိုထားတာလေးပါ။ကျန်ာအဖြစ်အပျက်လေးတွေနဲ့တိုက်ဆိုင်နေတာ
ရယ်အဝေးမှာနေတာကြာပြီးဆိုတော့အမေ့အေးရိပ်လေးကိုတမ်းတမီတာသဘာဝပဲလေ။အဲဒီအခါကျရင်ဒီသီချင်း
လေးကိုနားထောင်အလွမ်းဖြေလိုက်တယ်လေ။အဖြစ်အပျက်လေးတွေတိုက်ဆိုင်တာကတော့ အိမ်မှာအငယ်ဆုံး
ဆိုတော့အဆိုးဆုံးလို့သတ်မှတ်ထားသလိုတကယ်လည်းမကောင်းခဲ့ပါဘူး။ဟီးဟီး...ကိုယ်ပေါင်ကိုလှမ်ထောင်းဆိုတဲ့စကားပုံလေးလိုများကျနေမလားမသိ။မကောင်းတာတွေဆက်ပြောရင်မကောင်းတာတွေကြီးဖြစ်နေမှာမို့လို
ဒီမှာတင်ရပ်နားဆက်မပွါးတော့ဘူးနော်။
ဟန်နေနေတိုင်တွေချင်တာ မင်းရဲ့မျက်နှာလေး နေတိုင်ကြားချင်တာမင်းရဲ့အသံလေး Rဇာနည်ဆိုထားတာလေး
ပါ။အဲဒီလိုပါပဲ ကျနော်ရင်ထဲကဆန္ဒတစ်စုံကထပ်တူညီလေနေတော့ဒီသီချင်းလေးကိုကြိုက်သွားပြန်ရော။
လေညင်းလေး ရင်မှာအေးမြတယ် အဖြူေ၇ာင်လေညင်းလေး သင်ဖနဆင်း ကျနော်အတွက်အချစ်ကလေညင်း
လေးလို့အေးမြမူပေနေလေတော့ လောကကြီးကပေတဲ့ ဆုလဘ်ပဲထင်မှတ်နေလေးတော့ ဒီသီချင်းကအကြိုက်
ထဲပါသွားပြန်ရော။
မိန်မတို့ရဲဖုံး ဆံထိုးတဲ့လေ မိန်းကလေးဆိုရင် ဆံပင်ရှည်တာလေးမကြိုက်တတ်တဲ့ကျနော် ဒီသချင်းလေးကိုဖွင့်
ပြီးနာထောင်မီတိုင်း မျက်စီထဲမြင်ယောင်ကြည့် မီတာကချစ်သူပုံရိပ်လေးပါ။ဒါပေမဲ့သူကဆံပင်အရှည်ထားတာ
မကြိုက်တော့ နဲနဲတောခက်သား.....:P
လမ်းဆုံမှာ ရပ်နေတဲ့လူနှစ်ယောက်တော့ ဆွေးနေတယ် ဘယ်သူလဲကွယ် ငိုချင်သောမျက်လုံးလေးတွေ ဟန်
ဆောင်ကာပြုံးကာ နင်သိတယ် ငါလည်းသိတယ် သွားမယ်ဆိုသွားပါကွယ် ဒီလိုတစ်နေတော့ဖြစ်လာမယ် ကြိုသိတယ် မင်းရယ်တိုရယ် ပြီးခဲ့တဲ့မေလက အပြန်လမ်းခရီးလေးကို သတိရတိုင်နာထောင်ဖြစ်တဲ့သီချင်းလေး
ပါ အရမ်းကြိုက်သလို နားထောင်ကောင်းတဲ့သီချင်းလေးမို့ လမ်းကြုံရင် လမ်းဆုံလေးကိုနားထောင်စေလိုပါတယ်။
အရင်ကဇတ်လမ်း
အဲဒါလေးကျတော့လည်းတချိန်ကသူ့ဘလော့လေးမှာတင်ထားတဲ့သီချင်းလေးပါ။အေးအေးလေးနဲ့ရင်ထဲရောက်စေတဲ့
သီချင်းလေးပါ။ရင်ထဲရောက်တာမှဘာပြောကောင်းမလဲ လိုက်ဆိုရင်းနဲ့လျှာခုလုပ်တိုက်မီလို့လျှာကိုက်မီလိုက်တာ....အားပါးပါး
နောက်အဲဒီသချင်းမဆိုရဲလောက်ကိုပဲနော်။ဟီး....ဟီး
အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့ရင် အဆိုတော်မျိုးကြီးဆိုထာတာလေးပါ။အဆိုတော်တွေထဲမှာအကြိုက်ဆုံးလည်းဖြစ်သလို့
အဲဒီသီချင်းလေးကျတော့လည်တိုက်ဆိုင်လွန်တဲ့ကျနော်အဖြစ်ကြောင်ပိုကြိုက်သွားပြန်ရော....မကြာခဏဆိုသလို့ စိတ်ကောက်
အနိုင်ယူလို့တဲ့ ကျနော်ချစ်တဲ့ချစ်သူနဲ့အဆင်မပြေတဲ့အခါကျရင် မချောတတ်တဲ့ကျနော် ဒီသီချင်းလေးနဲ့နှစ်သိပ်ပေးချင်ပါတယ်။
ဒါပေမဲ......ဒါပေမဲပေါ့နော်.....ကျနော်ချစ်တဲ့ချစ်သူနော်....သူကတော့ချစ်မချစ်မသိပါ.....သီချင်းလေးနားထောင်ကြည်နော်....
အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲရင်....ဝေးပြီ..ဝေးပြီး..တဲ့လေ.....
အဝေးကချစ်သူ လေးဖြူဆိုထားတာလေးပါ...အဝေးရောက်နေတဲ့ကျနော်က အဝေးကချစ်သူကို လွမ်းဆွတ်တမ်းတမှီတာတော့
သဘာဝကျလောက်ပါတယ်....ခံစားချက်ပြင်းထန်လွန်းတဲ့ ကျနော်ရင်တဲက ခံစားချက်တွေကိုဒီသီချင်းလေးနဲ့အမြဲလိုလို ဖေါက်ထုတ်ပြစ်တပ်ပါတယ်။
သူလေး။။။။။။။ နားထောင်ကြည့်ပေါ့နော်.....ကောင်းတာတော့မညွန်းတော့ပါဘူး။။။။။။။။တကယ်တော့တိုက်ဆိုင်မူတွေရှိတဲ့အခါ
မှာ အကြိုက်လေးတွေ တွေ့ရှိသွားတာပါပဲ။။။။။။။
အင်္ဂလိပ်သီချင်းတွေလည်းရှိပါသေးတယ် စိတ်ဖိစီမူများတဲ့အခါကျရင်တော့ခပ်ကြမ်းကြမ်းသီချင်းတွေနဲ့ ဟစ်လိုက်မြူးလိုက်ပါတယ်
အခြားအခြားသောသီချင်းတွေလည်းရှိပါသေတယ်။စာဖတ်သူပျင်းမှာရယ်ရေးသူလက်ညောင်းတာရယ်ကြောင့်ဒီလောက်နဲ့ကျေးနပ်ပါ
တော့နော် မမချစ်ရရေ။။။။။။။။။။။။။။။။

Monday, November 2, 2009
ရှူံးလျှက်သာ
မယုံနိုင်စရာ ပြောင်းလဲမှုတွေ….
မဆုံနိုင်အောင် ခွဲရက်ကြတယ်…
မလွန်ဆန်နိုင်တဲ့ ကံတရား….
ရစ်နှောင်ထားတဲ့ သံယောဇဉ်….
ဖြေကာကျောခိုင်း….တမ်းတမှုတွေနဲ့ အလွမ်း
ဝမ်နည်းခြင်းဆိုတဲ့ ပိုင်ဆိုင်မှုတွေကို ထွေးပိုက်…
အိပ်မရတဲ့ ညပေါင်းများစွာကိုရင်ဆိုင်
တစ်ယောက်တည်းတွေးရင်း တွေးရင်း
တကယ့်ကို ဝေးကွာရတော့မဲ့ အချစ်အိမ်မက်လေး
အချစ်တံတိုင်ခြား အလွမ်းတွေနဲ့ ပိတ်ဖိနေပါလား………
ငါ ခံစားနေရတာ နင့်ရော သိရဲ့ လား…..
အရာအားလုံးကို မေ့ပစ်ဖို့  ကြိုးစားရင်း……
ငါ့နှလုံးသား ရင်ဘတ်ထဲမှာ အလွမ်းတွေနဲ့ 
ပူဆွေးလောင်ကျွမ်းခဲ့ရပြီးပေါ့….…
ပျော်ရွှင်မှုတွေ အောင်မြင်မှုဆိုတာတွေ ….
ဒုက္ခ သုခတွေနဲ့ အတူ နစ်မြုပ်ကုန်ဆုံးလား…
ရှုံးလျက်သာ…....…. ။

ပူဆွေးလောင်ကျွမ်းခဲ့ရပြီးပေါ့…
ပျော်ရွှင်မှုတွေ အောင်မြင်မှုဆိုတာတွေ ….
ဒုက္ခ သုခတွေနဲ့ အတူ နစ်မြုပ်ကုန်ဆုံးလား…
ရှုံးလျက်သာ…....…. ။
ဆောင်းနှင်း
ရေးခြင်းမဟုတ်ပါ.....ကြိုက်လို့ကူးယူထားခြင်းပါ။အကယ်ကဗျာပိုင်ရှင်သိက ခွင့်ပြုချက်မယူပဲ
တင်လိုက်ခြင်းကြောင့်ဒီနေရာလေးမှအနူအညွတ်တောင်းပံလိုပါတယ်....
Tuesday, October 27, 2009
အိမ်မက်
အိုအိပ်မက်လေး
ဟိုအဝေးကို
ပြေးကာထွက်သွား
ငါ့အနားက
ဝေးစွာနေရာ
နှင်လေပါလည်း
အမှန်စင်စစ်
စိတ်တွင်းဖြစ်က
ရက်ဆက်ညစဉ်
မက်မိချင်သည်
မက်မိတည
ထိုခဏ၀ယ်
ချစ်စိတ်ကြည်နူး
ထိုစိတ်ကူးဖြင့်
ရူးဖန်များပြီ
အိပ်မက်လေးရယ်ပြန်မက်ချင် …
........ဆောင်းနှင်း..........
ဟိုအဝေးကို
ပြေးကာထွက်သွား
ငါ့အနားက
ဝေးစွာနေရာ
နှင်လေပါလည်း
အမှန်စင်စစ်
စိတ်တွင်းဖြစ်က
ရက်ဆက်ညစဉ်
မက်မိချင်သည်
မက်မိတည
ထိုခဏ၀ယ်
ချစ်စိတ်ကြည်နူး
ထိုစိတ်ကူးဖြင့်
ရူးဖန်များပြီ
အိပ်မက်လေးရယ်ပြန်မက်ချင် …
........ဆောင်းနှင်း..........
Friday, October 23, 2009
နောက်ဆုံးတော့
ချည်နှောင်ခဲ့တဲ့
နှောင်ကြိုးတွေရယ်
အရာရာဟာမှားယွင်းသွား
တစ်ယောက်ထဲသာ
ပုံအပ်တဲ့အထိ
ယုံစားပြီချစ်ခဲ့မီ
မင်းရဲ့ချစ်ခြင်းတွေ
ကိုစောင့်မျှော်သူ
ငါ့..မှာတော့ရူး......
ဆောင်းနှင်း
နှောင်ကြိုးတွေရယ်
အရာရာဟာမှားယွင်းသွား
တစ်ယောက်ထဲသာ
ပုံအပ်တဲ့အထိ
ယုံစားပြီချစ်ခဲ့မီ
မင်းရဲ့ချစ်ခြင်းတွေ
ကိုစောင့်မျှော်သူ
ငါ့..မှာတော့ရူး......
ဆောင်းနှင်း
Wednesday, October 21, 2009
ငါ့ရဲ့ချစ်ခြင်း
မင်းရဲ့ရက်စက်
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........
ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ.....
ဆောင်းနှင်း
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........
ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ.....
ဆောင်းနှင်း
Sunday, October 18, 2009
ငါ့ချစ်စိတ်
ဒဏ်ရာဟက်တက်
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ......
........ဆောင်းနှင်း.........
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ......
........ဆောင်းနှင်း.........
Friday, October 16, 2009
ကြွေလွင့်ခြင်းရဲ့နောက်ဆုံးအချစ်
ပျံလွင့်နေတဲ့ ... အတွေးတွေကို
ပြန်လည်စုစည်း ... အချစ်ပင်လယ်
ဝဲဂယက်ထဲမှာ... စုန်ဆန်မျောနေတဲ့...ငါ
အချစ်ကလမ်းခွဲ ... အမုန်းစကားတွေဆို
ကြို့လင့်နေလေတော့ ... အညိုးစိတ်မထား
အမုန်းမပွါးပါ .... ရင်မှာစွဲလမ်း
တမ်းတခြင်းကို ဖယ်ထုတ်၊ဒဏ်ရာ
ဆူးချက်ထိုးနှက် မိုးစက်တွေလို
ကျတဲ့မျက်ရည် မစဲပဲသည်းနှင်းပါစေ
ပင်သက်ရူရှိုက် အမိုက်မယူတော့ဘူး
ချစ်သူ.......
မင်းသွားလိုရာသွား....နားလိုရာနာမို့
မတားတော့ပါ.....တနေ့နားခိုရာမဲ့
ငါ့အချစ်ကိုလှည့်ကြည့်....တွေးမြင်ခဲ့ရင်
ငါ၏ရင်ခွင်.....ခိုဝင်မှေးစက်
အပြေးတက်ခဲ့ရင်လည်း.....ခရီးဦးကြိုဆို
နှုပ်ချိုချိုဖြင့်.....လာပါသွားပါ
မင်းလှမ်းခဲ့ပါ....ချစ်သူ....
ငါ့အချစ်တစ်ခု...နောင်အခါဝယ်
သစ္စာတိုင်တည်....ကတိဆိုမယ်
နောင်ဖွဲ့ခြင်းမဲ့....ဟောင်းခြင်းမဖြစ်
အချစ်သဒ္ဒါဖြိုးလို့....တိုးလို့ပိုချစ်
သွားမှာပါ....ချစ်သူ......
............ဆောင်းနှင်း........
ပြန်လည်စုစည်း ... အချစ်ပင်လယ်
ဝဲဂယက်ထဲမှာ... စုန်ဆန်မျောနေတဲ့...ငါ
အချစ်ကလမ်းခွဲ ... အမုန်းစကားတွေဆို
ကြို့လင့်နေလေတော့ ... အညိုးစိတ်မထား
အမုန်းမပွါးပါ .... ရင်မှာစွဲလမ်း
တမ်းတခြင်းကို ဖယ်ထုတ်၊ဒဏ်ရာ
ဆူးချက်ထိုးနှက် မိုးစက်တွေလို
ကျတဲ့မျက်ရည် မစဲပဲသည်းနှင်းပါစေ
ပင်သက်ရူရှိုက် အမိုက်မယူတော့ဘူး
ချစ်သူ.......
မင်းသွားလိုရာသွား....နားလိုရာနာမို့
မတားတော့ပါ.....တနေ့နားခိုရာမဲ့
ငါ့အချစ်ကိုလှည့်ကြည့်....တွေးမြင်ခဲ့ရင်
ငါ၏ရင်ခွင်.....ခိုဝင်မှေးစက်
အပြေးတက်ခဲ့ရင်လည်း.....ခရီးဦးကြိုဆို
နှုပ်ချိုချိုဖြင့်.....လာပါသွားပါ
မင်းလှမ်းခဲ့ပါ....ချစ်သူ....
ငါ့အချစ်တစ်ခု...နောင်အခါဝယ်
သစ္စာတိုင်တည်....ကတိဆိုမယ်
နောင်ဖွဲ့ခြင်းမဲ့....ဟောင်းခြင်းမဖြစ်
အချစ်သဒ္ဒါဖြိုးလို့....တိုးလို့ပိုချစ်
သွားမှာပါ....ချစ်သူ......
............ဆောင်းနှင်း........
Thursday, October 15, 2009
ချစ်ဒုက္ခ
မြင်နေပေမယ့် မပြောရဲတဲ့
ငါရဲ့ ပါးစပ်ကိုလည်း မုန်းတယ်။
မမြင်ရင်လည်း တမ်းတမိနေတဲ့
ငါရဲ့စိတ်ကိုလည်း မုန်းတယ်။
စိမ်းကားပေမယ့်
အပြစ်မတင်ရက်တဲ့
ငါရဲ့ နှလုံးသားကိုလည်း မုန်းတယ်။
အမုန်းတွေရဲ့ နောက်ဆုံး
ငါအဖြစ်ချင်ဆုံး အရာကတော့
ငါမင်းကို အရမ်းချစ်ပါတယ်....
ဆောင်းနှင်း
Wednesday, October 14, 2009
အချစ်ဆိုတာဘာလဲ
အချစ်ဆိုတာဘာလဲ? လောကမှာရှိတဲ့ လူသားတိုင်း အချစ်ဆိုတဲ့ အရာကို မရေရွတ်ဘူးတဲ့သူ၊
မခံစားဘူးတဲ့သူမရှိကြပါဘူး။ဒါပေမယ့် အချစ်ဆိုတဲ့ အနက်ကို အမျိုးမျိုး
အဓိပ္ပါယ်တွေဖွင့်ပြီးပျော်ရွှင်ကြ၊ ကြည်နူးကြ၊၀မ်းနည်းကြ၊ကြေကွဲကြနဲ့ပေါ့။ဘ၀မှာ အချစ်ဆိုတာ မရှိရင်ဘာဖြစ်သွားမလဲ၊ဘ၀မှာ အချစ်ဆိုတာလိုအပ်လား၊ အချစ်ကို အချစ်လိုထားပြီး ဘ၀ကို တည်ဆောက်လို့ကော မရဘူးလား။အချစ်ကြောင့် ဘ၀မှာ အောင်မြင်မှုတွေဖြစ်လာတယ်၊ဆုံးရှုံးမှုတွေ ဖြစ်သွားတယ်၊အချစ်ကိုရလို့ အသက်ဆက်လက်ရှင်သန်သွားတယ်၊ အချစ်ကို မရလို့ သေဆုံးမှုကို စီရင်လိုက်တယ်။အဲဒါတွေကဘာကြောင့်လဲ၊လူသားတွေရဲ့အတ္တကြီးမားတဲ့စိတ်ကြောင့်အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ ဖြစ်လာရတာ မဟုတ်ဘူးလား၊ ဒါကိုအချစ်ကြောင့် ဒီလိုတွေ ဖြစ်လာရတာပါဆိုပြီး အချစ်ကို ခုတုံးလုပ်၊ နာမည်ခံတပ်ပြီး လူသားရဲ့ အတ္တ ကို ဖုံးကွယ်ထားတာကော မဟုတ်
ဘူးလား။တစ်ချို့က ပြောကြပါသေးတယ်။ချစ်လွန်းလို့ အမုန်းအားကြီး သွားရတာပါတဲ့၊ချစ်လွန်းလို့ နာကြည်းမှုတွေ များရတာပါတဲ့၊ အဲဒါကော အချစ်ဟုတ်ရဲ့လား၊ ငါ့ကိုလုပ်ရက်လေခြင်း၊ငါ့ကိုလိမ်ရက်လေခြင်း၊ ငါ့ကို သစ္စာမရှိလေခြင်း ဆို တဲ့ လူသားတွေရဲ့ ငါဆိုတဲ့အတ္တကိုထိခိုက်သွားလို့မဟုတ်ဘူးလား။ကိုယ်ပျော်ရွှင် ကြည်နူးဖို့ ရရှိပိုင်ဆိုင်ထားတဲ့
ဒီအချစ်ဟာ `ငါ´ ဆိုတဲ့ အတ္တကို ပျော်ရွှင်ကြည်နူးအောင် လုပ်မပေး နိုင်တဲ့ အခါ အမုန်းတရားတွေ၊နာကြည်းမှုတွေ၊ ကလဲ့ စားချေမှုတွေ ဖြစ်လာတာကော မဟုတ်ဘူးလား။
ဒါပေမယ့် အချစ်မှာ တကယ်တန်ခိုးကြီးတဲ့ စွမ်းအင်တစ်မျိုးတော့ ရှိပါသေးတယ်။စွန့်လွှတ်အနစ်နာခံ လုပ်ပေးရလုပ်ပေးရ၊နောက်ဆုံးအသက်ကို တောင် ပေးဆပ်သွားတဲ့ အချစ်မျိုးပေါ့။မွန်မြတ်တဲ့၊ အချစ်၊ပေးဆပ်ချစ်ပေါ့။ကိုယ် ချစ်သူ ပျော်ရွှင်စေဖို့၊အေးချမ်းစေဖို့ အတွက်ဘာပဲ မင့်မြတ်တဲ့ အချစ်ပေါ့။အဲဒီလို စွန့်လွှတ်အနစ်နာခံ ပေးဆပ်ချစ် နဲ့ ချစ်နေတဲ့သူဟာ အချစ်ဆိုတဲ့ ခံစားမှုအပေါ်မှာအေးချမ်းပျော်ရွှင် နေရပါမယ်။ ဒီလိုမှ မဟုတ်ဘဲ ပူလောင်နေမယ်၊၀မ်း နည်းနေမယ်၊ကြေကွဲနေရမယ်၊ရင်နာနေမယ်ဆိုရင်တော့ မတတ်သာလို့ ခပ်ခွါခွါ နေပြီး စွန့်လွှတ်အနစ်နာခံ ပေးဆပ်ချစ်ဆိုတာကို အမည်ခံပြီး `ငါ´ ဆိုတဲ့ အတ္တ အတွက် ကြေကွဲဝမ်းနည်းရင်နာမှုတွေကို ခံစားနေရတာပါ။မွန်မြတ်တဲ့၊မြင့်မြတ်တဲ့ အချစ်တစ်ခုဖြစ်ပွါးဖို့ဆိုတာ ကလည်း လေထဲမှာလွင့်မျောနေတဲ့ ပြာမှုန်လေးတွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင် စုဖို့ ခဲယဉ်းသလို မဖြစ်နိုင်လောက်အောင် ရှားပါးလှပါတယ်။ဘာကြောင့်လဲဆိုတော့ ပုထုဇဉ် လူသားတွေဖြစ်နေတဲ့ အတွက် အချစ်ဖြစ်ပေါ်ခံစား မိတာနဲ့ တစ်ပြိုင်နက်တည်းမှာ `ငါ´ ဆိုတဲ့ အတ္တဟာ အချစ်နဲ့ ခွဲခွါမရ အောင် ပေါင်းစည်းသွားကြလို့ပါ။တကယ်တော့ အချစ်ဆိုတဲ့ အရာလေးဟာ လူသားကို အေးချမ်းစေပါတယ်၊နွေးထွေးစေပါတယ်၊ပျော်ရွှင်စေပါတယ်။ ချစ်တယ်ဆိုတာကို ခံစားမိတာနဲ့ အေးချမ်းသွားတာပါ။ဒါကို လူသားတွေရဲ့ `ငါ´ ဆိုတဲ့ အတ္တနဲ့ ရောလိုက်တဲ့ အခါမှာ အချစ်ဟာ အရောင်တွေ အမျိုးမျိုးထွက်၊အဓိပ္ပါယ်တွေ အမျိုးမျိုး ထွက်လာကြတယ်လို့ထင်ပါတယ်။
အမလင်းလက်အေးရဲ့FWD MAILလေးပါကြိုက်နှစ်သက်လိုကူယူဖော်ပြပေးလိုက်ပ
မခံစားဘူးတဲ့သူမရှိကြပါဘူး။ဒါေ
အဓိပ္ပါယ်တွေဖွင့်ပြီးပျော်ရွှင်ြ
ဘူးလား။တစ်ချို့က ပြောကြပါသေးတယ်။ချစ်လွန်းလို့ အမုန်းအားကြီး သွားရတာပါတဲ့၊ချစ်လွန်းလို့ နာကြည်းမှုတွေ များရတာပါတဲ့၊ အဲဒါကော အချစ်ဟုတ်ရဲ့လား၊ ငါ့ကိုလုပ်ရက်လေခြင်း၊ငါ့ကိုလိမ်ရက်ေ
ဒီအချစ်ဟာ `ငါ´ ဆိုတဲ့ အတ္တကို ပျော်ရွှင်ကြည်နူးအောင် လုပ်မပေး နိုင်တဲ့ အခါ အမုန်းတရားတွေ၊နာကြည်းမှုတွေ၊ ကလဲ့ စားချေမှုတွေ ဖြစ်လာတာကော မဟုတ်ဘူးလား။
ဒါပေမယ့် အချစ်မှာ တကယ်တန်ခိုးကြီးတဲ့ စွမ်းအင်တစ်မျိုးတော့ ရှိပါသေးတယ်။စွန့်လွှတ်အနစ်နာခံ လုပ်ပေးရလုပ်ပေးရ၊နောက်ဆုံးအသက်
သူ့ကို တကယ်ချစ်တယ်ဆိုရင် …….
၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ် ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု
ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ် ။
အချစ်လေးမျိုးအကြောင်း
အချစ်လေးမျိုးရှိတယ်တဲ့....
1. ego love
2. one sided love
3. blind love
4. true love
Ego love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....
အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီးပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...
One sided love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာတွေကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..
မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
Blind love
ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind loveဖြစ်နေပါပြီ...
ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးကကြာကြာမခံပါဘူး....
အချစ်တွေပျောက်သွားတဲ့အချိန်မှ...
ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
True love
နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love ကနည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... true love ကတော့ နှစ်တွေ ဘယ်လောက်ကြာကြာမပျောက်သွားတတ်ပါဘူး...အဲဒါကြောင့်...သူငယ်ချင်းတွေလဲချစ်မိပြီဆိုရင်...
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ.............
1. ego love
2. one sided love
3. blind love
4. true love
Ego love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေး
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိ
အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေ
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးေ
One sided love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်ေ
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာေ
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှ
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..
မကြာခင်မှာဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
Blind love
ဒီလိုအချစ်အမျိုးအစားကို...စိတ်
အချစ်မှာမျက်စိမရှိဘူးလို့ပြောေ
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေ
ဒါဆိုရင် blind loveဖြစ်နေပါပြီ...
ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်
ဒါပေမယ့် ဒီလိုအချစ်မျိုးကကြာကြာမခံပါဘူး
အချစ်တွေပျောက်သွားတဲ့အချိန်မှ.
ကိုယ်လုပ်မိတာတွေအတွက်..နောင်
True love
နောက်ဆုံးအမျိုးအစားပါ....မေတ္တာ
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွ
ဒီလိုအချစ်မျိုးကတော့....အင်
လူတစ်ယောက်ကို....တစ်ခြားဘာကို
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူ
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ..
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့လဲမှားတတ်ကြပါတယ်...ဆင်တာကို
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး.
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်သံ
အမလင်းလက်အေးရဲ့FWD MAILလေးပါကြိုက်နှစ်သက်လိုကူယူဖော်ပြပေးလိုက်ပ
Subscribe to:
Posts (Atom)