Friday, February 24, 2012

ငါသည်သာ ငမိုက်သား

ချစ်သူ၏ရင်ခွင် လှမ်းမြင်သော်လည်း မလျှောက်နိုင်ခဲ့
ချစ်တွေကို ပန်းလိုသီကုံး အလှဆုံးဖြစ်အောင် ဖူးပွင့်သော်လည်း မဆွတ်ခူးနိုင်ခဲ့
ဖြူစဉ်မေတ္တာ ပေးနေသော်လည်း မလှမ်းယူနိုင်ခဲ့
သူ၏သစ္စာ တည်နေသော်လည်း မစောင့်တည်ခဲ့
အကြိုက်ကိုဆောင် အလိုတော်ကျ နေပြသော်လည်း ဘ၀င်မကျခဲ့
ဘ၀ပန်းလေး ငြိုးစေကငြိုးစေ ပေးချူခွင့်ပေး အလေးမထားခဲ့
ပြီးပြည့်စုံမူ အစုစုတည် လိုဖွယ်မရှိ အချစ်တိဖြင့်
ငြိုညင်မူကင်း ပေးအပ်လိုက်လျှော ခွင့်လွတ်သည်းခံ အကြင်နာတွေပေး မမြင်ရှာခဲ့
"သို့ဖန်များကြောင့် ငါသည်သာ ငမိုက်သားနှယ်"
ဖြူစဉ် အချစ်မထိုက်လေရော့လော..............

ဆောင်းနှင်း

No comments:

Post a Comment